Author's Profile Photo

မြ (စံကားဝါမြေ)

29/04/2024

သားချော့တေး

1 min read
Life Style
General Knowledge
18 Again

? သားရေ ငိုသံတွေကို လမ်းခင်းပေးမှ မင်းရဲ့ နန်းတော်ကြီးဆီရောက်မယ်ဆိုရင် အဲဒီလမ်းကို မလျှောက်ပါနဲ့။

? မိုးလောက်ကြီးပဲ မြင့်နေပါစေ လူတွေရဲ့ပခုံးကို တက်နင်းပြီးမှ မင်းရဲ့ဘဝ အထက်တန်းကျမယ်ဆိုရင် အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

? မင်းဘဝယုံကြည်ချက်ကြောင့် ဘဝတွေပျက်မယ်၊ အိုးအိမ်တွေပျက်မယ်၊ မိသားစုရဲ့ ပျော်ရွှင်စရာ အနာဂတ်တွေလည်း ကြေကွဲပျက်စီးရမယ်ဆိုရင် အဲဒီယုံကြည်ချက်က်ိုလည်း မင်း အကောင်းအထည် မဖော်ပါနဲ့။

? မသိနားမလည်တဲ့လူတွေကို လှည့်စားပြီးမှ ဇိမ်ခံခွင့်ရမယ်ဆိုရင် အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောနဲ့။

? ရိုးသားဖြူစင်သူတွေကို တစ်ဖက်သတ်အနိုင်ယူပြီးမှ မင်းရဲ့သရဖူကို ရမယ်ဆိုရင်လည်း မင်း (လုံးဝ) မယူလေနဲ့။

? ဒီလောကကြီးမှာ သစ်သီးလေးတစ်လုံးသီးဖို့ အချိန်တွေအများကြီး ယူရတယ်။

? ပန်းကလေးတစ်ပွင့်ပွင့်ဖို့ အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်။

? မြေနီလမ်းဘေးက တောပန်းလေးတွေကအစ ဖြစ်လာပါတယ်။

? ဒုက္ခရောက်သူကို ဖေးကူမ
လူ့သိက္ခာကို စောင့်ရှောက်ကြ။

? အပြစ်ကင်းသူတိုင်းကို ချစ်ပါ။

"သားချော့တေး"လို့ ခေါင်းစဉ်တပ်ထားပေမယ့် အမိနိုင်ငံ‌တော်အတွင်း မှီတင်းနေထိုင်ကြသော အမျိုးကောင်းသား/အမျိုးကောင်းသမီးတွေအားလုံး လိုက်နာကျင့်သုံးကြရပါမယ်ရှင်။ စာသားအရ "သား"ဆိုရင် ပိုပြီးတော့ စာပေတင့်တယ်မှုရှိတာကြောင့် (သားချော့တေး)လို့ အမည်တပ်လိုက်ရခြင်း ဖြစ်ပါတယ်ရှင်။ ?


စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
29.4.2024(Monday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်