Author's Profile Photo

SarPhat Author

28/04/2024

စိတ်

1 min read
Life Style
စိတ်'s photo

စိတ်ဓာတ်ခွန်အားတိုးတက်ရန်အချိန်ပေးဖတ်ကြပါ

__________________________________________________

လူ့တစ်ယောက်ရဲ့ဘဝမှာအရေးကြီးဆုံးအချက်ကဘာလဲလို့မေးလာရင်လူတော်တော်များများကမှားဖြေကြလိမ့်မယ်။ပိုက်ဆံတို့၊ဂုဏ်သိက္ခာတို့၊အသက်စသည်ဖြင့်ဖြေကြမှာပါ။တကယ်တော့လူတစ်ယောက်ရဲ့ဘဝမှာအ‌ရေးပါဆုံးကစိတ်ပါပဲဗျာ။
ဘာလို့လဲဆိုတော့လူတစ်ယောက်ပြုလုပ်တဲ့ကောင်းခြင်းဆိုးခြင်းအားလုံးနီးပါးကစိတ်ပေါ်မှာမူတည်လို့ပါ။စိတ်ကြောင့်ကောင်းမှု၊မကောင်းမှုဖြစ်ပေါ်လာတယ်။ပြောရရင်ခံစားချက်အားလုံးကစိတ်ပေါ်မှာမူတည်လို့ပါ။စိတ်ကဆန္ဒရှိရင်လူကလုပ်တာများတယ်။လုပ်သင့်တာလုပ်ဖို့ရှက်တယ်၊မလုပ်သင့်တာလုပ်ဖို့ပျော်တယ်။ကျွန်တော့်ကိုအလယ်တန်းမှာသင်ပေးဘူးတဲ့ဆရာမ‌ပြောဆိုဆုံးမခဲ့တာလေးကိုပြန်ဝေမျှပါမယ်။လူ့စိတ်ကမကောင်းမှုမှာမွေ့လျော်တတ်ပါတယ်။အဲ့တော့စိတ်ကိုထိန်းချုပ်နိုင်ရင်‌အေးချမ်းပါတယ်။ဥပမာပေးရရင်၊ကိုယ်ကလူတစ်ယောက်ကိုချစ်မိသွားပြီဆိုပါစို့၊အဲလူကိုကိုယ်ကအရမ်းမျှော်လင့်ထားပြီးချစ်တဲ့အခါပူလောင်ရပါတယ်၊ကိုယ်ကမျှော်လင့်ချက်မထားဘဲနဲ့ချစ်ရင်တော့အေးချမ်းပါတယ်။ရှင်းအောင်ပြောရရင်မျှောင်လင့်ချက်မထားတဲ့အခါထိုသူ့ကိုကိုယ်ကသာလျှင်ပျော်ရွှင်အောင်လုပ်ပေးဖို့ဆန္ဒရှိပါတယ်။တကယ်လို့မျှော်လင့်ချက်နဲ့ချစ်မိပြီဆိုရင်သူကတစ်ယောက်ယောက်ကိုချစ်သွားမလား၊ငါ့ကိုပြန်ချစ်ပါ့မလားဆိုပြီးတွေးတောရပြီးစိတ်ပင်ပန်းရမှာပါ။လောကကြီးမှာဘယ်နေရာကိုပဲကြည့်ကြည့်အလင်းရှိ‌နေရင်တောင်မှအရိပ်ဆိုတဲ့အမှောင်လေးရှိလသိုလူတိုင်းလည်းအပြစ်ကင်းစင်မနေပါဘူး။အနည်းနဲ့အများပဲကွာမှာပါ။လူတစ်ချို့ရဲ့အားနည်းချက်တွေ့တဲ့အခါလှောင်ရီတာထက်စာရင်ဖေးမသင့်ပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့ကလဲအဲဒီအားနည်းချက်ကိုလိုချင်လို့ယူထားတာမှမဟုတ်တာ။လူတွေကကိုယ့်ကိုယ်ကိုစွန့်ပစ်ကြတယ်။ဘယ်လိုမျိုးလဲဆိုတော့သူတို့အားငယ်တဲ့အချိန်ပတ်ဝန်းကျင်ရဲ့လှောင်ရယ်သံတွေကြားရတဲ့အခါနာကျင်ကနေနာကျဉ်းမုန်းတီးမှုတွေအဖြစ်ပြောင်းလဲသွားကြတယ်၊အဲကနေပြီးပိုဆိုးတာကသူတို့ကအရမ်းလူတွေဂရုစိုက်တာခံချင်လာရော။ဒီလိုနဲ့ကောင်းတာတွေရောဆိုးတာတွေရောလုပ်လာပါတယ်။လူငယ်တစ်ယောက်ကအဲလိုမျိုးအချိန်ရောက်လာရင်မကောင်းတဲ့ဘက်ရောက်ကြတာများပါတယ်ဆိုပါတော့။မူးယစ်ဆေးဝါးတွေသုံးပြီးစိတ်ထွက်ပေါက်ရှာတယ်။အစလုပ်မိတဲ့အခါအနာဂတ်လမ်းဖြောင့်‌ဖြူးနေရာကနေလူ့ဘဝနိဂုန်းချုပ်တဲ့အထိဖြစ်နိုင်ပါတယ်။အဲ့တော့ဗျာပတ်ဝန်းကျင်ကလည်းတကယ့်နာကျင်မှုကိုမှနားမလည်တာနာကျင်မှုကအစစ်ကိုဘယ်တော့မှသိလာမှာမဟုတ်ဘူးလေ။ဒါကြောင့်မိုလို့မိမိစိတ်မှာအရှုံးမပေးတဲ့စိတ်ကလေးတစ်ခုထည့်ထားပြီးကြိုးစားကြပါလူငယ်တို့။အနာဂတ်မှာနိုင်ငံ့ခေါင်းဆောင်လည်းဖြစ်နိုင်တယ်သိပ္ပံပညာရှင်လည်းဖြစ်လာနိုင်တယ်ဘာမဆိုကွာမင်းဆန္ဒရှိတာဘာမဆိုဖြစ်လာနိုင်တယ်။ဒါပေမယ့်မင်းတို့ကတော့အရှုံးမပေးတတ်တဲ့စိတ်နဲ့ကြိုးစားရမယ်။အောင်မြင်လာတဲ့အခါရောက်ရင်ကိုယ့်ကိုနှိမ့်ချဆက်ဆံတဲ့လူတွေရှေ့သွားပြီးတချိန်မင်းတို့နှိမ်ခဲ့တဲ့ကောင်းကမင်းတို့ထက်အောင်မြင်စွာနဲ့မင်းတို့ရှေ့မှာရပ်နေတယ်ဆိုပြီးအော်ပြစ်လိုက်။ဒါပေမယ့်သူတို့ကိုမမုန်းနဲ့ဘာကြောင့်လဲဆိုတော့သူတို့လိုလူတွေကြောင့်မင်းအောင်မြင်လာတာပဲ။အရှုံးဆိုတာအောင်မြင်မှုလမ်းစပဲ။အရှုံးမပေးဘဲနဲ့မှန်မှန်ကြိုးစားနေရုံပဲကွာ။အောင်မြင်ဖို့အတွက်စိတ်ဓာတ်ခွန်အားရှိဖို့ပဲလိုတာပါကွာ။

အမှားပါရင်ခွင့်လွှတ်ကြပါဗျာ။အကြံပြုလိုမေးမြန်းဆက်သွယ်လို့ပါကအောက်ပါဖုန်းနံပတ်ကိုtelegramကဆက်သွယ်လိုက်ပါ။
09447406223

လေးစားစွာဖြင့်Sanpai

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)