SarPhat Author
ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓလမ်းစဥ် ကွဲပြားပုံ...
စကားစုတစ်ခုမှာ စကားလုံးတစ်ခုချင်းစီရဲ့ အနက်အဓိပ္ပာယ်က အရေးပါတယ်ဆိုတဲ့ ထုံးစံအတိုင်း "ဘာသာ" ဆိုတာဘာလဲ အရင်ပြောရအောင် ဘာသာဆိုတာ ကျင့်ထုံး၊ဝတ်နည်း၊လမ်းစဥ်၊ရည်ရွယ်ချက် ဆိုတဲ့အရာတွေနဲ့ အစီအစဥ်တကျ ဖွဲ့စည်းထားတဲ့ compound တစ်ခုလိုပါပဲ၊ လူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ၊ ကြောင့်ကြမှုတွေ၊တောင့်တမှုတွေ၊မသိခြင်းတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့အရာဆိုရင်လည်းမမှားပါဘူး၊ ဆိုတော့ ဘာသာတရားဆိုတာ လူတွေ ဖန်တီးထားတာလို့ ဆိုနိုင်တာပေါ့။
ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတော်တော်များများမှာ တူညီတဲ့ တစ်ချက်ရှိတယ် အဲ့တာဘာလဲဆိုရင် ယုံကြည်ရမယ် ကိုးကွယ်ရမယ်ဆိုတာပါ၊ မိရိုးဖလာထုံးတမ်းအစဥ်အလာလိုမျိုး လက်ဆင့်ကမ်းပြီး ယုံကြည်ကိုးကွယ်တာ၊ အားထားတာ ဘာသာရေးပါ။
ဗုဒ္ဓဘာသာဆိုတာကလည်း အဲ့လိုပဲ ဗုဒ္ဓဟောခဲ့ပြောခဲ့တဲ့တရားတွေ ကျင့်စဥ်တွေကို အသေအချာပြဌာန်းတဲ့ ဌာနေတစ်ခု တနည်းအားဖြင့် ဘာသာတစ်ခုပေါ့။ ဘာသာရေးဆိုတာနဲ့ အထက်ကပြောခဲ့တဲ့ ကိုးကွယ်တာ ယုံကြည်တာတွေ ပါသွားပြီ။ ဗုဒ္ဓလမ်းစဥ်ဆိုတာနဲ့က အဲ့မှာ စကွဲသွားပါပြီ။
ဗုဒ္ဓရဲ့လမ်းစဥ်မှာက ယုံကြည်ရမယ်၊ကိုးကွယ်ရမယ် ဆိုတာတွေ လားလားမျှ မပါပါဘူး။ ဒါဖြစ်ချင်ရင် ဒါလုပ်၊ ဒီလိုလုပ်ရင်တော့ ဒီလိုဖြစ်မယ် ဆိုတာ ညွှန်ပြတဲ့ ဆိုတဲ့ လမ်းစဥ်ကျင့်စဥ် ပါ၊ ကွန်ဖြူးရှပ်တို့ ဘာတို့နဲ့ ဥပမာ ပြရင်ဝေးနေအုံးမယ်၊ ဘာနဲ့သွားတူတုံးဆိုရင် ဆိုရှယ်မီဒီယာပေါ် လိုင်းပေါ်တွေမှာ Life Coach ဆိုပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှပြီး သင်ပေးနေကြတဲ့ သူတွေနဲ့ သဏ္ဍာန်တူပါတယ်။ ဗုဒ္ဓကလည်း အဲ့လိုပါပဲ ဗုဒ္ဓကိုကိုယ်တိုင်က 'Teacher' တစ်ယောက် ဖြစ်ပြီး သူ့လမ်းစဥ်နောက်လိုက်တဲ့ ကျွန်တော်တို့တွေက သူ့ရဲ့ 'Followers' တွေပါပဲ ဗုဒ္ဓဟောခဲ့တဲ့တရားတွေကလည်း သူ့ဘာသာဖန်တီး ပြောဆိုတာမဟုတ်ဘဲ သူ့အတွေ့အကြုံကနေ ဆင်ခြင်ပြီးသိရှိလာတာတွေကို တစ်ဆင့် ပြန်လည်မျှဝေတဲ့ သဘောပါ။ ဗုဒ္ဓနဲ့ တစ်ခေတ်ထဲ ပေါ်ခဲ့တဲ့ တရုတ်အတွေးအခေါ်ပညာရှင် ဆွန်ဇူးတို့ ကွန်ဖြူးရှပ် တို့လိုပါပဲ သူ့ရဲ့ရဲ့ ဘဝနေနည်းလမ်းစဥ်တွေက ခေတ်အဆက်ဆက် မပျက်သုန်းဘဲ အခုထိရှိနေသေးတာ ဖြစ်ပါတယ်။ ဗုဒ္ဓက သူတို့ထက် ပိုပြီး လွှမ်းမိုးမှု ရှိတာတော့ အမှန်ပဲ တရုတ်ပြည်မှာ ဘာသာတစ်ရပ်အနေနဲ့ ကိုးကွယ်တာကြောင့်မလို့ပါ၊ စိတ်မကောင်းစရာက ဗုဒ္ဓက ကိုးကွယ်ဖို့ထက် ကျင့်ကြံနေထိုင်ဖို့ပဲ ပြောခဲ့တာပါ အနောက်တိုင်းက သိပ္ပံမှာပညာရှင်နဲ့ အတွေးအခေါ်ပညာရှင်အချို့ဆိုရင် 'ဗုဒ္ဓဘာသာ'ဆိုပြီး ဘာသာကြီးတစ်ရပ်အနေနဲ့တောင် သမုတ်ကြတာမဟုတ်ပါဘူး။ "A Habit Of Lifestyle" ဆိုပြီးဘဝနေနည်း လမ်းညွှန်တဲ့ ကျင့်စဥ်တစ်ခုအနေနဲ့ပဲ သတ်မှတ်ကြပါတယ်။ လူတွေနားလည်လွယ်အောင် 'ဘာသာ' ဆိုပြီး အမည်တပ်ရာကနေ ဘာသာရေးနဲ့ပတ်သတ်တဲ့ ဓလေ့ထုံးတမ်းတွေပါလာပြီး ဗုဒ္ဓလလမ်းစဥ်ဆိုတာက တဖြည်းဖြည်းတိမ်ကောလာတာပဲ ဖြစ်ပါတယ်။ အခုလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာနဲ့ ဗုဒ္ဓလမ်းစဥ် အနည်းငယ်ကွဲပြားကြောင်း သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။
Keep Reading