SarPhat Author
POWER တစ်ခုတည်ဆောက်နည်း (or) အများက လေးစားအောင်နေထိုင်နည်း........
အနောက်တိုင်း စူးစမ်းလေ့လာရေးပညာရှင်တွေရဲ့ သူတေသနအချို့နဲ့ ကမ္ဘာကျော် "The 48 Laws of POWER" စာအုပ်မှ ကိုးကားတင်ပြသည်။
ကျွန်တော့်အနေနဲ့ အဓိကအချက်အလက် ၅ ချက်ကိုပဲ အတိုချုန်း ပြောပြပေးသွားပါမယ်။ ဒီအကြောင်းမပြောခင် Power ဆိုတာဘာလဲ အရင်သိအောင်ပြောရပါမယ် မဟုတ်ရင် အောက်က ကျွန်တော်ပြောမယ့် အချက်အလက်တွေအတိုင်းလိုက်ပြီး လုပ်နေမစိုးလို့ပါ အာ့ဆိုဘာလို့ရေးနေသေးလဲ မေးစရာရှိပါတယ် ကျွန်တော်ပြောချင်တာကအဲ့လိုမဟုတ်ပါဘူး power လိုချင်ရင်တော့ မိတ်ဆွေ လိုက်လုပ်ရပါလိမ့်မယ် ဒါပေမယ့် power အကြောင်းသိပြီးမှပါ။အဲ့တော့ အခုကျွန်တော်ပြောမယ့်ဟာတွေ ဖတ်ပြီးမှ အောက်ကဟာတွေ ဆက်ဖတ်ဖို့ ပြောချင်ပါတယ်။
"Authentic Power is the Value"
လူတစ်ယောက်ရဲ့ power အစစ်အမှန် "Authentic Power" ဆိုတာ သူ့ရဲ့ ဖြစ်တည်မှုနဲ့ တန်ဖိုးကနေ လာတာပါ။ ပြောချင်တာက ဟန်ဆောင်ပြီးနေတာ ပုံပေါ်အောင်နေတာမဟုတ်ဘဲ မိမိရဲ့ဖြစ်တည်မှုကိုပဲ အကောင်းဆုံးဖြစ်အောင်နေတာမျိုးကို ဆိုလိုတာပါ ၊ Power တည်ဆောက်ဖို့ဆိုရင် ကျွန်တော်တို့ဆီမှ အရင်ဦးဆုံး တန်ဖိုးတစ်ခု ရှိနေရပါမယ် ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ကိုယ်က အနေအထားတစ်ခုရောက်နေရပါမယ် အဲ့တာဆိုရင်တော့ ပြောပြလို့ရပါပြီ။
No.1
Stay Silence....
တစ်ခါတလေ ပြဿနာတွေက ဖာတန်းမီးလောင်သလိုမျိုး ထိန်းချုပ်လို့ မရတဲ့အခါတွေကြုံလာတတ်တယ်၊အဲ့တာက ကိုယ်နဲ့အရင်းနှီးဆုံး ကိုယ်ချစ်ခင်ရတဲ့သူတွေဆီကနေဖြစ်နိုင်သလို ကိုယ်နဲ့သွေးမတော် သားမစပ်တဲ့ လုပ်ငန်းသဘောအရဆက်ဆံရတဲ့လူတွေနဲ့လည်း ပြဿနာတတ်ရတာမျိုးတွေ ဖြစ်တတ်တယ်၊ အဲ့အချိန်မျိုးမှာ ကျွန်တော်တို့ ပထမဆုံးလုပ်ရမှာ Calm Down ပဲ ကျွန်တော်တို့ စိတ်ကိုလျှော့နိုင်သမျှ လျှော့ထားရမယ် သည်းမခံနိုင်တာထက်ကျော်လွန်ပြီး သည်းခံမှ မဖြစ်သင့်တာတွေမဖြစ်လာမှာ၊ နောက်ပြီး အခြေအနေတွေ ရှုပ်ထွေးနေတဲ့အခါမျိုး ဥပမာ- စကားဝိုင်းတွေမှာ သူသိငါတတ်တွေ ဆရာ့ဆရာကြီးတွေ တစ်ယောက်တစ်ပေါက်နဲ့ ပြောနေကြတဲ့အခါမျိုး ငြင်းခုံနေကြတဲ့အခါမျိုးမှာ အမှန်တရားကို ကိုယ်သိနေရင်တောင် ဝင်မပြောပါနဲ့ သူတို့ပြဿနာထဲဝင်မပါပါနဲ့ ခင်ဗျားပြောတဲ့ဟာကို သူတို့နားဝင်မှာ မဟုတ်ပါဘူး အဲ့အခြေအနေမှာ သူတို့က ငြင်းဖို့လက်မခံဖို့ပဲသိမှာပါ၊ အခုပြောတဲ့ အခြေအနေတွေမှ မဟုတ်ဘူး တခြားဘာနဲ့မှဖြေရှင်းလို့မရတဲ့ ပြဿနာတွေနဲ့ ကြုံလားရင်လည်း "Stay Silence" စကားနည်းရင် အမှားနည်းတယ်။
No.2
Don't response immediately
ဒီအချက်ကိုမသုံးခင်အပေါ်မှာ ကျွန်တော်ပြောခဲ့သလို ကိုယ်ကိုယ်တိုင်က အနေအထားတစ်ခုရှိနေဖို့ လိုပါမယ် ဘာလို့လဲ ဆိုတော့ လူလူချင်းဆက်ဆံရတဲ့အခါ ဒီအချက်က မာနကို ထိခိုက်စေလို့ပါ ၊ ဘော်ဒါတွေအချင်းချင်းကြားမှာ သုံးတာထက် လုပ်ငန်းခွင် အထက်အောက် ဆက်ဆံရေးမျိုးမှာ သုံးတာက ပိုအဆင်ပြေပါမယ် ၊ "ချက်ချင်း မတုန့်ပြန်နဲ့ " ဆိုတာက ကိုယ့်ကိုရန်လာစတဲ့ အခါမျိုး ဗလိုင်းကြီးပြဿနာရှာလာတဲ့ အခါမျိုးမှာတင် မဟုတ်ဘဲ ကိုယ့်ကိုမေးခွန်းတစ်ခု လာမေးရင် ဒါမှမဟုတ် ကိုဟ့်နာမည်ခေါ် လိုက်တဲ့အခါမျိုးမှာ " အော်..အဲ...ဟိုဟာလေ..အင်း..ဟုတ်တယ်..ဟုတ်တယ်.." စသဖြင့် အဲ့လိုအာမေဍိတ်တွေနဲ့ ဂနာမငြိမ်ဘဲ ချက်ချင်း အလျင်စလို တုန့်ပြန်တာမျိုးကို ပြောတာပါ
No.3
Face with Eyes and Speak Slowly
ဒါကတော့ စကားပြောတဲ့နေရာမှာ သုံးသင့်တဲ့အချက်ပါ အရေးကြီးတဲ့ စကားဝိုင်းတွေမှာ ကိုယ်ပြောချင်တဲ့ အချက်အလက်နဲ့ စကားလုံးတွေကို ကိုယ်နဲ့ စကားအတူတူပြောနေတဲ့သူတွေ ဒါမှမဟုတ် ကိုယ့်ရဲ့ရန်သူတွေရဲ့ မျက်လုံးတွေကို သေချာစူးစိုက်ကြည့်ပြီး ဖြည်းဖြည်းနဲ့မှန်မှန် ယုံကြည်မှုရှိရှိ ပြောရမှာပါ ၊ လူမိုက်တွေလိုမျိုး မိုက်ကြေးခွဲတဲ့ မခိုးမခန့်အကြည့်မျိုးနဲ့ စိုက်ကြည့်ခိုင်းတာ မဟုတ်ပါဘူး အဲ့တာမျိုးက လူရမ်းကားတွေရဲ့ အကြည့်ပါ ကျွန်တော်တို့က Smart ဖြစ်ရပါမယ် တစ်ဖက်လူက ကိုယ့်ရဲ့ရန်သူဖြစ်နေပြီး မလေးစားရင်တောင် ကိုယ်ကတည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်ရပါမယ် တစ်ဖက်လူက မိတ်ဆွေဖြစ်နေရင်လည်း ကိုယ့်ရဲ့အကြည့်က ယုံကြည်မှုပြည့်ဝနေတာမို့ ခင်ဗျားကို လေးစားမှာအမှန်ပါ။
No.4 နဲ့ No5 ကိုနောက်တစ်ခေါက်ကျရင် ဖော်ပြပေးသွားပါမယ်။
Keep Reading