SarPhat Author
လူတစ်ယောက်မှာ စိတ်ရဲ့အကြည်ဓာတ်၊ ရုပ်ရဲ့အကြည်ဓာတ်ဆိုပြီး(၂)မျိုးရှိပါတယ်။
အကြည်ဓာတ်နှစ်မျိုးထဲကနေမှ စိတ်ရဲ့အကြည်ဓာတ်ဆိုတာကို အရင်ဆုံး သိသလောက်လေးပြောပြချင်ပါတယ်
ကိုယ်မဟုတ်တဲ့အခြားတစ်စုံတစ်ယောက်အပေါ်မှာ မကောင်းစိတ်မထားဘဲ ငါသာသူ့နေရာမှာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်ထားတတ်သူကို စိတ်အကြည်ဓာတ်ရှိသူလို့ သတ်မှတ်နိုင်ပါတယ်
စိတ်ထားကောင်းတဲ့လူတစ်ယောက်က အခက်အခဲတွေကြုံတွေ့ရရင်တောင် အကြောင်းအမျိုးမျိုးနဲ့ ကူညီမယ့်လူတွေပေါ်ပေါက်လာတတ်ပါတယ်
ဘယ်သူမှမကူညီရင်တောင် သူ့အကြောင်းနဲ့သူအဆင်ပြေသွားစေတတ်ပါတယ်။
ဒါကတော့ စိတ်ထားတတ်မှရမယ့် စိတ်အကြည်ဓာတ်ရဲ့အကြောင်းလေးပါ။
စိတ်အကြည်ဓာတ်အကြောင်းလေးပြောပြပြီးချိန်မှာတော့ ရုပ်အကြည်ဓာတ်ဆိုတာလေးကိုပြောပြချင်ပါတယ်
ရုပ်အကြည်ဓာတ်ရဲ့ အခရာအကျဆုံးကတော့အပြုံးပါ။
အစဉ်အမြဲအပြုံးပန်းလေးပွင့်လန်းနေသူတစ်ယောက်က လူချစ်လူခင်ပေါတတ်ပါတယ်
"သူ့ကိုကြည့်လိုက်ရင် ပြုံးနေတာပဲ"ဆိုတဲ့မှတ်ချက်လေးတွေရတတ်ပါတယ်
ကိုယ်နဲ့မသိတဲ့သူစိမ်းတစ်ယောက်ကိုတောင် အပြုံးလေးတစ်ခုနဲ့ မိတ်ဆွေဖွဲ့နိုင်ပါတယ်(ပြုံးတာပါ၊ ဖြီးတာနဲ့မတူပါ)
လူတွေက အမြဲခပ်ထန်တင်းမာနေတဲ့သူတွေထက် မျက်နှာချိုတဲ့သူတွေကိုပိုပြီးလိုလားနှစ်သက်ကြပါတယ်
ကိုယ့်ရဲ့အပြုံးက စစ်မှန်တဲ့အပြုံးတစ်ခုဖြစ်ဖို့တော့လိုပါတယ်
ဒါကြောင့်...လောကမှာအလှဆုံးနဲ့ တန်ဖိုးဖြတ်မရတဲ့အရာတွေကိုဖော်ပြပါဆိုရင်
- မာနကင်းတဲ့ချစ်ခြင်းမေတ္တာရယ်
- စိတ်အကြည်ဓာတ်ရှိသူရဲ့မျက်နှာပေါ်က အပြုံးလေးရယ် လို့ ဖော်ပြမိမှာပါပဲ။
#T.Kyi
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းကို နှလုံးသားဖြင့်ကျေးဇူးတင်ပါတယ်ရှင်။
Keep Reading