Author's Profile Photo

Sam Myu Ter

28/04/2024

Every day is my Father's day

4 mins read
Life Style
Art
18 Again
Every day is my Father's day's photo
သမီးမိန်းကလေးတိုင်းရဲ့ "အချစ်ဦး"ဆိုတာနဲ့ ပြေးမြင်မိမှာ "ဖေဖေ""ဆိုတဲ့ နာမ်စားလေးတစ်ခုပေါ့..။
ကို့ ဖေဖေနဲ့မေမေအိမ်ထောင်ကျတော့ အသက်အားဖြင့် ၁၈ ၊၁၉အရွယ်လောက်ပဲရှိသေးတယ်။ သားဦးကို အသက်နှစ်ဆယ်ကျော်လေးမှာ ရခဲ့တာဆိုတော့ ကလေးက ကလေးကိုပြန်ထိန်းသလိုဖြစ်ခဲ့ပီး တအားအလိုမလိုက်ခဲ့ဘူး။ ဆိုးမစရာရှိ ဒုတ်နဲ့ ဆုံးမခဲ့ပီး တအားအရိုက်ကြမ်းခဲ့တယ်တဲ့။ ကလေးသာသာအရွယ်မှာ emotional မထိန်းနိုင်တော့ ဆုံးမမှုနည်းမကျခဲ့တာကြောင့် သားဦးဖြစ်တဲ့ ကို့ရဲ့အကိုမှာ လုံးဝအငုံစိတ်ဝင်သွားခဲ့ပီး ဉာဏ်ရည်ဉာဏ်သေွးမဖွံ့ဖြိုးပြီး‌ေတာ့ကျောင်းစာတွေဘာတွေမှာပါ ညံ့ခဲ့တယ်။ အကိုမွေးပီး သုံးနှစ်အကြာမှာ ကို့ကိုမွေးခဲ့တဲ့အခါမှာ လူဝင်စားတဲ့ယဉ်ကျေးမှုကို ယုံကြည်ကြတဲ့သူတွေဖြစ်တဲ့အတွက် ကို့ကို သူ့အဖေ ဝင်စားပါတယ်ဆိုပီး လက်ဖျားနဲ့တောင်မထိ ဖူးဖူးမှုတ်ထားခဲ့တယ်။

ဖေဖေက သူ့မိသားစုမှာ အမ ငါးယောက်ရပီးမှ သူ့ကိုမွေးတာဆိုတော့ယောက်ျားလေးတအားလိုချင်တဲ့ ဖေဖေရဲ့ အဖေဟာ ဖေဖေ့ကိုတအားချစ်ပီး ဘယ်သွားသွား ခေါ်သွားတတ်တာ။ သူ့ဘဝမှာ သူ့ရဲ့ဖေဖေဟာ
သူ့အတွက် ဘုရင်ကြီးတစ်ပါးပဲ အရမ်းချစ်ခဲ့တာဆိုတော့ ကို့ကိုသူ့အဖေဝင်စားတယ်ဆိုပီး လုံးဝချစ်ပေးတာ ။ ဆုံးမစရာရှိ နားဝင်အောင်ပါးစပ်နဲ့ပဲပြောပြီးဒုတ်မသုံးခဲ့တော့ ကိုက လုံးဝအငုံ့စိတ်မရှိခဲ့ ဘူး။ အကျိုးရလဒ်အနေနဲ့ ဉာဏ်ရည်သွေး တိုးတက်ခဲ့ပီး ကျောင်းစာတွေမှာပါ တော်တော့ ဖေဖေအသိတရားတစ်ခုရသွားခဲ့ပီး ကို့ေအာက်ကအငယ်နှစ်ယောက်ကိုပါ လက်ဖျားနဲ့မထိတော့ဘူး ။ ကလေးမချစ်တတ်တဲ့ ဖေဖေက တစ်ခြားကလေးတွေတွေ့တိုင်း ယောက်ျားလေးဆိုနည်းနည်းချစ်သေးတယ် မိန်းက‌ေလးဆို ငါ့သမီးကလွဲ မချီဖူးသလို မချစ်ဘူးတဲ့ အမြဲကြွေးကြော်ခဲ့တာ။ အမေတွေက သားတွေကိုပိုပိုကဲကဲရှိသလို အဖေတွေကလည်း သမီးမိန်းကလေး ပိုပိုကဲကဲရှိတာ လောကနိယာမ တစ်ခုလိုတောင်ဖြစ်နေပီ...။

မှတ်မိစအရွယ်ထဲက အိပ်တာတောင် ဖေဖေနဲ့ပဲအိပ်ဖူးတော့ အမေလုပ်သူနဲ့ closed မဖြစ်ပဲ ဖေဖေမှဖေဖေပဲ။ သူငယ်တန်းစတက်‌ေတာ့စာမေးပွဲဖြေဖို့ လိုက်ပို့တော့ကို့ကို ပြိုင်ဘီး ဘားတန်းပေါ်တင် ရင်ခွင်ထဲထည့်နင်းခဲ့တဲ့အချိန်ဟာ လောကကြီးကို အပိုင်စားရသွားသလို ခံစားရစေတဲ့နွေးထွေးခဲ့တဲ့အချိန်တွေ သိပ်သဘောကျပြီးပျော်ခဲ့တာ။ ကျောင်းပိတ်ရက် သူအားချိန်ဆို ကမ်းနားက လက်ဖက်ရည်ဆိုင်သွား ပူမှာဆိုးလို့ လက်ဖက်ရည်ခံတဲ့ပန်းကန်ပြားလေးပေါ်လက်ဖက်ရည်ငှဲ့တိုက်ခဲ့တာတွေ ၊ မသောက်ချင်ရင် VeVeပင်မှည့်‌ေဖျာ်ရည်ဘူးလေး(အဲ့အချိန် က တစ်ဘူးနှစ်ရာပဲရှိ)တိုက်ခဲ့တဲ့အချိန်တွေ ပြန်တွေးမိတိုင်း လက်လက်ဆက်ဆက်ရှိနေခဲ့တယ်။ ကျောင်းတက်မုန့်ဖိုးပေးရင် တစ်နေ့မုန့်ဖိုး၅၀ပဲပေးရမယ်ဆိုတဲ့ အမေကြီးရဲ့စည်းကမ်းအောက်မှာ သောကြာနေ့တိုင်း မုန့်ဖိုး၁၀၀ခိုးပေးခဲ့တဲ့ ဖေဖေကြောင့် သိပ်ပျော်ရွှင်ခဲ့ရတယ်။ မိသားစုအရေး ထမ်းဆောင်ရင်း ရပ်ရွာအရေးဝင်ထမ်းပီး အဖွဲ့ဝင်လုပ်ခဲ့တဲ့ ဖေဖေဟာ ၂၀၀၈နာဂစ်မုန်တိုင်း အပီးပြန်လည်ထူထောင်ရေးတွေလုပ်ချိန်မှာ ဝေခြမ်းရေးပစ္စည်းတွေ လာဘ်စားပါတယ်ဆိုပီး အခြားမိသားစုတစ်ခုရဲ့ ချောက်ချတိုင်တန်းခြင်းကြောင့် ထောင်ကျခဲ့ရတယ်။ သူ့အထက်လူကြီးရဲ့ နဲ့ အတွင်းရေးမှူးရဲ့အပြစ်တွေပါခေါင်းခံသွားခဲ့ပြီး မိသားစုရှေ့မှာ လက်ထိပ်နဲ့ဖမ်းခေါ်တာမမြင်စေချင်လို့ သူ့ကိုဖမ်းမယ်ဆိုတဲ့ သတင်းကြားထဲက ကိုယ်တိုင်မြို့တက်ပီး အဖမ်းခံခဲ့ရှာတယ်။ ဖေဖေနဲ့အမြဲအတူအိပ်တဲ့ ကိုယ်ဟာ ဖေဖေပြန်လာမယ်ထင်ပြီး ညတိုင်းထိုင်စောင့်ခဲ့မိတာပေါ့ ။ TVထဲမှာမြင်နေကြ လူဆိုးတွေ ထောင်ကျတာကိုပဲ မြင်ဖူးတဲ့ကိုယ်က ငါ့ဖေဖေကလူဆိုးမဟုတ်ဘဲ ဘာလို့ထောင်ကျလဲဆို ပီး လုံးဝကမ္ဘာ ပျက်ခဲ့ရတာပေါ့။ အဲ့အချိန်မှာ ကလေးအတွေးနဲ့ ကြီးလာရင် ရှေ့နေလုပ်ပီး ငါ့အဖေလိုမတရားခံရရင် ကွယ်ပေးမယ်ဆိုပီး ပျင်းပြတဲ့စိတ်တွေဖြစ်ခဲ့မိတယ်။ မေကြီးကတော့ သင်ပေးရှာတယ် ဝဋ်ရှိလို့ခံရတာ၊ မေတ္တာသာပို့ပေးတဲ့ မေတ္တာမှန်ရင် မေတ္တာစူးတတ်တယ်တဲ့၊ဝဋ်ပြန်မခံရ‌ေစနဲ့သာ ဆုတောင်းပေးပါတဲ့။ ဖေဖေမရှိချိန် မေမေက စီးပွားရေး ဦးဆောင်လုပ်ရပီး ‌ကိုတို့မောင်နှမတစ်တွေက အမေ့ဘက်က အဖိုးအဖွားအိမ်မှာ ကပ်နေခဲ့ရတယ်။ အကိုကြီးဆုံးက အတန်းကြီးမလို့ တစ်ခြားမှာသွားတက်နေရတော့ ကျန်ခဲ့တဲ့ မောင်နှမသုံးယောက်က ဧည့်ခန်းရဲ့ ကွပ်ပျစ်အနိမ့်လေးပေါ်မှာ အတူအိပ်ခဲ့ရတယ်။ အဖေတစ်ကွဲ အမေတစ်ကွဲနဲ့ အပူအပင်ကင်းကင်းနဲ့ လူမမယ်အရွယ်မြေးသုံးဦး အတူအိပ်နေတာကိုကြည့်ပီး စိတ်မကောင်းလို့ ညတိုင်းချော့သိပ်ပေးတဲ့အမေကြီးကို ပြန်နှစ်သိမ့်ပေးနေရှာတဲ့ အဘကိုလည်း မြင်ကွင်းထဲက မထွက်သေးဘူး။ မိုးကြိုးမုန်တိုင်းရှိလို့ မိုးကြိုးတွေ ကြောက်စရာကောင်းအောင်တစ်အားခြိမ်းတဲ့ ညတစ်ညမှာ ဘက်ထရီမီးချောင်းကအစ ဖယောင်းတိုင်မထွန်းရဲလို့ ကြောက်နေရှာတဲ့ မြေးသုံးယောက်ကို အဘက လာချော့ပီး မိုးခြိမ်းသံတွေလိုလိုက်အော်ပီး မကြောက်အောင် ထိန်းပေးရှာခဲ့တယ် ။ မိုးခြိမ်းသံကြားရင် ခုထိ ဟန်မဆောင်နိုင်အောင် ကြောက်တတ်တဲ့ကိုယ်ဟာ အဲ့ဒီအခိုက်အတန့်လေး ပြန်တွေးပီး စိတ်အားတင်းရတုန်းပဲ။ ဖေဖေထောင်ကျနေချိန်တစ်ခါတစ်လေ သူငယ်ချင်းအိမ်မှာသွားနေခဲ့တာကို မေမေကဆူတယ် နင့်အဖေသိရင်ကြိုက်မှာမဟုတ်ဘူးတဲ့။ သူငယ်ချင်းကပြောတယ် နင့်အဖေမကြိုက်ဘူးလား ငါဆိုငါ့အဖေစိတ်အကုန်သိတယ်တဲ့ နင်မသိဘူးလားမေးတော့ ဖြေစရာစကားမရှိခဲ့ဘူး ငါမှနင့်လို အတူအကြာကြီးမနေခဲ့ရတာလို့လည်း ပြောမထွက်ခဲ့ဘူး..။

ရွာမှာ ကထိန်ရာသီရောက်တိုင်းတစ်နှစ်တစ်ခါ အဝတ်အစားအသစ်ဝယ်ပေးတတ်တဲ့အမေက နှစ်တိုင်းမိုးပြာရောင်တွေပဲဝယ်ပေးခဲ့တာ။ ဖေဖေ့ကို ထောင်ဝင်စာ သွားတွေ့ချိန် မြင်ရတဲ့ထောင်ဝတ်စုံဟာ မြင်နေကျ အဖြူရောင်တွေအစား ပုဆိုးအပြာရင့်ရောင်နဲ့ အင်္ကျီမိုးပြာဖျော့ရောင် ပြောင်းလိုက်တဲ့အချိန်ကစပီး မေမေဟာ ကိုယ့်ကိုမိုးပြာဖျော့ရောင်လေးတွေ မဆင်ခဲ့တော့ပါဘူး။ တစ်ခါတစ်လေ စာတွေရေးပို့တယ် "သမီး‌ ဖေဖေ့ကိုလည်း စာရေးပါဦး"ဆိုတဲ့စကားကြောင့် ‌အိမ်ရဲ့အပေါ်ထပ်ကိုသွား ဖေဖေ့အတွက် စာရေးရင်း ခိုးခိုးငိုခဲ့ရတယ်။ လက်သည်းအရှည်ကိုလက်သူကြွယ်တစ်ခုထဲထားပီး သမီးလုပ်သူက တစ်ယုတယနဲ့ သဘောတကျကိုင်မှန်းသိတော့ လက်သူကြွယ်လက်သည်းလေးအရှည်ထား
တစ်လက်မခွဲအရွယ်လောက်ဆို ညှပ်ပီး အမြဲပို့ပေးခဲ့တယ် ။သမီးနားမှာ ဖေဖေအမြဲရှိတယ်ဆိုတဲ့ စိတ်ဖြစ်အောင်လို့ တဲ့။ တစ်ရက်မှာ သားနဲ့သမီးကို တွေ့ချင်လို့ဆိုပီး ဖေဖေ့ညီ ဦးလေးတို့လင်မယားနဲ့ မောင်နှမနှစ်ယောက်သွားတွေ့ခဲ့တယ်။ တစ်ဖက်သံဇကာကွက်ကြားကနေ ဖေဖေ့ကိုမြင်ရချိန်မှာ စည်းခြားနေတဲ့ သံဇကာကွက်ကြီးကို တအားမုန်းခဲ့တာပဲ။ငိုမိမှာစိုးလို့ တစ်ဖက်ကိုမျက်နှာလွှဲနေရင်းကြားထဲ ကျလာတဲ့မျက်ရည်စတွေကို အကိုလုပ်သူ ကသုတ်ပေးပီး နှစ်သိမ့်ပေးရှာခဲ့တယ် သူကိုယ်တိုင်မှာလည်း မျက်ရည်စတွေနဲ့။ ဖေဖေ့တွေ့ပီးပြန်လာတော့ တူးရီးလေးယောက်မှာ ကားခလေးထောင်ပဲကျန်တော့လို့ ကားသမားနဲ့စပါယ်ယာကို ခွင့်တောင်းပီး ပြန်လာခဲ့ရတယ် ခေါ်လာပေးတဲ့ကားသမားဦး‌ေလးနဲ့စပယ်ယာကို သိပ်ကိုကျေးဇူးတင်ရပါတယ်။နိုင်ငံရေးသမားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့သတင်းကြားတိုင်း ဖေဖေပါလာမလား မျော့်လင့်ပီး စောင့်ခဲ့ရတဲ့ကာလတွေလည်းရှိခဲ့တာပေါ့။ သုံးနှစ်အကြာလောက်မှာပဲ မနက်စောစော အိပ်ယာနိုးချိန် မျက်လုံးဖွင့်လိုက်တဲ့အခါ
ခြင်ထောင်ဘေးကနေ ဖေဖေ့မျက်နှာကို မြင်လိုက်ရချိန် ခြင်ထောင်ဆွဲဖွင့်ပီး ဖေဖေ့ကိုပြေးဖက်လိုက်တဲ့အချိန် ဟာ ကိုယ့်ရဲ့ကမ္ဘာကြီး အလင်းလက်ဆုံးဖြစ်သွားခဲ့တယ်တူပါတယ် သိပ်ကိုပျော်ရွှင်ခဲ့ရတယ်။

ကိုယ်နဲ့ ဖေဖေ ဘယ်အချိန်မှာ တစ်ခါဝေးကွာသွားလဲဆိုရင်
ထောင်ကျပီးပြန်လာတော့ အလုပ်မရှိသေးလို့ ယောက်ဖလုပ်သူဆီမှာ ပန်းရန်အနေနဲ့ဝင်လုပ်ခဲ့ရတယ်။ တစ်ခြားရွာမှာသွားလုပ်ပီး တစ်ခါတစ်လေ ပြန်လာတိုင်း အရက်သောက်သောက်လာခဲ့တဲ့အဖေ့ကို မေမေကမကြိုက်တော့ ရန်တွေဖြစ်ကြတယ်။ အဲ့အချိန်မှာ ကိုယ်က ဖေဖေ့ကိုအရက်သောက်တာမကြိုက်ဘူး ပြောပီး ကတိတောင်းခဲ့တယ်။ ခပ်လွယ်လွယ်ပါပဲ မသောက်ဘူးကတိပေးပီး အပေါင်းအသင်းဆုံရင် ပြန်သောက်ဖြစ်နေခဲ့တယ်။ ထပ်ပီးသားဖနှစ်ယောက် သဘောထားမတိုက်ဆိုင်မှုပိုဖြစ်သွားသလဲဆို ဆယ်တန်းနှစ် ကျောင်းမှာ စာပေဟောပြောပွဲအပြီး အိမ်ပြန်လာတဲ့လမ်းမှာ ဖေဖေသမီးဆယ်တန်းပြီးရင် YUFLတက်ချင်တယ် Tourist guide လုပ်ချင်တာလို့ပြောခဲ့တယ်။ ဖေဖေကတော့မကြိုက်ပါဘူး သမီးကိုအေးဆေးတည်ငြိမ်တဲ့ဆရာမဖြစ်
စေချင်တာတဲ့။ အဲ့ဒီမှာစပီး သားဖနှစ်ယောက် လမ်းတွေ လွဲခဲ့ရတာ
သူမကြိုက်တဲ့အလုပ်လျောက်လုပ်ပီး အမှားကြီးကြီးတစ်ခုရခဲ့တဲ့အထိပဲ။ အခုအချိန်မှာတော့ သားဖနှစ်ယောက် ပြန်အဆင်ပြေသွားပီး
"သမီးမှာကိုယ်ပိုင်စဉ်းစားဉာဏ်ရှိတယ်၊ သမီးဆုံးဖြတ်တဲ့အတိုင်းအဖေတို့ကရှိနေ‌ေပးမှာတဲ့ "အဲ့ဒီအားပေးစကားကြောင့် အပူအပင်မရှိ single life ကို ဖြတ်သန်းနေမိတော့မယ်။ ထပ်မမှားမိအောင် ကိုယ်တိုင်ကြိုးစားရင်း introvert ဆန်တဲ့ကိုယ်က တတ်နိုင်သလောက် မိသားစုကို နွေးထွေးပေးရင်းပေါ့။

"I am a princess not because I have a prince but because my father is a King."

ကျွန်ုပ်ဟာမင်းသမီးလေးတစ်ပါးပါ၊ မင်းသားလေးရှိလို့မင်းသမီးဖြစ်ရတာမဟုတ်ဘူး၊ ကျွန်ုပ်အဖေကိုယ်တိုင်ဟာ ဘုရင်ကြီးတစ်ပါးမို့......။

#Sammyu Ter(သွန်းဆက်ညို)




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)