Author's Profile Photo

မြ (စံကားဝါမြေ)

27/04/2024

ဘဝအတွက် (လုံးဝ)မပြောသင့်တဲ့ စကား(၅)ခွန်း

1 min read
Life Style
General Knowledge
18 Again
ဘဝအတွက် (လုံးဝ)မပြောသင့်တဲ့ စကား(၅)ခွန်း's photo

ကိုယ့်ကိုကိုယ် ဘယ်တော့မှ မပြောရမယ့် စကား။
ပြောမိနေရင်တောင်မှ လျှော့ချရမယ့်
စကား (၅)ခွန်းက ဘာလေးတွေလဲဆိုတော့....

(၁) ခက်ခဲလိုက်တာ

(၂) ငါ လုပ်နိုင်မယ် မထင်ဘူး။

(၃) စိတ်ပျက်လိုက်တာ

(၄) ပျင်းလိုက်တာ

(၅) သိပ်ပင်ပန်းတာပဲ။

ဆိုတဲ့ စကား(၅)ခွန်းထဲမှာ ဘယ်စကားတွေက ကိုယ့်ကိုကိုယ် အပြောများနေပါသလဲ။?

ဒီစကား(၅)ခွန်းက လူတိုင်းလူတိုင်းလိုလို အမြဲတမ်း လက်သုံးစကားတောင် ဖြစ်ရလောက်တဲ့အထိ ပြောနေကြလိမ့်မယ်လို့ မြထင်မြင်မိပါတယ်ရှင်။ ဘာလို့အဲ့လိုပြောရသလဲဆိုရင် တစ်ခြားသူမဟုတ်ပါဘူး။ မြကိုယ်တိုင်တောင်မှ (၅)ခွန်းလုံးက အမြဲလိုလို ပြောမိနေတာပေါ့နော်။ အဲ့တာဆိုလည်း မြလည်း မပြောမိအောင် ဂရုတစိုက် ရှောင်ကြဉ်မယ်။ စာဖတ်သူလေးတွေကလည်း အပြောများနေရင် တဖြည်းဖြည်းချင်း လျှော့ရင်းကနေ လုံးဝ မပြောမိအောင်ထိ ထိန်းသိမ်းနိုင်ရင် ဘဝမှာ တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်ပြီဆိုတာ သိလိုက်ပါ။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
27.4.2024(Saturday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်