Author's Profile Photo

SarPhat Author

27/04/2024

ဆောင်းပါးရေးနည်း အပိုင်း(၂)

1 min read
Book Review
Education
General Knowledge
ဆောင်းပါးရေးနည်း အပိုင်း(၂)'s photo



စာရေးလိုသော်လည်း မရေးဖူးသေးသောဝါသနာရှင်များအတွက် အပိုင်း(၁)မှာ ရှေးဦးသိဖွယ်အချက်များကိုဖော်ပြပြီးနောက် ယခုအပိုင်း(၂)၌လက်တွေ့ရေးဖို့အကြံပြုချက်များကို မျှဝေးပေးပါမည်။
စာရေးခြင်းဟုဆိုရာတွင် စစရေးသူများအဖို့ လွယ်မယောင်နဲ့ခက်နေပါလိမ့်မည်။ဒါဟာဖြစ်လေ့ဖြစ်ထရှိပါတယ်၊ယင်းအခက်အခဲကို အဓိပတိလေးပါးဆိုတဲ့ လက်ကိုင်ထားစရာအချက်လေးချက်နဲ့ကျော်ဖြတ်နိုင်ပါသည်။

  1. စာရေးဆရာဖြစ်ရမည်ဟူသော ရည်မှန်းချက်ရှိခြင်း။
  2. စာရေးဆရာဖြစ်ရန် ကြိုးစားအားထုတ်မှု့ရှိခြင်း။
  3. စာရေးဆရာဖြစ်ကိုဖြစ်ရမည်ဟူသော စိတ်ဓာတ်ပြင်းပြမှု့ရှိခြင်း။
  4. စာရေးနည်းအခြေခံ သရုပ်မှန်အောင် ပညာဦးစီးရခြင်း။

တို့ကို လက်ကိုင်ပြုထားရပါမည်။
စာရေးသားလိုသူများသည် ကိုယ်တိုင်ကဝမ်းစာပြည့်အောင် စာများများဖက်ရမည်။ကိုယ်တိုင်က ဖက်ရှု့လေ့လာသင်ယူမှု့မရှိဘဲ ထင်ကြေးနှင့်ရေးသားရန်မသင့်ပေ။စာပေနှင့်အမြဲထိတွေ့နေရပေမည်။
"Reading make a full man, conference a reading man and writing an exact man."(စာဖက်များတော့ ဝမ်းစာပြည့်ဝသူဖြစ်စေတယ်၊ဆွေးနွေးရမယ်ဆိုတော့ အဆင်သင့်ဖြစ်စေတယ်၊စာရေးတဲ့အခါကြတော့ တိကျသူဖြစ်စေတယ်)
ဟူ၍ Sir.Francis Bacon ၏စကားကိုလည်းမှတ်သားနာယူသင့်သည်။ထို့ပြင် ငယ်စဥ်ကတည်းကရင်းနှီးခဲ့ကြရသော ရှင်မဟာရဌသာရ၏ ပန်းရှစ်ပွင့်ကိုလည်း ပန်ဆင်သင့်သည်။ထိုပန်းရှစ်ပွင့်ဟူသည်ကား သု၊စိ၊ပု၊ဘာ၊ဝိ၊လိ၊သိ၊ဓာ ဟုအကျဥ်းအနေနဲ့မှတ်သားကြသည်။အဓိပ္ပါယ်အားဖြင့်-

  1. သု-သုဏေယျ=ကြားနာရာ၏။ (Hearing or Listening)
  2. စိ-စိန္တေယျ=ကြံစည်ရာ၏။(Thinking)
  3. ပု-ပုစ္ဆေယျ=မေးမြန်းရာ၏။(Asking or Questioning)
  4. ဘာ-ဘာသေယျ=ပြောဆိုရာ၏။(Speaking or Telling or . Conversation)
  5. ဝိ-ဝိစာရေယျ=စူးစမ်းဆင်ခြင်ရာ၏။(Investigating)
  6. လိ-လိက္ခေယျ=ရေးသားရာ၏။(Writing)
  7. သိ-သိက္ခေယျ=လေ့ကျင့်ရာ၏။(Practising)
  8. ဓာ-ဓာရေယျ=နှုတ်ငုံဆောင်ရာ၏။(Relating from

. memory or Reciting by heart)
ဟူ၍ ဖြစ်ပါသည်။
စာရေးသားရာတွင် အတွေအကြုံသည် အကောင်းဆုံးဆရာဖြစ်သည် ဟူသောဆိုရိုးရှိပါသည်။ယင်းဆိုရိုးကိုသတိမူ၍အတွေ့အကြုံအသိကို စာ၌ပေါင်းစပ်ရန်လိုသည်။
တကယ့်သကြားကို စာသကြား၊တကယ့်ဆားကို စာဆား၊သညာအသိကို ပညာအသိဖြစ်အောင်ဘဝအတွေအကြုံတွေကလည်း အထောက်အကူဖြစ်စေပါသည်။သို့အတွက်ကြောင့် ဘဝအတွေ့အကြုံပြည့်စုံအောင်ရှာမှီးဆည်းပူးသင့်သည်။
စာရေးသားလိုသူများအား အကြံပြုချက်တစ်ခုအနေဖြင့် ရေကူးသင်ခြင်း၊စက်ဘီးစီးသင်ခြင်းတွေမှာ လက်တွေ့လုပဆောင်သင်ယူရသလို စာရေးသားရာတွင်လည်းလေ့ကျင့်မှု့ကအရေးပါပါသည်။Practice makes perfect (လေ့ကျင့်မှု့သာပြည့်စုံရာ၏။)ဟူသောစကားအတိုင်း ကိုယ်ပိုင်တီထွင်ဖန်တီး လေ့ကျင့်ရေးသားကြပါကုန်။လေ့ကျင်ရာတွင် Writing 3.H method ကိုအသုံးပြုနိုင်ပါတယ်။

  • Writing by Hand.(လက်ဖြင့်ရေးခြင်း)
  • Writing by Head.(ဦးခေါင်းဖြင့်ရေးခြင်း)
  • Writing by Heart.(နှလုံးသားဖြင့်ရေးခြင်း)

ဟူ၍ အကြောင်းအရာကိုလိုက်၍ အလျဥ်းသင့်သလိုအသုံးပြုနိုင်ပါသည်။

#Myat MK

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ