Author's Profile Photo

ရိန်​ဇော်

27/04/2024

မန္တ​လေး

1 min read
Life Style
Poetry
Art
မန္တ​လေး's photo

မန္တလေးလို့ပြောတဲ့အခါ
ခြင်မကိုက်ရင် မပြည့်စုံဘူး
တစ်မြို့လုံးကို
အလိုဆန္ဒဆိုတဲ့ခြင်တွေ ကိုက်နေကြတယ်
နန်းမြို့ရိုးနဲ့ ကျုံးကြီးကိုကြည့်ပြီး
အမောဖြေကြတယ်
အမောပြေကြတယ်
မန္တလေးမြို့ကြီးသားတွေတဲ့
မင်းတုန်းမင်းကြီး ရီလိမ့်မယ်
မြိုရိုးနဲ့ကျုံးအပြင်က တောသားတွေကို
မြို့ကြီးသားတွေလို့ ခေါ်တယ်
သွင်ပြင်အရ
မန္တလေးမှာ သစ်သီးဖျော်ရည်ဆိုင်တွေက
သစ်သီးတွေလို စီနေတယ်
ဒုတ်ထိုးဆိုင်တွေက
ဒုတ်ထိုးထားသလိုပဲ
အင်္ကျီဆိုင်တွေက
ကြယ်သီးတွေလို စီ နေတယ်
ရှေးဟောင်းယဉ်ကျေးမှုက
မိုးမျှော်တိုက်တွေလို မြင့်မားပြီး
မိုးမျှော်တိုက်တွေကတော့
ရှေးဟောင်းတွေကို စျေးပြိုင်ကြတယ်
မန္တလေးရဲ့စက်ဘီးတွေကို
ဆိုင်ကယ်တွေနဲ့ လဲလိုက်ကြတယ်
စက်ဘီးတွေက မဆူညံပေမယ့်
ဆိုင်ကယ်သံတွေကတော့ ဆူညံပေါက်ကွဲတယ်
ဆေးရုံအခန်းတွေမှာလည်း
ဆိုင်ကယ်သံတွေ ဆူညံတယ်
မန္တလေးက လူတွေက
မြို့ရိုးနဲ့ ကျုံးကြီးကို လာကြည့်ကြတယ်
ပြီးတော့ပြန်သွားကြတယ်
သူတို့ရဲ့ စိတ်တွေကတော့
မြို့ရိုးပေါ်မှာ ကျန်ခဲ့ကြတယ်
ဘယ်တော့မှ မလွတ်မြောက်ကြတော့ဘူး

ရိန်​ဇော်
#reinzaw

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်