Author's Profile Photo

SarPhat Author

26/04/2024

English Reading အတွက် အကောင်းဆုံး Application (၅)ခု

1 min read
Personal Development
Education
General Knowledge

အင်္ဂလိပ်စာလေ့လာရာတွင် စာဖတ်ခြင်း(Reading)က အရေးကြီးလှပါတယ်။ English စာများ ဖတ်ခြင်းဖြင့် ဝေါဟာရများကြွယ်ဝလာပါတယ်။ စာဖတ်နေစဉ်အတွင်းမှာ မိမိမသိသော စကားလုံးများအား မှတ်သားထားကာ dictionary လှန်ကြည့်ပြီး အဓိပ္ပာယ်များကို အလွတ်ကျက်မှတ်ခြင်းဖြင့် ဝေါဟာရ(vocabulary)များ ကြွယ်ဝလာပါတယ်။ ဤသို့ဖြင့် မိမိရဲ့ အင်္ဂလိပ်စာ/စကားပြော စွမ်းရည်တိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။

Reading အတွက်အကောင်းဆုံး Mobile application များကို စာဖတ်ပရိတ်သတ်များထံသို့ မျှဝေပေးလိုက်ပါတယ်။ နေ့စဉ် ဖတ်မှတိခြင်းဖြင့် မိတ်ဆွေတို့ရဲ့ အင်္ဂလိပ်စာ/စကားပြောစွမ်းရည်များ တိုးတက်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

1. English Stories
https://play.google.com/store/apps/details?id=com.saiuniversalbookstore.EnglishStories

Beginner များအတွက် အကောင်းဆုံး app တစ်ခုဘဲဖြစ်ပါတယ်။ သူ့မှာ short stories အမျိုးအစားပေါင်းစုံလင်စွာပါရှိပါတယ်။ တစ်နေ့ကို ပုံပြင်တစ်ပုဒ် ပုံမှန်ဖတ်သွားရုံဖြင့် အင်္ဂလိပ်စာကိုတိုးတက်စေနိုင်ပါတယ်။

2. Medium
https://play.google.com/store/apps/details?id=com.medium.reader

English Article များကို အခမဲ့နဲ့ပိုက်ဆံပေးပြီး ဖတ်နိုင်ပါတယ်။ မိမိနှစ်သက်ရာ topic များကို ရွေးချယ်ပြီး ဖတ်လို့ရပါတယ်။ Article များ ဖတ်နေအတွင်း မိမိမသိသော စကားလုံးများအား dictionary သို့ အဓိပ္ပာယ်ကြည့် မိမိရဲ့ ဝေါဟာရ(vocabulary) ကြွယ်ဝအောင် လုပ်နိုင်ပါတယ်။

3. Todaii: Learn English
https://play.google.com/store/apps/details?id=mobi.eup.easyenglish

သူကတော့ English News သတင်း အတို/အရှည်များကို Easy mode နဲ့ Difficult mode ဆိုပြီး mode နှစ်ခုနဲ့ဖတ်ရှုလို့ရပါတယ်။ ဒါ့အပြင် မိမိနှစ်သက်တဲ့ သတင်း topic များကိုလည်း ရွေးချယ်ဖတ်ရှုလို့ရပါတယ်။

4. Blinkist: Book Summaries daily
https://play.google.com/store/apps/details?id=com.blinkslabs.blinkist.android

သည် app လေးကတော့ English စာအုပ်ကောင်းများကို summaries များ ကောက်နှုတ်ပေးထားတဲ့ app ဘဲဖြစ်ပါတယ်။ ဤ app ကို အသုံးပြုပြီး စာဖတ်ပါက အင်္ဂလိပ်စာတိုးတက်ရုံသာမက အခြားသော ဗဟုသုတများကိုလည်းရရှိမှာဖြစ်ပါတယ်။

5. Wikipedia
https://play.google.com/store/apps/details?id=org.wikipedia

ကမ္ဘာကျော် Wekipedia မှာတော့ အကြောင်းအရာမျိုးစုံကို ရှာဖွေဖတ်ရှုလို့ရပါတယ်။ မြန်မာလို့လည်း ဖတ်လို့ရတဲ့ Wikipedia လည်းရှိပါတယ်။ အင်္ဂလိပ်စာ လေ့လာမှာဖြစ်တဲ့အတွက် English လိုဖတ်ဖို့ English လိုဖတ်ဖို့ Wikipedia app ကိုဘဲ recommend ပေးပါတယ်

Google play store တွင် အခြားသော မိမိနှစ်သက်သာရာ Reading apo များကို ရှာဖွေရရှိနိုင်ပါတယ်။

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈)