Author's Profile Photo

SarPhat Author

26/04/2024

သက်တောင့်သက်သာဇုန်ထဲကထွက်ဖို့ ကြောက်ရွံ့နေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ကြောက်ဖို့ကောင်းပုံပေါ်နေတယ်။ ဘာလို့ဆို မရင်းနှီးသေးလို့။ ငါမလုပ်နိုင်လို့မဟုတ်ဘူး။

1 min read
Life Style
Personal Development
Entrepreneurship
သက်တောင့်သက်သာဇုန်ထဲကထွက်ဖို့ ကြောက်ရွံ့နေတယ်ဆိုရင်  ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ကြောက်ဖို့ကောင်းပုံပေါ်နေတယ်။ ဘာလို့ဆို မရင်းနှီးသေးလို့။ ငါမလုပ်နိုင်လို့မဟုတ်ဘူး။'s photo

?ကျွန်တော်တို့အားလုံးအဲဒီနေရာကိုရောက်ဖူးပါတယ်။ စိန်ခေါ်မှုနှုတ်ခမ်းဝပေါ့။ အဲဒီအခါအစာအိမ်ထဲ ဗြောင်းဆန်နေတာ‌ပါ။ တကယ်တော့ကိုယ့်ကိုယ်ကိုယ်သိတဲ့နယ်နိမိတ်ထဲမှာနေရတာ နေရတာပိုလွယ်ကူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်လှုပ်ရှားမှုဟာ လမ်းလွဲပြနေတာဆိုရင်ရော။ ကျွန်တော်တို့အရည်အချင်းကို စမ်းသပ်တာမဟုတ်ဘဲ မရင်းနှီးမှုကို တုံ့ပြန်တဲ့ တုံ့ပြန်ချက်တစ်ခုကိုဆိုရင်ရော။
?ကျွန်တော်တို့သိစိတ်ဟာ လက်ရှိအနေအထားဆီကိုပဲ သဘာဝအလျောက်သဘောကျတတ်ကြပါတယ်။ သိပြီးသားနဲ့ သက်တောင့်သက်သာရှိတဲ့အရာတွေဆီပဲ ဖက်တွယ်ပြီး မသေချာမှုတွေကနေ ရှောင်ပြေးတတ်ကြပါတယ်။
?စိတ်ပျက်အားလျော့စရာတာဝန် ဒါမှမဟုတ် ဆန်းသစ်တဲ့ အတွေ့အကြုံတွေကြုံရတဲ့အခါ အန္တရာယ်အဖြစ်ဦးနှောက်ကဘာသာပြန်လိုက်ပါတော့တယ်။ ဒါပေမယ့် မသိမှုကိုကြောက်ရွံ့ခြင်းနဲ့ တာဝန်ကိုကိုင်တွယ်ဖို့စွမ်းရည်ကို ခွဲခြားတတ်ဖို့ သိပ်အရေးကြီးပါတယ်။
ခြေတစ်လှမ်းဆုတ်ပြီးကိုယ့်ရဲ့ကြောက်ရွံ့မှုကို ခွဲခြမ်းကြည့်ရင်ရော။ ကျွန်တော်တို့ရဲ့ ကြောက်ရွံ့စိတ်က တာဝန်ရဲ့ခက်ခဲမှုကနေမဟုတ်ဘူး၊ သူ့ရဲ့ ဆန်းသစ်မှုကြောင့်ဆိုရင်ရော။ အဲဒါကို နားလည်သွားရင်ဖြစ်ရပ်တစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်ပါတယ်။
?အဲဒါက ကြောက်ရွံ့မှုတွေ၊ စိတ်ပူပန်မှုတွေကို လစ်လျူရှုရမယ်လို့မဆိုလိုပါဘူး။ အသစ်အဆန်းတွေအပေါ် ဘယ်လိုတုံ့ပြန်လဲဆိုတာ နားလည်ဖို့ပါပဲ။ သူတို့ဘယ်ကလာလဲဆိုတာနဲ့ သူတို့ဟာ ကိုယ့်ရဲ့အရည်အချင်းမှန်ကို ကိုယ်စားမပြုဘူးဆိုတာနားလည်ရပါမယ်။
?မရင်းနှီးတဲ့နယ်ပယ်တစ်ခုကို ဝင်ရောက်တိုင်း သင်ယူဖို့၊ကြီးထွားဖို့၊လက်ရှိထက်ပိုကောင်းတဲ့ ကိုယ်ဖြစ်လာဖို့ အခွင့်အရေးပေးတာပါ။ အလုပ်မှာ ပရောဂျက်တစ်ခုဦးဆောင်ဖို့ သူစိမ်းတစ်ယောက်နဲ့စကားပြောတာ၊ နိုင်ငံသစ်တစ်ခုကို သွားဖို့ စွမ်းရည်သစ်တစ်ခုသင်ယူတာ၊ သက်တောင့်သက်သာဇုန်ထဲက ထွက်သမျှခြေလှမ်းတိုင်းဟာ ကြီးထွားနိုင်ဖို့အခွင့်အရေးတွေပါပဲ။
ဒါကြောင့် သက်တောင့်သက်သာဇုန်အစွန်းမှာ ကတုန်ကယင်ဖြစ်နေတဲ့ကိုယ့်ကိုယ်ကိုယ်တွေ့ပြီဆိုတာနဲ့ အဲဒီစိတ်ပူပန်မှုတွေဟာ မရင်းနှီးမှုကိုပြတဲ့ လက္ခဏာတွေပဲဖြစ်ပြီး သင့်ရဲ့စွမ်းရည်ကို တိုင်းတာမှုမဟုတ်ပါဘူး။
?ဒီစိတ်ထားဟာ အကြောက်တရားနဲ့ စိတ်ပူပန်စရာအားလုံးကို ကွယ်ပျောက်သွားစေနိုင်မှာတော့မဟုတ်ပါဘူး။ ဒါပေမယ့် မကျွမ်းကျင်လို့ကြောက်တဲ့စိတ်နဲ့ မရင်းနှီးသေးလို့ကြောက်တဲ့စိတ်အကြား ခွဲခြားဖို့ကူညီပေးပါလိမ့်မယ်။ ဒီစိတ်ထားထားလိုက်တာနဲ့ ကိုယ်ထင်ထားတာထက် အများကြီးပို လုပ်နိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
?ဘဝဝင်္ကဘာကြီးကို စူးစမ်းရာမှာ မရင်းနှီးတဲ့အရာတွေကို ထွေးပွေ့ဖို့၊ သင်ယူဖို့၊ကြီးထွားဖို့ကိုယ့်ကိုယ်ကိုယ်သတိပေးကြပါစို့။ ပိုအရေးကြီးတာက ကိုယ့်လုပ်နိုင်စွမ်းကို ယုံကြည်ပါ။
?နိဂုံးချုပ်အနေနဲ့ကတော့ ကျွန်တော်တို့ကိုနောက်ပြန်ဆွဲနေတာ အလုပ်ကိုကြောက်စိတ်ကြောင့်မဟုတ်ဘူး။ မသိသေးမှုကို ကြောက်စိတ်ကြောင့်ဆိုတာပါပဲ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်