Author's Profile Photo

Shoon Lei

26/04/2024

သင်ရောနားထောင်တတ်ပြီလား?

1 min read
Life Style
Personal Development
General Knowledge
သင်ရောနားထောင်တတ်ပြီလား?'s photo

လူအများစုဟာ နေ့စဥ်စကားပြောနေကြပေမယ့် နားမထောင်တတ်ကြပါဘူး
နားနှစ်ဖက်ရှိလျက်နဲ့ ဘာကြောင့်နားမထောင်တတ်ကြရတာလဲ၊နားမထောင်ကြတာလဲ
ကျွန်တော်၊ကျွန်မတို့ဟာ လူအများနဲ့စကားပြောနေစဥ်မှာ သေချာနားမထောင်ဘဲ တစ်ဖက်လူကို ဘယ်လိုပြန်ပြောရမလဲ၊ဘယ်လိုချေပရမလဲဆိုတာကိုပဲ စဥ်းစားနေကြပါတယ်
တချို့ဆို တစ်ဖက်လူပြောသွားတဲ့စကားတစ်ခွန်းကို သဘောမတွေ့တာနဲ့ နားမထောင်တော့ဘဲ ချက်ချင်းကို တုံ့ပြန်လိုက်ကြတာမျိုးရှိပါတယ်
ကိုယ်တိုင်လည်းအဲ့လို လုပ်ဖူးကောင်းလုပ်ဖူးမိပါလိမ့်မယ်
စကားဖြတ်ပြောတာဟာ ရိုင်းတဲ့အပြုအမူမှန်း ကျွန်တော်တို့အားလုံး သိရှိထားကြပါတယ် ရုပ်လည်းဆိုးပါတယ်
သို့သော် နားမထောင်တတ်တဲ့အကျင့်ဟာ လူကြီးရော၊လူငယ်မှာပါ ရှိတတ်ကြပါတယ်
စာရေးဆရာ Sean Coveyရေးသားခဲ့တဲ့ "The 7 Habits Of Highly Effective Teens" စာအုပ်ထဲက Habitတစ်ခုကတော့ "Seek first to understand, then be understood" ဖြစ်ပါတယ်
ဆိုလိုတာကတော့ Listen before talking မပြောခင်နားထောင်ပါတဲ့
ဒါဟာ သိပ်အရေးကြီးတဲ့ Habitတစ်ခုပါ
ကိုယ့်ကိုနားထောင်စေချင်လျှင် သူများကိုလည်းနားထောင်ပေးရပါတယ်
နောက်ဆုံး တစ်ဖက်လူပြောတာကို ဘယ်လောက်ပဲ သဘောမကျ၊လက်မခံနိုင်ပါစေ ပြောတာကိုဆုံးအောင်သေချာနားထောင်ပြီးမှ တုံ့ပြန်ပါ
တစ်ခါတစ်ရံ ကိုယ့်အပေါင်းအသင်းတွေက အဆင်မပြေတာရှိလို့ ကိုယ့်ဆီရင်လာဖွင့်တာမျိုး ကြုံဖူးပါလိ်မ့်မယ်
အဲ့လိုအချိန် ကျွန်တော်တို့ဘာပြန်ပြောလေ့ရှိကြလဲ ပြန်ပြီး အားပေးကြတယ်၊အကြံဉာဏ်ပေးကြတယ်
ဒါပေမယ့် တစ်ခါတလေ သူတို့လိုအပ်တာ နားထောင်ပေးဖို့လေးပဲ
ဒါကြောင့် ကျွန်တော်တို့တွေ စကားပြောတတ်ဖို့တင်မက နားထောင်တတ်ဖို့ပါ အလွန်အရေးကြီးပါတယ်
ပြီးတော့ နောက်ဆုံးမေးချင်တာလေးက သင်ရော နားထောင်တတ်ပြီလား

Keep Reading

စိတ်ဓာတ်ကျနေတဲ့အခါစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း