Author's Profile Photo

SarPhat Author

25/04/2024

မကြိုက်သင့်သော အကျင့်တစ်ခု

1 min read
General Knowledge

ပထမဆုံးပြောချင်တာကတော့ အခုပြောမဲ့အကြောင်းရာဟာ
ကျနော့်ရဲ့အတွေးအမြင်လို့ပဲပြောရမလား
ကျနော်မြင်ခဲ့ရတဲ့ ဘေးပတ်ဝန်းကျင်က အဖြစ်တွေကြောင့်
ဒီလိုအတွေးမျိုးဝင်လာခဲ့တာပါ
အဲအကျင့်က ဘာလဲဆိုတော့
တစ်ခုခုဆိုရင် သူများနားက ပိုက်ဆံချေးခြင်းပါပဲ
ငါလိုရင် ဘယ်သူ့နားကချေးမယ်
သူပြန်တောင်းရင် နောက်တစ်ယောက်နားက လှည့်ဆပ်မယ်
အဲလိုနဲ့ အကြွေးသံသရာထဲမှာ လည်နေသူတွေ အများကြီးပါဗျ
သူတို့ကိုယ်တိုင်တော့ ဘယ်လိုခံယူချက်နဲ့ လုပ်နေလဲမသိပေမဲ့လည်း
ဘေးနားကကြည့်နေတဲ့ ကျနော့်အတွက်တော့
တော်တော်လေးအဆင်မပြေဖြစ်ရပါတယ်
ဘေးနားကနေပဲ သူတို့ကို အားမလိုအားမရတွေ တအားဖြစ်ခဲ့တယ်ဗျာ၊
မင်းနဲ့ ဘာဆိုင်လို့လဲလို့ လာမေးခဲ့ရင်တော့
ဘာမှမဆိုင်ပါဘူးဗျာ
သူတို့က ဒီသံသရာကြီးထဲမှာပဲ ကျင်လည်ရတာများ ပျော်နေသလားတော့ မသိပါဘူး၊
ကျနော်တို့တွေမှာ ငွေကြေးစီမံမှုကောင်းကောင်း ရှိသင့်ပါတယ် မဟုတ်ရင်တော့ ကျနော်တို့လဲ ခုနကလူတွေလိုပဲ
အကြွေးသံသရာထဲကနေ ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး
လိုအပ်တဲ့နေရာပဲသုံးပြီး မလိုအပ်တာတွေအတွက် ငွေကုန်မခံတာမျိုးကိုလဲ လုပ်ဆောင်သင့်ပါတယ်
တစ်ချို့လူတွေက အကြွေးရရင် ဆင်တောင်ဝယ်တယ်ဆိုတဲ့ စကားပုံအတိုင်းပဲ
လိုအပ်လား မလိုအပ်လားမတွေးဘူး အကြွေးရတယ်ဆိုပြီး မလိုအပ်တာတွေ ဝယ်ထားတတ်ကြတယ်၊
အဲလိုကနေ အကြွေးတွေတင် သူ့နားကအကြွေးကို သူ့နားကနေ ချေးဆပ်မယ် သူ့နားကဟာကိုတော့ နောက်လူနဲ့ လှည့်မယ်ဆိုတာတွေပဲ သူတို့တွေးနေကြမလားမသိ
ထားပါတော့
အဲအကျင့်ကြီးကို စွဲသွားတာနဲ့ တစ်ခုခုဆို သူများနားကပဲ ပိုက်ဆံချေးနေကြလိမ့်မယ်
ကိုယ်ချေးတဲ့သူက အဆင်ပြေနေတုန်းတော့ ချေးပေးနိုင်ပေမဲ့လည်း
သူအဆင်မပြေချိန်ကျရင် မချေးပေးနိုင်တဲ့အခါကျ
လူ၏အကြိုက် ဆယ်ခါလိုက်က
မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာရန်သူမှတ်လေ၏ဆိုသလို
ငါ့ကို မချေးရကောင်းလားဆိုပြီး စိတ်ဆိုးစိတ်ကောက်တတ်ကြပါသေးတယ်၊
အဲကျတော့ ကျနော်တို့ဟာ တစ်ခုခုဆို သူများနားကနေ ခဏချေးသုံးမယ်ဆိုတဲ့ အကျင့်ကို လုံးဝ မကြိုက်သင့်ပါဘူး
မျိုးမင်းသူ
25/4/2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်