Author's Profile Photo

SarPhat Author

25/04/2024

စိတ်မကြည်တဲ့အချိန်

1 min read
Life Style
Personal Development
General Knowledge
စိတ်မကြည်တဲ့အချိန်'s photo

လူတွေမှာစိတ်မကြည်တဲ့အချိန်ဆိုတာရှိတတ်ကြစမြဲပါ။ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ နေထိုင်လှုပ်ရှားသွားလာပတ်သက်နေရတဲ့အခြေအနေမှာ စိတ်မကြည်မလင်အာရုံနောက်စေတဲ့အဖြစ်အပျက်ဟာ တစ်ခုမဟုတ်တစ်ခုကြုံရစမြဲဖြစ်နေတတ်ပါတယ်။ မိသားစုအတွက် ကိုယ်တိုင်အတွက် အလုပ်အတွက် ပတ်ဝန်းကျင်ကလူတွေအတွက် စိတ်မကြည်မလင်အာရုံနောက်ကြရတယ်။ ကိုယ်ကိုတိုင် ကိုယ့်စိတ်ဆန္ဒခံစားချက်ကြောင့် စိတ်မကြည်လင်ရတာရှိသလို တခါတလေမှာလဲ ကိုယ်ကစိတ်ကြည်လင်နေပေမယ့် သူများလာပေးတဲ့သောကနဲ့ဒုက္ခကြောင့် စိတ်ရှုပ်ထွေးကြရပါတယ်။ ဘယ်လိုပဲစိတ်မကြည်လင်နေပါစေ ဒီစိတ်ညစ်စရာအခြေအနေအခိုက်အတန့်ကြီးကို ဆွဲဆန့်မထားဘဲ အဓိကဖြစ်စေတဲ့ပြသနာကို ဒီနည်းမဟုတ်တဲ့ နောက်တစ်နည်းနဲ့ဘယ်လိုဖြေရှင်းရမလဲကို အချိန်ခဏပေးပြီး ခေါင်းအေးအေးထားစဥ်းစားလိုက်မယ်ဆိုရင် အဖြေပေါ်လာမှာဖြစ်ပါတယ်။ စိတ်ကြည်လင်မှ လူလဲနေထိုင်ကောင်းပြီး ကိုယ်ရှေ့ဆက်လျှောက်ရမယ့် လုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာလုပ်ကိုင်နိုင်မှာပါ။ အဓိကက အခုစိတ်ညစ်နေတာကို ပိုကြာအောင်၊ ပိုဆိုးရွားပြင်းထန်အောင် မလုပ်မိစေဖို့ပါ။

အားလုံးပဲစိတ်ကြည်လင်ချမ်းမြေ့ကြပါစေ
#TheNoteBySD

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း မနက်ဖြန်ထိ အချိန်မရွေ့ပါနဲ့ စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါ