Max's sharing

ကျွန်တော်တို့ရဲ့ Focus ဟာ သတ်မှတ်ထားတဲ့ target ?ကို တည့်တည့်ချိန်နိုင်ခဲ့ရင်....
? ကျောင်းက အိမ်စာပေးသည်ဖြစ်စေ၊ ကိုယ်တိုင်လေ့လာသင်ယူတဲ့အခါ လုပ်မယ်လို့ ရည်ရွယ်ထားတဲ့အရာတွေဟာ အစတော့ရှိပါရဲ့ အဆုံးထိ မလုပ်ဘဲ လမ်းလွဲသွားတတ်ပါတယ်။
ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် မပြုပြင်ရင် အကျင့်ပါသွားတတ်ပါတယ်။
◾ဒါဆို Concentration ကောင်းအောင် ဘယ်လို နည်းလမ်းတွေကို အသုံးပြုရမလဲ?
1️⃣Create a Distraction-free environment
" စိတ်အာရုံပျက်ပြားစေတဲ့ အရာတွေ မရှိဖို့လိုပါတယ်။"
? စာလေ့လာတဲ့ စားပွဲ ဟာ ရှင်းလင်းနေပြီး လိုအပ်တဲ့စာအုပ်ပဲရှိဖို့လိုပါတယ်။
? phone/ laptop မှာ message notification တွေပိတ်ထားဖို့လိုပါတယ်။
? တိတ်ဆိတ်ငြိမ်သက်ပြီး လေဝင်လေထွက်ကောင်းသောနေရာဖြစ်ရင် ပိုကောင်းပါတယ်။
2️⃣set timer ⌛
" သတ်မှတ်ထားသော အချိန်တွင်း လုပ်ဖို့လိုပါတယ်"
?တစ်နာရီ လေ့လာမယ်ဆို break time က ဘယ်လောက်ယူမလဲ စတာတွေ ဆုံးဖြတ်ရပါမယ်။
? Break time ယူဖို့မမေ့ပါနဲ့။(5mins)
3️⃣ Break down tasks
" လုပ်စရာတွေများနေရင်လည်း ဘာလုပ်ရမှန်းမသိဘဲ ဘာမှ ဖြစ်မြောက်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး"
လုပ်စရာသေးသေးလေးတွေ ခွဲပြီး စလုပ်ပါ။
? လုပ်စရာအများကြီး ကို 1% ကနေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားမယ်ဆို ရည်ရွယ်ထားတဲ့ အရာတွေ ရရှိအောင် အာရုံစူးစိုက်နိုင်မှာဖြစ်ပါတယ်။
4️⃣ Active learning
" ဘယ်ရာမဆို လေ့လာနေရုံနဲ့မပြီးပါဘူး ပြန်လည်သုံးချ ခြင်းဟာ အဓိက အချက်ဖြစ်ပါတယ်"
? သင်ယူထားတဲ့အရာတွေ မှတ်မိနားလည်အောင် Flashcards တွေ၊ Question တွေ၊ Summarizing ကိုယ်ပိုင်စကားလုံးဖြင့် ပြန်လည် ရေးသားရှင်းလင်းတာမျိုး လုပ်ဖို့လိုပါတယ်။
5️⃣ Practice Mindfulness and Meditation
" စိတ်တည်ငြိမ်မှုရအောင် သတိပဌာန်းတရား တစ်နေ့ကို 5မိနစ် ရှုမှတ်ခြင်း"
? စာလေ့လာနေစဉ်အတွင်း အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်း၊ အာရုံတစ်ခုတည်းထားခြင်း စတာတွေကို လေ့ကျင့်ခြင်းဖြင့် စိတ်တည်ငြိမ်ရှင်းလင်းပြီး အာရုံစူးစိုက်မှုပိုကောင်းလာမှာဖြစ်ပါတယ်။
နည်းလမ်းအမျိုးမျိုးရှိတဲ့အတွက် သင့်တော်ကိုက်ညီသော နည်းလမ်းများကို လက်တွေ့အသုံးပြုလုပ်ဆောင်လို့လိုပါတယ်။
Max's sharing(AH_Thwin)
Thanks ❤️
Keep Reading