Shoon Lei
တစ်နေ့တာအချိန်ဇယား Schedule ဘာလို့ဆွဲသင့်တာလဲ❓
Schedule မဆွဲတဲ့နေ့နဲ့ Schedule အတိုင်းဖြတ်သန်းတဲ့နေ့နဲ့ ဘာကွာခြားတာလဲ❓
တခြားသူတွေနဲ့မယှဥ်ဘဲ ကိုယ့်ကိုယ်ကိုပဲအရင် ယှဥ်ပြီးပြောပါမယ်
✅Schedule ဆွဲထားတဲ့နေ့
အဲ့ဒီလိုနေ့ဆို အချိန်ဇယားထဲမှာရေးထားတဲ့အတိုင်း ၇နာရီဆို ၇နာရီ၊၈နာရီဆို ၈နာရီ Alarmပေးပြီး အိပ်ရာထတတ်တယ်
ပြီးရင် လေ့ကျင့်ခန်းလုပ်ဖို့လား၊ရေချိုးဖို့လား Schedule အတိုင်းကို လုပ်ဖြစ်တော့တာပဲ
အဲ့နေ့ဆို စာလုပ်မလား၊စာဖတ်မလား၊ဘယ်အချိန်နားမလဲ၊ဘယ်အချိန်ရုပ်ရှင်ကြည့်မလဲ အားလုံးဟာ စနစ်တကျ၊
အိပ်ရာမဝင်ခင် skincareမှာလား၊ဘုရားရှိခိုးမှာလား၊ဘယ်အချိန်အိပ်မှာလဲ စသဖြင့် မိုးလင်းကမိုးချုပ်ထိ တစ်နေ့တာကို အစီအစဉ်တကျ ဖြတ်သန်းပြီး ကိုယ်လည်း အဲ့လိုနေရရင် ကိုယ့်အချိန်ကို ကောင်းကောင်းအသုံးချနေတာလို့ပဲ ခံစားရတယ်။
❎Schedule မဆွဲတဲ့နေ့
အစီအစဉ်မရှိရင် ကမောက်ကမဖြစ်တယ်ဆိုတာမျိုးပေါ့ ဈေးသွားတယ် ဘာဝယ်ရမှန်းမသိဘူး ယောင်လည်လည်ဖြစ်နေတယ် ဒါဟာ အိမ်ကတည်းက ဈေးဝယ်မယ့်စာရင်းမလုပ်ခဲ့လို့ပါ။
အဲ့လိုပါပဲ ကိုယ်တိုင်လည်း Scheduleသေချာမဆွဲထားတဲ့နေ့ဆို အိပ်ရာလည်းထချင်တဲ့အချိန်ထတယ်။Alarmတောင်ပေးမထားဘူး (ရှင်းေရာနော်?)တစ်နေ့တာဟာ အစီအစဉ်မကျ ဘာလုပ်လို့လုပ်ရမှန်းမသိ၊တစ်နေ့တစ်နေ့ အချိန်သာကုန် နေသာဝင်သွားတယ် ဘာမှလည်းမလုပ်ဖြစ်လိုက်။
စာဖတ်ဖို့လား ဝေးသေး စာကြည့်စားပွဲနားတောင္မသွားဘူး။မိုးချုပ်အိပ်ရာဝင်တော့လည်း အိပ်ချင်တဲ့အချိန်မှအိပ်၊ goal ရှိလျက်နဲ့ ကိုယ့်ကိုယ်ကို အနားပေးတာဆိုပြီး စွတ်ညှာနေတာ။တကယ်တော့ ကိုယ့်ကိုယ်ကို မတိုးတက်အောင် ကိုယ်တိုင်အဆိပ်ပေးနေတာ။
တခြားလူတော့မပြောတတ်ဘူး
ကျွန်တော် Schedule ဆွဲပြီး ဖြတ်သန်းတဲ့တစ်နေ့တာဟာ ကျွန်တော့်အတွက်တကယ် အကျိုးရှိပြီး ကိုယ့်ဘာသာ busyနေရော။ တခြား negative thoughtလား? schedule ပြည့်နေလို့ သူဝင်လာချိန်တောင်မရဘူး။ဘယ်သူ့ကိုမှ attention မပေးဘဲ ကိုယ့်ကိုယ်ကိုပဲ focus ထားလိုက်တယ်။
အချုပ်ကိုဆိုရမယ်ဆိုရင် ကိုယ့်ရဲ့တစ်နေ့တာကို အကျိုးရှိရှိအသုံးချချင်တဲ့သူမျိုး၊ self-development ဖြစ်ချင်တဲ့သူမျိုးတွေအပြင် ဘယ်သူမဆို Schedule လေးဆွဲပြီး ကိုယ့်တစ်နေ့တာကို ဖြတ်သန်းကြည့်ပါ။ထူးခြားမှုလေးတွေကို မြင်တွေ့ရမှာပါ။
Keep Reading