Author's Profile Photo

Zinmon

24/04/2024

ကျွန်မနဲ့စာအုပ်သံယောဇဉ်

1 min read
Life Style
Personal Development
General Knowledge

ဟိုပြေး၊ဒီပြေးရမယ်ဆိုတဲ့အချိန်တုန်းက
အရင်ဆုံးစစဉ်းစားမိတာက ကိုယ်တန်ဖိုးထားတဲ့စာအုပ်တွေပဲ၊

စာအုပ်တွေကအများကြီး၊သယ်သွားလို့လည်းအဆင်မပြေဘူး၊ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားလိုက်တာခေါင်းတွေပူထူသွားတာပဲ?။

အဲလိုနဲ့သယ်သွားလို့မရတဲ့အဆုံးကိုယ့်ဘဝရဲ့နောက်ဆုံးချိန်ထိလက်ကိုက်ထားရမယ့်စာအုပ်ရယ်၊အရမ်းဖတ်ချင်တဲ့စာအုပ်တွေရယ်ရွေးယူပြီးသယ်သွားဖြစ်တယ်?။

သယ်သွားတဲ့အချိန်ဘာထပ်စဉ်းစားမိပြန်လဲဆိုတော့
အမြဲသယ်သွား၊သယ်လာရတာအဆင်မပြေကြောင်း
ထည့်စဉ်းစားမိတယ်။ebookနဲ့ဝယ်ဖတ်
ရင်phoneတစ်လုံးနဲ့ဘယ်နေရာ၊ဘယ်ဒေသရောက်ရောက်အဲ့စာအုပ်တွေကြောင့်အပူသက်သာမိမှာအမှန်ပဲလို့တွေးခဲ့မိတယ်?။

အခုတော့လည်းသံယောဇဉ်တွေမထားဘူး၊လက်ခံခြင်းတရားနဲ့နေထိုင်ပါတယ်၊ကိုယ့်ဘာသာကိုယ်ပြောနေပေမဲ့မထင်ထားတဲ့ကိုယ့်ရဲ့စိတ်တွေလည်းစာအုပ်နဲ့သံယောဇဉ်မဖြတ်နိုင်ဘူးဆိုတာသိခဲ့ရတယ်။နောက်ပြီးစာအုပ်တွေမသယ်သွားပဲအကုန်လုံးထားခဲ့လို့ရတာကိုလက်မခံနိုင်သေးဘူးပဲ။

ပြင်ဆင်ရမယ့်အရာတွေ တွေးမိရင်း……..

24.4.2024
#ZinMon

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း