Author's Profile Photo

သင်္ကေတ

23/04/2024

စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့.....(အပိုင်း ၈)

1 min read
Life Style
General Knowledge
18 Again
စာဖတ်ခြင်းမှ စာရေးခြင်းဆီသို့.....(အပိုင်း ၈)'s photo
ရှေ့ဆောင်းပါး‌လေး အဆက်...


ကျွန်မစာရေးလာနိုင်ခြင်း အဓိက အကြောင်းရင်း က ကျွန်မ အားတဲ့အချိန်တိုင်း စာဖတ် လို့ပါ၊ တွေ့သမျှစာတိုင်းလဲ လိုက်ဖတ်တယ်၊ ကျွန်မ မသိတဲ့အရာဆိုလည်း မှတ်ထားပြီး ချက်ချင်းရှာတယ်။ ကျွန်မ စာတွေဖတ်ထားတုန်းက ကျွန်မဦး‌နှောက်ထဲ ဒီတိုင်းပဲ မှတ်ထားတာပါ၊ တချို့ဟာတွေဆို မေ့သွားတာရောပါ၊ ဖတ်ပြီးမေ့ပေမဲ့ ကျွန်မစာတွေဆက်ဖတ်တယ်၊

  • အဲ့တာကြောင့် ကျွန်မ စာရေးတဲ့အချိန် ဦးနှောက်ထဲက ပြန်ပေါ်လာတာ ဖြစ်တယ်။

တချို့လူတွေက စာဖတ်ပြီး မေ့တာပဲ
ဘာလို့ဆက်ဖတ်နေကြမှာလဲ ဆိုပြီး စာဆက်မဖတ်ဘဲ နေတတ်ကြတယ်၊ ဒါဆို မှားပါပြီ။

ကျွန်မ စာတွေအများကြီး ဖတ်နေတာကို ကျွန်မမောင်လေးက တွေ့တော့ ပြောတယ်၊ "မမ ဘာလို့ စာတွေအများကြီး ဖတ်ပြီးနေတာလဲ" ဖတ်တာ အချိန်ကုန်တယ်၊ ဆိုပြီး ပြောပါတယ်၊
သူပြောတဲ့အမူအရာမှာ ဒီစာတွေဖတ်နေလို့ ဘာမှမဖြစ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ သူမေးတုန်းက ကျွန်မ ပြန်မဖြေပေးခဲ့ဘူး၊ ကျွန်မစာပဲ ဆက်ဖတ်နေခဲ့ပါတယ်၊ အခုတော့ ကျွန်မ ဖြေနိုင်နေပါပြီ၊ ကျွန်မ မောင်လေးကို သေချာပြောပြချင်တယ်။
စာဖတ်ဝာာက မောင်လေးဘဝကို ပြောင်းလဲစေနိုင်တယ်၊ မောင်လေး‌
ရေ... စာဖတ်ရုံနဲ့ ဘဝကပြောင်းတော့ မပြောင်းလဲပါဘူး၊

သိထားဖို့ တစ်ခုလိုတာက စာဖတ်ထား‌တာ‌တာတွေ အသုံးချမှ ဘဝက ပြောင်းလဲမှာပါ။

အသုံးချမှ ဘဝဆိုတာ ပြောင်းလဲမှာပါ၊ ဒီနေရာမှာ ကျွန်မ အောင်မြင်တာကို မသုံးသေးပါဘူး၊ အောင်မြင်ဖို့အတွက်ဆို ကြိုးစားအားထုတ်မှုဆိုတဲ့ အဆင့်ကို ကျော်ဖြတ်ရဦးမှာ မလို့ပါ။
ကျွန်မ ပထမ ဦးဆုံး စာရေးနိုင်လာတာကို ကိုယ့်ဟာကိုယ်သိသွားတာက ကျောင်းမှာ မြန်မာစာ စာစီစာကုံးသင်ပြီး ဆရာက ကျောင်းသားတွေကို ‌ခေါင်းစဉ်တစ်ခုပေးပြီး အိမ်စာရေးခိုင်းလိုက်တဲ့အရာခါမှာပါ။ ကျွန်မ ဒီတစ်ခါ ကိုယ့်ဟာကိုယ်ရေးမယ်ဆိုပြီး ခေါင်းထဲတွေးပြီး အတွေးကို ချက်ချင်းပဲ စာအုပ်မှာ လက်တွေ့ချရေးတော့ပါမယ်၊ ဆရာပေးလိုက်တဲ့ခေါင်းစဉ်က " မမေ့နိုင်သော နေ့တစ်နေ့ " ပါ၊ ခေါင်းစဉ်ကို ကျွန်မရေးမယ့် စာအုပ်မှာ အရင်တပ်လိုက်ပါတယ်။ ခေါင်းစဉ်ကရနေပြီဆိုတော့ ကျွန်မရေးလို့ရပါပြီ၊ အရင်ဆုံး ကျွန်မမရေးခင် ကျွန်မစာအုပ်စင်မှာရှိတဲ့ စာစီစာကုံး စာအုပ်တစ်အုပ်ကို ယူပြီး မာတိကာမှာ ကျွန်မရေးမယ့် ‌ခေါင်းစဉ်နဲ့ ဆင်တူတဲ့ ခေါင်းစဉ်မျိုးရှာကြည့်ပါတယ်၊ ရှာပြီးတွေ့တော့ အဲ့စာအုပ်ထဲ ရေးထားတာကို ကျွန်မ အစအဆုံးဖတ်ကြည့်တယ်၊ ဖတ်ကြည့်ပြီး ဘယ်လို ရေးထားတာလဲ ဆိုတာကို လေ့လာတယ်၊ လေ့လာပြီး ကျွန်မနားလည်သွားတော့ ကျွန်မရေးဖို့ အကြောင်းအရာပိုင်းစဉ်းစားပါတယ်၊
ကျွန်မစဉ်းစားလိုက်တော့ ကျွန်မ မယ်သီလရှင် ဝတ်တဲ့နေ့ကို သွားသတိရပါတယ်၊ အဲ့တော့ အဲ့အကြောင်းရေးမယ်ဆိုပြီး စရေးလိုက်ပါတယ်၊ ရေးရင်း ကျွန်မကိုယ်တိုင်တောင် မသိလိုက်ဘဲ စာမျက်နှာ ၃ မျက်နှာလောက်ထိရောက်သွားပါတယ်၊ စာရေးရင် အရှိန်ရရင် အဲ့လိုရေးလို့ရတာကိုလည်း ကျွန်မစသဘောကျလာခဲ့တယ်၊ ဒါကတော့ ကျွန်မဘဝမှာ ပထမဦးဆုံးရေးတဲ့ စာစီစာကုံး တစ်ပုဒ်ပါ၊
စာရှည်သွားမည်စိုးသဖြင့် နောက်တစ်ပိုင်းဆက်ရန်....
စာဖတ်သူများကို လေးစားလျက်......

(Part 1)

  • https://sarphat.com/posts?id=2994

(Part 2)

  • https://sarphat.com/posts?id=3053

(Part 3)

  • https://sarphat.com/posts?id=3093

(Part 4)

  • https://sarphat.com/posts?id=3155

(Part 5)

  • https://sarphat.com/posts?id=3236

(Part 6)

  • https://sarphat.com/posts?id=3294

(Part 7)

  • https://sarphat.com/posts?id=3435


April 24 Tuesday 2024
23:50 PM (@Ag)
#အတွေးစုများ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)