အက္ခရာ - Haruki
ပျော်အောင် ထားမယ်။ စိတ်ချပါ။
ဒီစာသားလေးကို ကျွန်တော် Healthy Relationship မှာပဲဖတ်လိုက်ရတာပါ။ ဆရာမနေဗလ်ကတော့ သူ့အသိ အန်တီတစ်ယောက်ရဲ့မွေးနေ့ မှာ သူ့အမျိုးသားဖြစ်သူ ဦးလေးက Birthday wish ရေးပေးထားတဲ့ စကားလေးလို့ဆိုပါတယ်။ သူတို့အိမ်ထောက်ရေး သာယာတယ်၊ ချိုမြိန်တယ်တဲ့။
ပျော်အောင် ထားမယ်၊ စိတ်ချပါဆိုပဲ။
အမှန်တော့ အချစ်ရဲ့အဓိပ္ပာယ်က ဒီလောက် ရိုးရှင်းနေတာပါ။ ဒါကို ကျွန်တော်တို့တွေက ဘာလို့ရှုပ်ထွေးနေကြတာလဲ။ အချစ်ဆိုတာ ကိုယ်ချစ်ရတဲ့ လူကို ပျော်ရွှင်အောင် ထားပေးဖို့ ပဲ မဟုတ်ဘူးလား။ ကိုယ့်အချစ်နဲ့ ချစ်ရသူလေးကို နွေးထွေးဖို့၊ စောင့်ရှောက်ပေးဖို့၊ ပျော်ရွှင်စေဖို့။ ဒါပဲလေ...။ ဒါဟာ အချစ်ပါပဲ။
ချစ်ရတဲ့ လူဆိုရင် ပျော်အောင် ထားပေးရမယ်။ ကျွန်တော်တို့ကို ချစ်တဲ့လူဆိုရင်လည်း ကျွန်တော်တို့ကို ပျော် အောင်ထားလိမ့်မယ်။ စိတ်မညစ်ညူးအောင်၊ မျက်နှာလေး မပျက် အောင်၊ စိတ်ချမ်းသာအောင်၊ လုံခြုံအောင် ထားလိမ့်မယ်။
ဒါကို ကျွန် တော်တို့တွေက ဘာလို့ ခက်ခက်ခဲခဲနဲ့ အချစ်ကို အဓိပ္ပာယ်ဖွင့်ခဲ့ကြတာလဲ။
ပျော်အောင် ထားမယ်။ စိတ်ချပါ။ ချစ်ရတဲ့ လူအတွက် ဘဝ မှာ ပိုကြိုးစားပေးပြီး၊ ပိုအလုပ်လုပ်ပြီး ဘဝရဲ့ အခြေခံလိုအပ်ချက် တွေအတွက် ပိုပြီးကြီးမားတဲ့ တံတိုင်းတစ်ခုအဖြစ် ရပ်တည်ပေးပြီး စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း စိတ်ညစ်အောင် မလုပ်ဘဲ ဘယ်အချိန်၊ ဘယ်အခြေအနေမဆို ကိုယ့်ကြောင့်တော့ သူ့ကို ပျော်စေတာပဲ ဖြစ် စေမယ်လို့ ဆုံးဖြတ်ပေးထားတာက အချစ်ပဲမဟုတ်ဘူးလား။
ချစ်တယ်ဆိုရင် ပျော်အောင် ထားပေးရမှာပါပေါ့။ ကိုယ်ချစ်ရတဲ့ လူပဲဟာ။ ခက်ခဲနေတဲ့အချိန်တွေမှာတောင် ကာကွယ်ပေးပြီး ပြုံးနေစေရမှာပေါ့။ မဟုတ်ဘူးလား။
ᏂᏗᏒᏬᏦᎥ ( April 23, 2024 . 9:05 PM )
Keep Reading