Author's Profile Photo

Monologue By Mon

23/04/2024

လူ ၊ ကွန်ဖီးဒင့် ( confidence ) နှင့် Self Control

1 min read
Life Style
Personal Development
Culture
လူ ၊ ကွန်ဖီးဒင့် ( confidence ) နှင့် Self Control's photo

Confidence ဆိုတာ တကယ်တော့ ဘာမှမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဘာမှမဟုတ်တာလေး ရှိရင် လည်း အရမ်းသိသာသလို မရှိဘူးဆိုရင်လည်း အရမ်းသိသာပါတယ်။ ကိုယ်တိုင်တောင်မှပဲ ကိုယ့်ကိုယ်ကို ယုံကြည်တာထက် သူများတွေရဲ့အမြင်ကို သွားယုံနေမိတာတွေရှိတက်ပါတယ်။ ဒါကြောင့် Confidence မရှိလို့ စိတ်ဓာတ်မကျပါနဲ့။ သူ့အလိုလိုမရှိတဲ့အခါ တခါတလေ လေ့ကျင့်ယူရတာတွေရှိပါတယ်။ Confidence လည်းပါတာပေါ့။
Confidence ရှိချင်လား ?
ကိုယ့်ကိုယ်ကိုပြန်မေးပါ။ ငါ ဘယ်နေရာမှာ Confidence မရှိတာလဲလို့ပေါ့။ (ကျမကတော့ ကျမရဲ့ Body Weight နဲ့ပတ်သတ်ရင် Confidence မရှိတာမျိုးတွေ တခါတလေ ကြုံရတက်ပါတယ်။ တခါတလေ လို့ဘာလို့ပြောတာလဲဆိုတော့ ကိုယ်တိုင်က Confidence မရှိပေမယ့် Confidence ရှိတဲ့သူတွေနဲ့ အတူရှိနေချိန် ၊ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတွေနဲ့ရှိနေချိန်ဆို ဝနေပေမယ့်လည်း Confidence မဆုံးရှုံးတာမျိုးတွေ ကြုံရတက်ပါတယ်။ )
ကိုယ့်အနေနဲ့ Confidence မရှိဘူးထင်ရတဲ့အရာကိုရှောင်မပြေးနေပဲ တကယ်ရင်ဆိုင်ဖို့လိုပါတယ်။ တခါတလေ ကျမတို့က ကိုယ့်ကို မအောင်မြင်အောင်လုပ်မယ့်တခြားအရာတွေကို ကြောက်စရာကောင်းတယ်မြင်တက်ကြတယ်။ တကယ်က ကိုယ့်ရဲ့အောင်မြင်မှု့ကို ဖျက်ဆီးပစ်နိုင်တဲ့ သူက ကျမတို့ကိုယ်တိုင်ပါပဲ။ ကျမတို့ကိုယ် ကျမတို့ ကြောက်သင့်ပါတယ်။ ကိုယ်တိုင်ချမှတ်တဲ့စည်းကမ်းတွေကို လွယ်လွယ်ဖောက်ဖျက်နိုင်တဲ့သူကလည်း ကိုယ်တိုင်ပဲ။ အသုံးမကျတဲ့ ကိုယ်တိုင်ဆီက ကိုယ်ကဘယ်လိုထွက်ပြေးမလဲ။ မရဘူးနော်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ ကိုယ် ဖြစ်ဖို့ မိမိကိုယ်တိုင်က မိမိကိုယ်ကို Train ပေးရမှာပါ။ တကယ်တော့ လူတစ်ယောက်အောင်မြင်ဖို့ လွယ်ပါတယ်။ ကိုယ့်စကားကို ကိုယ်တိုင်တသဝေမတိမ်းနားထောင်ရင် မကြာခင်အောင်မြင်တာပဲ ။ အဲ့ဒါကို လူတွေက Self Control လို့ခေါ်ကြတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု့ပေါ့။
Confidence လည်းဒီလိုပါပဲ။ ဒီအရာကြောင့် Confidence မရှိဘူးဆို ဒါကို ပြောင်းလဲနိုင်ဖို့လိုပါတယ်။ အဲ့လိုပြောင်းလဲတဲ့အခါ လုံးဝပြောင်းလဲနိုင်သွားတဲ့ထိတော့ Self Control နဲ့ စခန်းသွားရတာပေါ့နော်။
ဥပမာ ။ ။ လူတွေနဲ့စကားပြောရင်အမှားပါမှာကြောက်တယ်။စကားပြောတဲ့နေရာမှာ Confidence မရှိဘူးပေါ့နော်။ အဲ့လိုလူတွေကိုပြောချင်တာက မကြောက်ပါနဲ့ စကားများများပြောပါ။ လူဆိုတာ အမှားနဲ့မကင်းပါဘူး။ ကြောက်လို့မလုပ်သရွေ့ ပိုကြောက်လာနိုင်တာကလွဲပြီးပိုမကောင်းလာနိုင်ပါဘူး။ အမှားပါသွားရင် ပြန်ပြင်ပေါ့။ ပြီးတော့ ကိုယ့်ကြောက်တဲ့အရာတခုကိုသတ္တိရှိရှိလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကို ချီးမွမ်းပါ။ အဲ့လိုနည်းနဲ့ Confidence ကိုတည်ဆောက်နိုင်လာပါလိမ့်မယ်။
ကျမလည်း ကြောက်တဲ့အရာတွေ ၊ Confidence မရှိတဲ့ အရာတွေရှိပါတယ်။ ကျမလည်း အဲ့အရာတွေကို Change နေပါတယ်။ Confidence နဲ့ Self Control ကို ပြုစုပျိုးထောင်နေပါတယ်။
.
May 3 , 2020
17:18

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်