Author's Profile Photo

SarPhat Author

22/04/2024

ကြိုးစားမှု့တွေကို မရပ်လိုက်ဖို့ကသာ အဓိကပါ ;

1 min read
Life Style
Personal Development
ကြိုးစားမှု့တွေကို မရပ်လိုက်ဖို့ကသာ အဓိကပါ ;'s photo
ကိုယ့်ထက် ရာထူးမြင့်တဲ့ သူ ၊ 
ကိုယ့်ထက် အဆင်ပြေနေတဲ့ သူ ၊ 
ကိုယ့်ထက် အောင်မြင်နေတဲ့ သူတွေကို ကြည့်ပြီး
သူတို့မှာကျ ရှိပြီး ငါ့မှာ ဘာလို့ မရှိတာလဲဆိုပြီး
ကိုယ့်ကိုယ်ကို အားငယ်တာတွေ ၊ သိမ်ငယ်တာမျိုးတွေ ဖြစ်နေလို့ မရပါဘူး
။

သူတို့လို ဖြစ်ချင်ရင် သူတို့လို ကြိုးစားရမယ် ၊ 
သူတို့လို အောင်မြင်ချင်ရင် သူတို့လို အလုပ် လုပ်ရမယ် ။

ခုချိန်မှာ အောင်မြင်နေတဲ့သူတိုင်းကလဲ
သူတို့ရဲ့ အောင်မြင်မှု့တွေကို မွေးကတည်းက လက်နဲ့
တပွေ့တပိုက်ကြီး သယ်လာတဲ့ သူတွေ မဟုတ်ကြပါဘူး ။
သူတို့လဲ ကြိုးစားခဲ့ရတာပဲ ၊ 
တခြားသူအတွက် မဟုတ်ရင်တောင် ကိုယ်တိုင်အတွက် ကြိုးစားသင့်တယ်
။

ကြိုးစားသင့်တယ်လို့ ပြောတာပါနော် ၊ 
မနာလိုရမယ်လို့ မဆိုလိုဘူး
။

အားကျလို့ ကြိုးစားတာနဲ့ မနာလိုတာနဲ့က 
စလုံးပေါင်းပဲ ကွာတာ မဟုတ်ပါဘူး
။
အဓိပ္ပာယ်တွေလဲ အများကြီး ကွာခြားပါတယ် ။

အာ့ကြောင်ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ် 
ကြိုးစားမှု့ကိုသာ မရပ်တန့်ခဲ့ဖူးဆိုရင် 
အချိန်တစ်ခုရောက်လာတဲ့အခါ အကောင်းဆုံးဆိုတဲ့ Result ကို ရရှိမှာ သေချာပါတယ် ။

#တဒင်္ဂအတွေးလေးများထဲမှ တစ်ခု

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်