SarPhat Author
ဘဝမှာ ပျော်နေချင်ရင် "နေတက်ဖို့နဲ့ ကျေနပ်ဖို့ပဲ"လိုပါတယ်
ပထမ တစ်ချက် အနေနဲ့ နေတက်ရမယ် !!
ဟုတ်တယ်! ကျွန်တော်တို့လူသားတွေဘဝမှာ နေတက်ဖို့က သိပ်ကို အရေးကြီးတယ်။ ဘဝမှာ ပျော်နေချင်တယ်ဆိုရင် ကိုယ့်မိသားစု ၊ ကိုယ်ချစ်ရတဲ့ လူတွေအတွက်ကလွဲလို့ တခြားသူတွေအတွက် စိတ်ပူပေးတာမျိုးတွေ ၊ တခြားသူ ကိစ္စကို ကိုယ့်ကိစ္စလို့ သဘောထားနေတာတွေကို သေချာပေါက် ရှောင်နိုင်မှရမယ်။ အခုလိုပြောလိုက်တော့ ကျွန်တော်က နဲနဲ တကိုယ်ကောင်းဆန်တယ်လို့ ခံစားလိုက်ရတယ်မလား?? မလွဲဧကန် တကိုယ်ကောင်းဆန်တယ်လို့ ထင်လိုက်မှာ ကျွန်တော် သိပါတယ် ။ ကျွန်တော်တို့ဘဝမှာ မဖြစ်မနေ ရှောင်ရမဲ့ ကိစ္စလေးတွေ ၊ မြင်နေပါလျက်နဲ့ မမြင်ချင်ယောင်ဆောင်နေရမဲ့ အခြေနေလေးတွေဆိုတာ ရှိတယ်။ ကိုယ်က ကောင်းစေချင်လို့ ပြောလိုက်တယ်ဆိုတဲ့ အရာတစ်ခုမှာ တဖက်လူက လက်မခံပေးရင် ကိုယ့်မှာ ဆက်ပြောပိုင်ခွင့် မရှိဘူး။ ဒီအခြေနေမှာ ဖြစ်သွားနိုင်တာက ပထမ အချက်အနေနဲ့ ကိုယ်စေတနာနဲ့ ပြောလိုက်တဲ့ အရာကို သူလက်မခံတဲ့အတွက် ကိုယ့်မှာ စိတ်မကောင်းဖြစ်ရတယ်။ ဒုတိယ အချက်ကတော့ သူလက်မခံချင်တဲ့ အရာတစ်ခုကို ကိုယ်က ဆက်ပြောနေမယ်ဆိုရင် သူ့အတွက် စိတ်အနှောက်ယှက်ဖြစ်သွားနိုင်တယ်။ ဒါဆိုရင်တော့ နှစ်ဖက်လုံးအတွက် ကောင်းကျိုးမရှိပဲ အချိန်ကုန်တာပဲ အဖတ်တင်သွားလိမ့်မယ်။ ဒီလိုအခြေနေမျိုး ကြုံလာရင်တော့ သေချာပေါက် ကိုယ့်ဘက်က သိနေလဲ ရှောင်ကို ရှောင်ပေးရမယ်။ မြင်နေလဲ သေချာပေါက် မမြင်ချင်ယောင်ဆောင်ပေးရမယ်။ သူ့အတွက် အဆင်ပြေသွားမလားဆိုတာ မသေချာပေမဲ့ သေချာတာတစ်ခုကတော့ ကိုယ်စိတ်မကောင်းဖြစ်စရာ မရှိတော့ဘူး။ အဲ့လိုဆို ကျွန်တော်တို့ ပျော်စရာရှိတာကို အပြည့်အဝ ပျော်နိုင်သွားမယ်လေ။
နောက်တစ်ချက် အနေနဲ့ကတော့ ကျွန်တော်တို့ ကျေနပ်ရမယ်!!
ကိုယ်လက်ရှိရောက်နေတဲ့ နေရာ ၊ ရနေတဲ့ အရာတွေနဲ့ တင်းတိမ်ရောင့်ရဲနိုင်ရမယ်။ ဒီလိုပြောလိုက်တာဟာ မကြိုးစားကြပါနဲ့ ၊ ရှိနေတာလေးနဲ့ပဲ ကျေနပ်အောင်နေကြပါလို့ မဆိုလိုဘူးနော်။
" ကြိုးစားရမယ်
ဒါပေမဲ့ မနာလို မဖြစ်ရဘူး "
သူတို့မှာ ရှိနေတဲ့ အရာတွေ ကိုယ့်မှာ ရှိမနေတာ မထူးဆန်းပါဘူး ။ ကိုယ့်မှာ ရှိချင်ရင် ကြိုးစားလို့ ရပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ တချို့အရာလေးတွေကလဲ သူတို့မှာ ရှိချင်မှ ရှိနေမှာပါ။ (မရှိတာလဲ ဖြစ်နိုင်ပါတယ်) ကိုယ့်မှာ ရှိမနေတဲ့အရာကို အရှိလုပ်နေလို့ မရဘူး ၊ သူတို့ကို ကြည့်ပြီး မနာလိုဖြစ်နေလို့ မရဘူး။ အနှစ်ချုပ်အနေနဲ့ ပြောရရင် အောင်မြင်ချင်ရင် ကြိုးစားရမယ်။ ကိုယ့်မှာ မရှိတဲ့အရာတွေအတွက် ကိုယ့်ကိုယ်ကို အားငယ်တာတွေ ၊ သိမ်ငယ်တာမျိုးတွေ ဖြစ်နေလို့ မရဘူး။ ကိုယ်လက်ရှိရောက်နေတဲ့ နေရာ ၊ ရနေတဲ့ အရာတွေနဲ့ အရှိကို အရှိအတိုင်း လက်ခံနိုင်ရမယ်။ ရယူလိုစိတ်ကို လျှော့ထားတဲ့အခါ စိတ်ဝိဉာဉ်ဟာ သန့်စင်ပြီး အကောင်းမြင်စိတ်နဲ့ လောကကြီးကို မြင်တက်လာမယ် ကိုယ်တိုင်လဲ ပျော်ရွှင်လာရမယ်။ #တင်္ဂအတွေး အပိုင်းအစလေးများထဲက တစ်ခု
Keep Reading