Author's Profile Photo

အက္ခရာ - Haruki

22/04/2024

အချစ်က ပေးဆပ်ခြင်းလား

1 min read
အချစ်က ပေးဆပ်ခြင်းလား's photo

Relationship coach လည်းဖြစ်တဲ့ကျွန်တော် ဒီလိုမေးခွန်းမျိုးမေးတာ ခဏခဏခံရပါတယ်။ ဒီနေ့မှာပဲ ကျွန်တော် ဒီမေးခွန်းရဲ့အဖြေကို Healthy Realationship ဆိုတဲ့စာအုပ်ထဲမှာ ရှာတွေ့လိုက်ပါပြီ။

ဒါဆိုအဖြေက ဘာလဲ❓

ပေးဆပ်ခြင်းလား။ ရယူခြင်းလား။ လူတော်တော်များများကတော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ဖြေကြတာပါပဲ။ ဒါလည်း မှားလားဆိုတော့ မှားတော့မမှားပါဘူး။

ဒါပေမယ့် ဒါမျိုးက ဖြေလို့သာ ကောင်းတာပါ။ အခုခေတ်မှာ ဘယ်သူမှလည်း အဲဒီလောက် အနစ်နာခံပြီး ပေးဆပ်သူချည်းလုပ်နေတာမျိုးတွေလည်း မရှိတော့ဘူးလေနော်။

တကယ်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းပဲမဟုတ်သလို ရယူခြင်းပဲလည်း မဟုတ်တဲ့ Give and take ပါပဲ။ Both, ပေးဆပ်ခြင်းရော ရယူခြင်းရောပါပဲ။

အချစ်တင်မှ မဟုတ်ပါဘူး။ ဘယ်အရာမဆို အပေးအယူဆိုတာ ရှိစမြဲပါ။ စီးပွားရေးပဲလုပ်လုပ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် လောကကြီးမှာ အပေးနဲ့ အယူဆိုတာ ရှိပါတယ်။

တစ်ဖက်က စပေးရင်တောင် ကိုယ့်ဘက်ကလည်း အတိုင်းအတာ တစ်ခုအထိ ပြန်မပေးရင် ဒီအရင်းအမြစ်ဟာ ရပ်တန့်သွားမှာပါပဲ။

ဒါကြောင့် အချစ်ဆိုတာ အပေးနဲ့အယူပါပဲ။ ?

ကိုယ်က အချစ်ပေးရင် သူကမေတ္တာပေးရမယ်။ ကိုယ်က နွေးထွေးမှုပေးရင် သူကကြင်နာမှုပေးရမယ်။ ကိုယ်က စိတ်လုံခြုံမှုပေးရင် သူက သစ္စာရှိမှုပေးရမယ်။

အခုခေတ် Rs တွေမှာတွေ့နေရသလို ရန်ဖြစ်လိုက်တိုင်း တစ်ဖက်တည်းက ညှိနှိုင်း၊ တစ်ဖက်တည်းက တောင်းပန်၊ တစ်ဖက်တည်းက ကောင်းနေလို့ မရပါဘူး။

နှစ်ယောက်အတူတူ အပေးအယူမျှမျှတတနဲ့ အတူတူလက်တွဲပြီး ရှေ့ဆက်မှ ဘဝခရီးကို အတူတူသွားနိုင်မှာပါ။

ᏂᏗᏒᏬᏦᎥ ( April 22, 2024 . 7:45 PM )

Keep Reading