Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

22/04/2024

!!တာဝန်မယူနိုင်ဘဲခွေးမွေးရာကနေ ခွေးစာဖြစ်သွားတဲ့အမျိုးသား

1 min read
General Knowledge
!!တာဝန်မယူနိုင်ဘဲခွေးမွေးရာကနေ ခွေးစာဖြစ်သွားတဲ့အမျိုးသား's photo

?လူတော်တော်များများက တိရိစ္ဆာန်ချစ်တတ်ကြပါတယ်။ ဒါမယ့်အဲ့လိုချစ်တတ်တဲ့သူတိုင်းကတော့ တာဝန်ယူပြီး သေချာဂရုတစိုက်မွေးထားနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တကယ်လို့ခေါ်မွေးပြီဆိုရင်လည်း သူ့အတွက် စားဖို့သောက်ဖို့၊ နေဖို့ထိုင်ဖို့အားလုံးကို အမြဲတမ်းစီစဉ်ပေးနိုင်တယ်ဆိုမှ မွေးသင့်ပါတယ်။ ချစ်တာတစ်ခုတည်းနဲ့မွေးထားပြီးမှ နောက်ပိုင်းတာဝန်မယူဘူးဆိုရင် ဒီခွေးပိုင်ရှင်အမျိုးသားလို "ကိုယ်မွေးတဲ့ခွေး ကိုယ့်ပြန်ကိုက်"သလို ဖြစ်သွားပါလိမ့်မယ်။ ဒီအမျိုးသားက အင်ဒိုနီးရှားနိုင်ငံကဖြစ်ပြီးတော့ သူ့နာမည်က Andre Lumbosaလို့ခေါ်ပါတယ်။ သူက ခွေးချစ်တတ်သူတစ်ဦးဖြစ်သလို ခွေးဆိုလည်း (၉)ကောင်တောင်မွေးထားပါသေးတယ်။

? တစ်ရက်မှာ Lumbosaက ခရီးတစ်ခုကို နှစ်ပတ်အကြာထွက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ဒါမယ့် သူအိမ်မှာမရှိတဲ့ အဲ့ဒီနှစ်ပတ်အတွင်းမှာ ခွေးတွေကို ဘယ်လိုအစာစီစဉ်ပေးရမလဲဆိုတာကိုတော့ လုံးဝမတွေးခဲ့ပါဘူး။ ဒီလိုနဲ့ သူခရီးထွက်နေတဲ့အချိန်တွင်းမှာ ခွေးတွေကတော့ ဆာလောင်မှုဒဏ်ကို အလူးအလဲခံစားရပါတော့တယ်။ ခွေး(၉)ကောင်လုံးကို ခြံထဲမှာပိတ်ထားခဲ့တာဆိုတော့ သူတို့ဘာ့သာရှာကြံစားသောက်ဖို့ကျတော့လည်း မလွယ်ကူတော့ပါဘူး။ ဒီတော့ တစ်ရက်ထက်တစ်ရက် မစားမသောက်ရတာများလာတော့ ခွေးတွေလည်းအရိုင်းစိတ်ဝင်လာပါတော့တယ်။ အဲ့လိုနဲ့ပထမဦးဆုံး သူတို့အုပ်စုထဲက အားနည်းတဲ့ခွေးနှစ်ကောင်ကို သတ်ဖြတ်စားသုံးလိုက်ကြပါတယ်။

? တစ်ဖက်မှာလည်း Lumbosaက နှစ်ပတ်အကြာခရီးသွားပြီးတဲ့‌နောက် သူ့အိမ်ကိုပြန်လာခဲ့ပါတယ်။ သူလည်းအိမ်ရောက်ရော အပေါက်ဝမှာတင်အထုတ်တွေကိုချပြီး ခွေးလေးတွေကို သွားပြီးနှုတ်ဆက်ပါတော့တယ်။ ဒါမယ့် ဆာလောင်မှုကြောင့်အရိုင်းစိတ်ဝင်နေတဲ့ခွေးတွေကတော့ သခင်ကိုသခင်မှန်းမသိတော့ပါဘူး။ Lumbosaကိုမြင်မြင်ချင်းမှာတင် အားလုံးဝိုင်းကိုက်ကြပြီးတော့ သတ်ဖြတ်စားသုံးလိုက်ကြပါတယ်။ သူက ခွေးတွေကိုမွေးတုန်းကမွေးပြီး အစာကျွေးဖို့ကျတော့ သတိမရတာကြောင့် ခွေး‌တွေလည်းသူ့ကို စားသောက်လိုက်ကြတာပါ။ မကြာခင်မှာ မူမမှန်တာတွေကို သတိထားမိခဲ့တဲ့ အိမ်နီးချင်းတွေကလည်း ရဲကိုအကြောင်းကြားလိုက်ပါတော့တယ်။ ရဲတွေရောက်လာတော့ Lumbosaရဲ့စုတ်ပြတ်ပြီးတစ်စစီဖြစ်နေတဲ့အလောင်းနဲ့အတူ ခွေး(၇)ကောင်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ အဲ့ခွေးတွေက ရဲတွေကိုတောင် တိုက်ခိုက်ဖို့ကြိုးစားခဲ့တာပါ။

?ဒါကြောင့်ရဲတွေကလည်း သူတို့ကိုသေချာဖမ်းယူမေ့ဆေးပေးပြီးတော့ ထိန်းသိမ်းခဲ့ရပါတယ်။ Lumbosaအဖို့တော့ သေမင်းကိုမွေးမြူထားခဲ့မိသလို ဖြစ်သွားတာပေါ့ရှင်။ ဒါမယ့်လည်း အသိဉာဏ်မရှိတဲ့တိရိစ္ဆာန်တွေကိုတော့ သွားပြီးအပြစ်တင်နေလို့မရပါဘူး။ လူဖြစ်တဲ့ပိုင်ရှင်တွေကပဲ ဦးနှောက်ရှိရှိစဉ်းစားသင့်ကြပါတယ်။ သနားလို့အစာကျွေးနေတာကတစ်ကြောင်းပါ၊ ချစ်လွန်းလို့ကိုအိမ်ထဲခေါ်မွေးပြီးတော့ ownerတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ "ကကြီး"ကနေ "အ"အထိအလုံးစုံတာဝန်ယူနိုင်တယ်ဆိုမှ မွေးမြူကြပါလို့အကြံပေးချင်ပါတယ်။ အဲ့လိုမှမဟုတ်ရင် Lumbosa လိုခွေးစာဖြစ်မှ နောင်တရသွားရပါလိမ့်မယ်။ ကဲ...ဒါဆိုရင် မိတ်ဆွေတို့လည်း အခုပြောပြလိုက်တဲ့အကြောင်းလေးကိုဖတ်ရှုပြီး ဗဟုသုတရရှိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းကော်ဖီတမ်းချင်း