အက္ခရာ - Haruki
ကျွန်တော်တို့လူမှာ အာဟာရနှစ်မျိုး လိုအပ်ပါတယ်။ ရုပ်အာဟာရနဲ့နာမ်အာဟာရပါပဲ။ စားဝတ်နေရေးဆို တာ ရုပ်အတွက် လိုအပ်တဲ့အာဟာရပါ။
ယုယတာ၊ ကြင်နာတာ၊ ချစ်ခင်ခံရတာ၊ အရေးပေးခံရတာဆိုတာ နာမ်အာဟာရပါ။ ရုပ်အာဟာရပြည့်စုံစွာရရင် ရုပ်ကျန်းမာရေး ကောင်းပါတယ်။ နာမ် အာဟာရ ပြည့်စုံစွာရရင် နာမ်ကျန်းမာရေး ကောင်းပါတယ်။
နာမ်ကျန်းမာရေး မကောင်းဘူးဆိုတာ စိတ်မှာရောဂါဖြစ်သွားတာပါပဲ။ စိတ်ရောဂါဆိုတာ ရူးသွားတာ တစ်မျိုးတည်းကိုဆိုတာမဟုတ်ပါဘူး။ တစ်နေရာရာမှာ လွန်ကဲနေတာမျိုးပါ။
ဥပမာအားဖြင့် ငယ်ငယ်က မကြာခဏ အရိုက်ခံရတဲ့ ကလေးဟာ သူ ကြီးလာရင် “အရိုက်ကြမ်းတဲ့ မိဘ၊ အရိုက်ကြမ်းတဲ့ဆရာ’ ဖြစ်လာတတ်ပါတယ်။ အဲဒါ စိတ်ရောဂါတစ်မျိုးပါပဲ။
တချို့ယောက်ျားလေးက မိန်းကလေးစိတ် ပေါက်နေတဲ့ မိန်းမလျှာလေးတွေ၊ မိန်းကလေးက ယောက်ျားစိတ် ပေါက်နေတဲ့ ယောက်ျားလျှာလေးတွေကိုလည်း စာဖတ်သူလေးမြင်ဖူးမယ်ထင်ပါတယ်။
အဲ့ဒါလည်း သူတို့ ငါးနှစ်သားမတိုင်ခင် ခံစားခဲ့ရတဲ့ စိတ်ဝေဒနာကြောင့်ပဲ။ ဒီနေရာမှာ တချို့ပြောကြပါလိမ့်မယ် ကာမေသု မိစ္ဆာစာရကံကြောင့် ယောက်ျားဖြစ်ရက်နဲ့ မိန်းမစိတ် ပေါက်တာလောက်ပဲ ကြားဖူးတယ်ပေါ့။
အမှန်က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခဲ့ရင်. . .
လူမုန်းများမယ်။
ရန်ငြိုးပွားမယ်။
စီးပွားလာဘ်လာဘ ရှားပါးမယ်။
ဖြစ်ရာဘဝ ဆင်းရဲမယ်။
အမျိုးသမီးချည်း ဖြစ်မယ်။
မိန်းမ မဟုတ်၊ ယောက်ျား မဟုတ် ပဏ္ဍုက်ဘဝ ရောက်မယ်။
အမြဲတမ်း စိုးရိမ်သောက ဖြစ်နေမယ်။
ချစ်သူနဲ့ ကွဲမယ်။...
အဲဒါပဲ ပါပါပါတယ်။ ယောက်ျားက မိန်းမစိတ်ပေါက် ရမယ်လို့မပါပါဘူး။ ဒါဆိုထပ်မေးလာပါလိမ့်မယ်။ ယောက်ျားက မိန်းမစိတ်ပေါက်တာ `ကာမေသု’ကြောင့်ဆိုရင် မိန်းမက ယောက်ျားစိတ် ပေါက်တာ ကျတော့ ဘယ်လိုပြောမလဲပေါ့။
“ကာမေသု”ကြောင့်သာဆိုရင် နိမ့်ကျသွားရမှာလေ။ အခုဟာက မိန်းမစိတ်ကနေ ယောက်ျားစိတ် ပြောင်းသွားတာကို နိမ့်ကျတယ်လို့မှ ပြောလို့မရဘဲ၊ ကုသိုလ်ကံက မှန်ကန်ခဲ့လို့ ယောက်ျားစစ်စစ်ဘဝကို ပေးနေပြီပဲ။ ယောက်ျားစစ်စစ် ဖြစ်နေပြီ ဖြစ်တဲ့အတွက် ကာမေသုကံ မပါတာ သေချာနေပါပြီ”
တကယ်တော့ အဲဒီလို လိင်တူချင်း တပ်မက်တဲ့ စိတ်တွေ ပေါ်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ မိဘနှစ်ပါး ကြောင့်ပါပဲ။
ဘာဟ်လိုကြောင့်လဲဆိုတော့...
ကလေး ငါးနှစ်သားမတိုင်ခင်မှာ မိဘနှစ်ပါးကွဲပြီး ကလေးက အမေနဲ့ကျန်ခဲ့မယ်။ ဒါမှမဟုတ် ဖခင်ဖြစ်သူတွေက အကြောင်း ကိစ္စတစ်ခုခုကြောင့် နှစ်ရှည်လများ ခွဲထားမယ်ဆိုရင် ကျန်ခဲ့တဲ့ ကလေးတွေမှာ စိတ်ဝေဒနာ ခံစားရတာပဲ။ ဖခင်တွေက မူးရူးပြီး ကလေးတွေရှေ့မှာ မိခင်ကို နှိပ်စက်ရင်လည်း ဒီဝေဒနာမျိုး ရတတ်တယ်။
လက်တွေ့ သာဓကပြရရင် အမေရိကန်ပြည်ထောင်စုပဲ။ ကမ္ဘာမှာ မိန်းမလျှာအပေါဆုံးဟာ အမေရိကန်ပြည်ထောင်စုပဲ။ ဘာကြောင့် အခုလို မိန်းမလျှာတွေ တအားများရသလဲဆိုတော့ ဖခင်ဖြစ်သူတွေဟာ ဗီယက်နမ်စစ်ပွဲမှာ နှစ်ရှည်လများ နေကြရတယ်။
အဲဒီအချိန်မှာမွေးတဲ့ ကလေး အများဆုံးဟာ မိန်းမလျှာ ဖြစ်ကြတာပဲ။ သူတို့နိုင်ငံ ဥပဒေက အမျိုးသားတိုင်း သုံးနှစ်တိတိ မဖြစ်မနေ စစ်မှုထမ်းရတယ်။
အချို့ကျတော့အသွင်အပြင်က ယောက်ျားပီပီသသပဲ။ အတွင်းစိတ်ကျတော့ လိင်တူချင်းတပ်မက်နေတာမျိုးလည်း ရှိတယ်။ အဲဒီလို စိတ်ဝေဒနာရှင်တွေဟာ သေတဲ့အထိ အိမ်ထောင် မပြုတာများတယ်။
မြန်မာပြည်မှာလည်း နိုင်ငံကျော်ရုပ်ရှင်မင်းသား အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာအဖြစ်ကျော်ကြား သူတစ်ယောက်ပေါ်ပေါက်ဖူးတယ်။ သူလည်း ငယ်စဉ်က ယခု ပြောပြခဲ့တဲ့စိတ်ဝေဒနာမျိုးခံစားခဲ့ရတယ်လို့ စာဖတ်ရင်းနဲ့သိခဲ့ရပါတယ်။
ဒါကြောင့် ဒီလိုလိင်တူတပ်မက်ခြင်းဟာ မိဘကပေးတဲ့ စိတ်အဟာရနဲ့ဆိုင်ပါတယ်။
ᏂᏗᏒᏬᏦᎥ ( April 22, 2024 . 12:30 PM )
Keep Reading