Author's Profile Photo

အက္ခရာ - Haruki

21/04/2024

ပြင်းပြသောလိင်စိတ်ကို ထိန်းချုပ်ခံစားနိုင်ပါမှ...

2 mins read
Life Style
Education
18 Again
ပြင်းပြသောလိင်စိတ်ကို ထိန်းချုပ်ခံစားနိုင်ပါမှ...'s photo

ကျွန်တော်တို့ လူသားဆိုတာ အသွေးနဲ့အသားနဲ့ ရုပ်နဲ့နာမ်နဲ့ရှိကြပါတယ်။လူမှာ အချစ်စိတ်ရှိသလို လိင်စိတ်ဆိုတာလည်းမကင်းနိုင်ကြပါဘူး။ ဒါရှက်စရာမဟုတ်ပါဘူး။ ဒါသဘာဝပါ၊ အမှန်တရားပါ။

အဲ့ဒီစိတ်ကြောင့်ပဲ လူတွေဖြစ်ကြ၊သံသရာတွေရှည်ကြနဲ့ ကျွေးရမွေးရနဲ့ တကယ်ကိုအလုပ်တွေများလှပါတယ်။ ဒါကြောင့် အဲ့ဒီလိင်စိတ်ကို ထိန်းချုပ်ဖို့က အလွန်အရေးပါတယ်... အထူးသဖြင့် ကျွန်တော်တို့ ယောကျ်ားလေးတွေပေါ့။

ဘာကြောင့်ထိန်းချုပ်ဖို့လိုတာလဲ။

လိင်စိတ်ဆိုတာ လူသားတွေရဲ့ အသွေးအသားထဲကဆန္ဒတစ်ခုပါ။ မရှိရင်လည်းမကောင်းသလို အလွန်အကျွံများလွန်းရင်လည်း သိပ်ကိုဆိုးပါတယ်။ တန်ရင်ဆေးလွန်ရင်ဘေးသဘောပါပဲ။

မိန်းမပျိုလေးတွေအဖို့ အချို့အမှားတွေက အကြိမ်ကြိမ်မှားပါစေဦးတော့ ဘေးမဖြစ်ပေမယ့် လိင်စိတ်ကိုအလွန်အလိုလိုက်မိရင်တော့ တစ်ကြိမ်မှားရုံနဲ့ ပြင်မရတဲ့အမှား၊ ဆုံးရှုံးမှုများတဲ့ အမှားဖြစ်သွားပါတယ်။

ဒါဆို မိန်းက‌လေးတွေပဲလား....

မဟုတ်ပါဘူး ယောင်္ကျားလေးတွေလည်းဆုံးရှုံးမှုတွေရှိပါတယ်။ ဒီမိန်းကလေးနဲ့ဖြစ် သူကိုယ်ဝန်ရ ဒီလိုနဲ့ကိုယ်က တာဝန်မယူတော့ တစ်ခါအဖမ်းခံရဦးမယ်။ ဘဝမှာ တစ်သက်သာ မုဒိန်းကောင်ဆိုတဲ့ ဖျတ်မရတဲ့ အမည်းစက်ကြီးစွန်းသွားပြီ။

ယူပြန်တော့လည်း ငယ်ငယ်ရွယ်ရွယ် နဲ့ လူမှုကိစ္စတွေ စောစီးစွာကြုံတွေ့ရတယ်။ ဝေဖန်မှုတွေ၊ ပုံမှန်ထက်ကြမ်းတဲ့ လောကဒဏ်တွေလည်း ခံရတယ်။ ဒါကြောင့် ဒီလိုတွေမဖြစ်အောင် ထိန်းချုပ်ခံစားတတ်အောင် ကြိုးစားရမှာပါ......

မထိန်းချုပ်နိုင်ရင် ဘာဖြစ်မလဲ?
     
(၁) ဒီစိတ်ကြောင့် စောစီးစွာ အိမ်ထောင်ပြုတယ် ရည်မှန်းချက်ပန်းတိုင်ကို သွားဖို့အစား ဒီစိတ်နဲ့ပဲပျော်မွေ့နေတယ် ဒီလိုဆိုရင် စီးပွားရေး ပညာရေး အတွက် အဟန့်အတားဖြစ်စေပါတယ်... ။

(၂) ဒီစိတ်ကို မထိန်းချုပ်ပဲ လွှတ်ထားပါက အထိန်းအကွယ်မရှိတဲ့ မြင်းတစ်ကောင်လို စိတ်လွတ်ထွက်သွားနိုင်ပါတယ်.... လိင်စိတ်ပြင်းထန်မှုဟာ တရားသဘော အရ ဒုက္ခရဲ့အကြောင်းအရင်းတစ်မျိုးပါပဲ။

ကိလေသာမြူ

တဏှာဟူသည်

ပင့်ကူထွေးရစ်

ခြုံစေးပစ်သို့

အပြစ်လက္ခဏာ

ထူထပ်စွာခဲ့

ချမ်းသာမမြတ်

လွန်ညစ်ပတ်၏

လို့မဃဒေဝ ၈၇ မှာဆိုထားပါတယ်။ ပြင်းထန်တဲ့လိင်စိတ်ဟာ အပြစ်လက္ခဏာအများဆုံးပါပဲ......။

ယောင်္ကျားလေးတစ်ယောက် အပျော်ရုံမှာ ပျော်မယ် ပါးမယ် ကဲမယ် ဒီလိုနဲ့ HIV ပိုးဝင်သွားတယ် ကဲ သူဘဝတွေးကြည့် ကျန်ရှိနေတဲ့ဘဝတစ်လျှောက် နောင်တနဲ့နေသွားရမယ်.....။

မိန်းကလေးတယောက် လိင်စိတ်ကြောင့် ချစ်သူကိုအလိုလိုက်မိတယ် ဒီလိုနဲ့ ကိုယ်ဝန်ရသွားရော ဟိုက တာဝန်ယူတတ်တဲ့သူဆိုရင် အဆင်ပြေပေမယ့် မယူတတ်တဲ့ သူဆိုရင် သူဘဝအတွက် ရှေ့ဆက်ဖို့ အခက်အခဲဖြစ်မယ် မိဘတွေက နားလည်ပေးပြီး စောင့်ရှောက်ရင် ကောင်းမွန်နိုင်ပေမယ့် နားမလည်ပေးတဲ့ မိဘဆိုရင် အခက်အခဲရှိတွေရှိနိုင်ပါတယ်.... ။

ဒါတွေက မထိန်းချုပ်ခြင်းရဲ့ ရလဒ်တွေပါပဲ (ဝမ်းနည်းစရာအမှန်တရားတစ်ခုက အခုနောက်ပိုင်းမှာ ၁၆,၁၇ လေးတွေနဲ့ စောစီးစွာ အိမ်ထောင်ပြုလာကြတာပါပဲ။ )

လိင်စိတ်ဘာကြောင့် နိုးကြွလာရတာလဲ?

Social media ပေါ်မှာ တင်တဲ့ အဖော်အချွတ်ပိုစ့်တွေ ပုံတွေက လူငယ်တွေရဲ့ လိင်စိတ်ကို ပိုပြီးတွန်းအားပေးနေပါတယ်။

နောက်ပြီး အနောက်နိုင်ငံတွေရဲ့ စည်းကမ်းမဲ့ရုပ်ရှင်ကားတွေကြောင့် လူငယ်တွေဟာ ပညာသင်ချိန်မှာ မသင်ယူနိုင်ဘဲ ဒါနဲ့ပတ်သတ်တာတွေပဲ ပြောကြဆိုပြ တွေးကြနဲ့ မြင်ရတာ ဝမ်းနည်းစရာကောင်းပါတယ်။ (ကိုယ်တွေ့ကြုံရတာပါ)

ဒါဆိုဘယ်လိုထိန်းချုပ်ရမလဲ?

Sex education အကြောင်းကို အရင်ဆုံးသိအောင်လေ့လာထားရပါမယ်။ ကျွန်တော် တန်ဖိုးထားသင့် sex education ဆိုတဲ့ Post မှာလည်း မျှဝေပေးပြီးသားဖြစ်ပါတယ်။ ဒီလိုဆိုရင်အနည်းနဲ့အများတော့ ထိန်းချုပ်လာနိုင်ပါလိမ့်မယ်ခင်ဗျာ။

ဒီဆောင်းပါးဟာ ကျွန်တော့်သူငယ်ချင်းနဲ့အတူ ပူးပေါင်းရေးထားခြင်းဖြစ်ပါတယ်။

ᏂᏗᏒᏬᏦᎥ ( April 21, 2024 . 5:00 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)