ဒီတစ်ခါမှာတော့ စာလေ့လာရမှာ အသုံးဝင်မယ့် App လေးတွေ Sharing လုပ်ပေးလိုက်ပါတယ်။
- OFFTIME - ဒီ App လေးကတော့ မင်း အမြဲတမ်းသုံးနေတတ်တဲ့အလေ့အကျင့်ကို ဖျောက်ပေးနိုင်ပါတယ်၊ (မင်း တကယ်သုံးရင်ပေါ့) မင်းရဲ့ ဖုန်းအဝင်ခေါ်ဆိုမှုတွေ၊ messages, Notifications တွေကို Blocks လုပ်ပေးတယ်၊ မင်း အာရုံစိုက်မှုကို ပိုတိုးလာအောင် မင်းဖုန်းထဲမှာရှိတဲ့ App အသုံးပြုမှုကိုလည်း Limit လုပ်ထားနိုင်တယ်။
- Forest - ဒီ App လေးတော့ စာလေ့လာနေကြတဲ့ လူတိုင်းနီးပါး သိပါတယ်၊ နာမည်ကြီး App လေးပါ၊မင်း ဒီ App လေးထဲ အပင်စိုက်နိုင်မှာဖြစ်ပါတယ်၊ အပင်စိုက်ထားပြီး အပင်လေးကြီးတဲ့အထိ မင်းလုပ်နိုင်ပါတယ် မင်းဖုန်းထဲ အဲ့ app လေးထည့်ထားပြီး ဖွင့်ထားဖို့ပဲ လိုပါတယ်၊ အဲ့လိုဖွင့်ထားခြင်းဖြင့် မင်း ဖုန်းထဲ တခြား app တွေမသုံးနိုင်တော့ပါဘူး။ App ထဲက ထွက်လိုက်ရင် မင်း စိုက်ထားတဲ့ အပင်လေး သေသွားမှာပါ။
- My Math Alarm Clock - ဒီ App လေးက မင်း နှိုးစက်ကို ပိတ်ဖို့အတွက် မင်းအိပ်ရာကနေ အချိန်မီထနိုင်ဖို့အတွက် သင်္ချာပေါင်းလဒ်တစ်ခုကို ဖြေရှင်းခိုင်းမှာပါ။
- Study- ဒီ App လေးကလဲ နောက်ခံဆူညံသံတွေကို ဖျောက်ပေးထားမှာဖြစ်လို့ မင်းရဲ့စာလုပ်ချင်တဲ့ စွမ်းအားကို မြှင့်တင်ဖို့အတွက် 45 မိနစ်တစ်ခါ အသံထုတ်ပေးပါတယ်။
- Go COnqr Study Planner- နောက်ဆုံး ဒီ App လေးကတော့ ပြက္ခဒိန်မှာ Schedule ဆွဲဖို့အတွက် ကူညီပေးမှာပြီး၊ ဘာသာရပ်တွေအကုန်လုံးကို လုပ်နိုင်စေဖို့ ဘာသာရပ်တစ်ခုစီကို အချိန်ခွဲပြီးသိမ်းပေးထားမှာဖြစ်ပါတယ်။
ဒီ App ၅ ခုထဲမှာ မိမိနဲ့ အဆင်ပြေမယ့်ဟာကို ရွေးပြီး Download ဆွဲ အသုံးပြုနိုင်ပါတယ်။
Study App ကတော့ ios အတွက်ပဲ ရှိပါတယ်။
Download ဆွဲဖို့ App Link တွေ တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်ရှင့်။
https://examtime.en.uptodown.com/android
My_Collections_Channel
April 20 Saturday2024
12:50PM (@Ag)
#Studying