Author's Profile Photo

SarPhat Author

20/04/2024

အထွေထွေကျန်းမာရေးဗဟုသုတစာတိုများ(၁)

1 min read
Life Style
Health
General Knowledge

ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါတွေသန့်စင်စေဖို့ အသည်းက လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ အဲဒါကြောင့် အသည်းက ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။
"
လူ့ကိုယ်ခန္ဓာအတွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဆီးကနေ တဆင့်စွန့်ထုတ်လိုက်တာဖြစ်တာကြောင့် ဆီးရွှင်စေနိုင်တဲ့ သဘာဝသောက်စရာDetox Water ဟာ ဆီးလမ်းကြောင်းမှာ ပိုးဝင်တာနဲ့ အခြားရောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။

Detox water က အစာခြေရည်အလွန်အကျွံထွက်တာကြောင့် အစာအိမ်ထိခိုက်တာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ပိန်းရွက်က ခန္ဓာကိုယ်ရဲ့ သံဓာတ် လိုအပ်ချက်ကို ဖြည့်တင်းပေးသလို အားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ပိန်းရွက်မှာ omega 3 ပါဝင်နေတာက သွေးကြောတွေကို ပြေလျော့စေပြီး ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ပုံမှန် ဖြစ်အောင် ထိန်းညှိပေးပါတယ်။ သွေးတိုးရှိသူတွေအတွက် သင့်တော်ပါတယ်။

ပိန်းရွက်မှာ ဗီတာမင် B အုပ်စုပါဝင်နေတာကြောင့် အာရုံကြော စနစ်ကို ကျန်းမာစေပြီး ထုံကျဉ်တာ၊ နာကျင်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

ပိန်းရွက် နုနုလေးတွေမှာ ပိန်းရွက် ရင့်ရင့်တွေထက် အဆိပ်အတောက် ပိုများပါတယ်။ အရွက် ရင့်လေလေ oxalate နည်းလာလေလေပါ။ ဒါကြောင့် ပိန်းရွက်ကို ကိုင်တဲ့အခါ လက်ယားတယ်လို့ ခံစားရတာပါ။ပိန်းရွက်မှာမှ ဒီ oxalate ဒြပ်ပေါင်း ပါဝင်နေတာ မဟုတ်ပါဘူး။ ဟင်းနုနွယ်၊ ပဲ၊ ပဲပိစပ်၊ beet root တို့မှာလည်း ပါဝင်နေပါတယ်။ ပါဝင်မှု ပမာဏ နည်းတာ များတာပဲ ကွာခြားတာပါ။

ဂျူးဖူးမှာ အစွမ်းထက် ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့် သွေးကြောအသစ်တွေ၊ ဆဲလ်နဲ့ တစ်ရှူး အသစ်တွေနဲ့ ကြွက်သားထု ဖြစ်စေဖို့ လှုံ့ဆော်ပေးတဲ့ ကော်လာဂျင် ထွက်ရှိစေဖို့လည်း စွမ်းဆောင်ပေးပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း