သင်္ကေတ

ဒီစာလေးကို မဖတ်ခင် တစ်ခုတော့ မှတ်ထားပါ။ "လူတိုင်းမှာ မတူညီတဲ့ လေ့လာနည်း နည်းလမ်းပေါင်းများစွာ ရှိကြတယ်၊ တခြားလူတွေ အလုပ်ဖြစ်တဲ့အရာက မင်းအတွက် အလုပ်ဖြစ်ချင်မှ ဖြစ်မယ်"
ဒါကြောင့် မင်းကိုယ်တိုင် မင်းအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို မတွေ့သည်တိုင်အောင် ဆက်ပြီး ရှာဖွေကြိုးစားသွားပါ။
ဒီမှာတော့ မင်းအတ္ပက် အထောက်အကူဖြစ်စေမယ့် အထိရောက်ဆုံး လေ့လာနည်း ၁၀ ချက်ကို ပြောပြပေးသွားပါမယ်။?
ဟုတ်ပါတယ်၊ အချိန်က အင်မတန်မှ အရေးကြီးပါတယ်၊ အချိန်ယူပြီး စနစ်တကျ သေချာစီစဥ်ထားက မင်းလေ့လာနေတဲ့ ပန်းတိုင်ရောက်ရှိဖို့အတွက် အကူအညီပေးမှာပါ။
ဒါမှ မင်း အတန်းမှာ ပါဝင်နိုင်မှာဖြစ်ပါတယ်၊
2. အတန်းချိန်ကို မပျက်ပါနဲ့။
"ကျောင်းမှန်မှန်တက် စာမခက်" ဆိုသလိုပေါ့၊ အတန်းမှန်မှန်တက်ဖို့လိုပါတယ်၊ အတန်းပျက်ခြင်းက မင်းရဲ့ လေ့လာမှု ပန်းတိုင်ကိုရောက်ဖို့ကို ထိခိုက်နစ်နာစေပါတယ်။ မင်း အတန်းပျက်ရင် သင်လိုက်တဲ့ ဘာသာရပ်ရဲ့
ဗဟုသုတတွေ မင်းရဲ့ မှတ်စုစာအုပ်ထဲမှာ အပေါက်ဖြစ်သွားမှာပါ။
မင်းအတန်းကို သေချာတက်ပြီးလျှင် ကျန်ရှိနေတဲ့ အချိန်ပိုတွေမှာ စာပြန်လုပ်ရန်၊အလုပ်လုပ်ရန်၊သူငယ်ချင်းတွေနဲ့ တွေ့ဖို့၊ မင်းအတွက် တခြားအရေးကြီးတဲ့အရာတွေကို လုပ်နိုင်မှာဖြစ်ပါတယ်။
အတန်းထဲမှာ မင်းရဲ့ဆရာများပြောနေသည့်စကားကို အာရုံစိုက်ပြီး လိုအပ်သလို မှတ်စုယူခြင်းနဲ့ မင်းရဲ့ နားထောင်မှုကို လေ့ကျင့်ဖို့ မမေ့ပါနှင့်။
3. မှတ်စုမှတ်ပါ။
မင်းစာသင်ချိန်အတွင်းမှာ လိုက်မှတ်ထားတာက မင်းရဲ့ သင်ယူနေမှုကို ပိုကောင်းစေပြီး နောက်ပိုင်းမှာ မင်းရဲ့ မှတ်စုတွေကို မင်း ပြန်ပြီး ကိုးကားအသုံးချနိုင်စေတယ်။
မှတ်စုမှတ်ထားခြင်းက အချက်အလက်တွေကို မင်းရဲ့ Long-term Memory ရေရှည်မှတ်ဉာဏ်မှာ မှတ်မိဖို့ ကူညီပေးနိုင်ပါတယ်၊ အဲ့လိုမှတ်ထားခြင်းက မင်းစာပြန်လုပ်တဲ့အချိန်နဲ့ Assignment တွေလုပ်တဲ့ချိန်မှာ အသုံးချဖို့ မင်းမှတ်စုတွေက အရေးကြီးပါတယ်၊
အတန်းပြီးတဲ့အခါမှာလည်း မင်းမှတ်စုတွေကို စုစည်းဖို့အဆင်ပြေအောင် ရှင်းရှင်းလင်းလင်းနဲ့ ဖတ်ရလွယ်အောင်ရေးပါ၊ အဓိကအချက်တွေကို မျဥ်းသားပါ ဒါမှမဟုတ် Highlight သုံးပါ၊ မင်းမှတ်ထားတာမရှင်းလျှင် အချက်ကို ပြောပြပြီး မင်းရဲ့ ဆရာကို မေးနိုင်တယ်။
မင်း အချက်အလက်တွေကို ရိုးရိုးရှင်းရှင်းဖြစ်စေဖို့အတွက် Flow Charts , Mind maps တို့လိုမျိုးတွေကို သုံးခြင်းက ကောင်းပါတယ်၊
မင်း အတန်းလွတ်သွားရင်လည်း မင်းရဲ့ သူငယ်ချင်းတွေရဲ့ မှတ်စုတွေကို ကိုးကားပြီး မေးနိုင်ပါတယ်၊ အဲ့လိုပြန်မှတ်ထားခြင်းက မင်းရဲ့ မှတ်စုစာအုပ်မှာ အလွတ်ဖြစ်မနေတော့ပါဘူး။
4. ဆရာတွေနဲ့ စကားပြောပြီး မေးခွန်းများ မေးပါ။
တနည်းအားဖြင့် ကျွန်မတို့အတွက် ဆရာ/ဆရာမများက ရင်းမြစ်ကြီးတစ်ခု ဖြစ်ပါတယ်။
စာသင်ချိန်အတွင်း သို့မဟုတ် စာသင်ချိန်အပြီးမှာ ဆရာ/ဆရာမများကို ကိုယ်မသိတာများ မေးခွန်းမေးခြင်းက သင်ယူမှုကို အပြန်အလှန်သက်ရောက်မှု ဖြစ်စေပါတယ်၊
အဲ့လိုမျိုး မင်းက မေးခြင်းကိုလည်း မင်းရဲ့ ဆရာက သဘောကျပြီး ကူညီရတာကိုပျော်ရွှင်နေမှာ သေချာပါတယ်။
5. စာလေ့လာတဲ့နေရာကို ရှင်းရှင်းလင်းထားပါ။
မင်းစာလုပ်တဲ့နေရာက ရှုပ်ပွနေရင် မင်းစာလုပ်ချင်မှာ မဟုတ်တာ အသေချာပါပဲ။
မင်းစာလုပ်တဲ့နေရာ ရှင်းလင်းနေမှ မင်းစာလုပ်ချင်ပြီး အချိန်ကြာကြာစာလုပ်နိုင်မှာပါ။
အဲ့တာမှ မင်း ပိုကောင်းတဲ့ရလဒ်ကို ရမှာပါ။
6. စာလေ့လာဖို့ အစီအစဥ် ဆွဲပါ ပြီးတော့ မင်း ဆွဲထားတဲ့အတိုင်း လိုက်နာပါ။
မင်း Study Plan ဆွဲထားတာက မင်းရဲ့ အချိန်စီမံခန့်ခွဲမှုကို မယုံနိုင်လောက်အောင် အကူအညီဖြစ်စေပြီး မင်း လေ့လာမှုပန်းတိုင်ကို ရောက်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။
7. သင်ယူပြီးသားစာတွေကို ပြန်ဖတ်ရုံသာမက ပြန်လေ့လာပါ။
မင်း စာဖတ်နေတဲ့အခါ သို့မဟုတ် မှတ်စုတွေကို ပြန်ဖတ်နေတဲ့အခါ မင်းသင်ယူနေတာမဟုတ်တော့ပါဘူး၊ အဲ့တာ မင်းဦးနှောက်ကို မှတ်ထားအောင် လုပ်နေခြင်းပဲ ဖြစ်ပါတယ်၊
မင်းစာပြန်ဖတ်နေမဲ့အစား -
8. စာလေ့လာတဲ့နေရာက တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာကို သတ်မှတ်ထားပါ။
ထိထိရောက်ရောက် စာလေ့လာဖို့ဆို ဒီအချက်ကလည်း အရေးကြီးပါတယ်၊ မင်းစာလေ့လာတဲ့နေရာ အေးငြိမ်းနေမှ
ဒါကြောင့် စာလ့လာဖို့နေရာကို ငြိမ်သက်ပြီး အသံတွေကင်းရှင်းနေတဲ့နေရာမျိုးကို ရွေးချယ်ပါ။
အရေးကြီးဆုံး နောက်တစ်ခုက မင်းရဲ့ ဖုန်းပါ။ ? မင်းရဲ့ဖုန်းက အကြီးမားဆုံး စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်၊ မင်း စာလုပ်နေတဲ့အချိန်မှာ မင်းရဲ့ဖုန်းကို Silent or Mute လုပ်ထားပါ။
9. ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းသပ်ပါ။
ဒီတစ်ချက်ကလည်း မင်းစာလုပ်ရမှာ ပိုပြီးထိရောက်အောင် ကူညီပေးမှာပါ၊ တခြားလူတစ်ယောက်လုပ်ပြီးသား ဉာဏ်စမ်းပဟေဠိဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်လုပ်ထားတာနဲ့ပဲ ဖြစ်ဖြစ် ပြန်လေ့ကျင့်ပါ၊
ဒီလေ့လာနည်းက
ဒီလိုမျိုးလုပ်ခြင်းက အကောင်းဆုံး စာလေ့လာနည်းစနစ်တစ်ခုဖြစ်ပါတယ်။
10. အတူတူစာလေ့လာဖို့ သူငယ်ချင်းရှာပါ ဒါမှမဟုတ် စာလေ့လာတဲ့ အဖွဲ့တွေမှာ ပါဝင်ထားလိုက်ပါ။
? အကောင်းဆုံးနည်းလမ်းတစ်ခု ကတော့
တခြားလူတစ်ယောက်ကို ပြန်လည် ဝေမျှပေးရမှာပါ၊ အဲ့တာမှ မင်း သင်ယူတာ တကယ် တတ်ကျွမ်းနားလည်တာပါ၊ မဟုတ်ရင် မင်း တကယ် မတတ်မြောက်ပါဘူး၊
✨ အဲ့လိုလုပ်ဖို့ မင်းသူငယ်ချင်းနဲ့ပဲ ဖြစ်ဖြစ်၊ အဖွဲ့တစ်ခုမှာပဲဖြစ်ဖြစ် Sharing လုပ်နိုင်ပါတယ်။
လုပ်ခြင်းအားဖြင့်
ဒီ ၁၀ ချက်ကတော့ မင်း စာလေ့လာတဲ့အခါမှာ အထိရောက်ဆုံးဖြစ်စေမယ့် အချက်တွေပဲ ဖြစ်ပါတယ်။?
Concept Maps Sample လုပ်ပြထားပါတယ်။
အောက်က Telegram Channel မှာ ဝင်ရောက် ကြည့်နိုင်ပါတယ်ရှင့်။
My_Collections_Channel
April 20 Saturday2024
12:20PM (@Ag)
#Studying
Keep Reading