သင်္ကေတ
ဒီဆောင်းပါးမှာ စိတ်နှင့် ပတ်သက်သောအကြောင်းလေး အနည်းငယ်ဖော်ပြသွားမည်။
စတဲ့ မေးခွန်းတွေနဲ့ စလိုက်ကြပါစို့....
မေးခွန်း (၄) ခုမှာ အောက်ဆုံးတစ်ခုကို ဒီစာဖတ်ပြီးလျှင် မိမိကိုယ်ကိုယ်ပြန်မေးကြည့်စေချင်ပါတယ်။
(1) လူတွေဘာကြောင့် စိတ်ညစ်သလဲဆိုရင် စိတ်ညစ်ခြင်းဆိုသည့်အရာကို ကိုယ့်ဦးနှောက်မှလက်ခံလိုက်သောကြောင့် စိတ်မှ စိတ်ညစ်ခြင်းကို ဖြစ်ပေါ်စေတယ်၊ စိတ်နှင့် ဦးနှောက်သည် ဆက်စပ်နေပါတယ်၊တစ်ခုခုအရေးကြုံပေါ်လာလျှင် လူတိုင်းနီးပါးပြောလေ့ရှိတတ်တယ်။
" စိတ်ညစ်လိုက်တာ၊စိတ်ညစ်ဖို့ကောင်းလိုက်တာ၊ စိတ်လေလိုက်တာ၊ စိတ်ရှုပ်လိုက်တာ၊" စသဖြင့် ဒီလိုမျိုး Negative Thoughts မကောင်းသော အတွေးများဖြင့် မိမိကိုယ်ကိုယ် ပြန်ပြောနေတတ်ကြပါတယ်။
ဒီလိုမျိုးပြောလိုက်သောအခါ မိမိဦးနှောက်မှ မှတ်လိုက်ပြီး စိတ်ကို အဆင်မပြေ (စိတ်ညစ်မှု) ဖြစ်သွားစေတယ်။
(2) ကျွန်မ၏အမြင်အရ ဒီကမ္ဘာမှာ စိတ်မညစ်ဖူးတဲ့လူ ရှိမယ်မထင်ပါ၊
ကျွန်မသေချာအောင် Internet မှ ရှာဖွေသော်လည်း တိကျတဲ့အဖြေမတွေ့ပါ၊ (ကျွန်မထံ သေချာတိကျသောအဖြေရရလာလျှင် ပြန်ပြောပြပေးပါမည်) စာဖတ်သူတွေရော ဘယ်လို ထင်ကြပါသလဲ၊ ?
လူ့ဘဝသို့ စရောက်လာခြင်းအခါမှ တစ်ခုမဟုတ် တစ်ခုကြောင့် စိတ်ညစ်စရာအခြေအနေ ရောက်ရှိဖူးမည်ဟု ထင်တယ်၊ (ကျွန်မကိုယ်တိုင်သည်လည်း စိတ်ညစ်ဖူးခဲ့သည်) အခုလက်ရှိအချိန်တွင် စိတ်အဆင်ပြေအောင် နေတတ်လာသဖြင့် စိတ်ညစ်ခြင်းကို မခံစားရတော့ပေ။
(3) စိတ်ညစ်လာလျှင် လုပ်စရာအရာများ များစွာရှိသည်၊ ကျွန်မ ကိုယ်တိုင်လုပ်သော နည်းလမ်းလေးများ ဖော်ပြပေးပါမယ်။
❌ မလုပ်သင့်သော အရာတစ်ခု မှာ မိမိကိုယ့်ကိုယ် Numbing လုပ်ခြင်းဖြစ်ပါတယ်၊ Numbing လုပ်ခြင်း အဓိပ္ပာယ်မှာ မိမိဖြစ်နေသောအရာများကို မေ့ပျောက်သွားအောင် ကိုယ်ကြိုက်နှစ်သက်သည့်အရာများဖြင့် အစားထိုးလုပ်ခြင်း ဖြစ်တယ်။ ဥပမာ- အစားအစာများကို အများကြီးစားခြင်း၊ အရက်သောက်ခြင်း၊ ပိုက်ဆံများကုန်သွားအောင် Shopping ထွက်ခြင်း စသဖြင့်ဖြစ်တယ်။ အဲ့လိုလုပ်တဲ့အခါ မပျောက်သည့်အပြင် ပို၍ပင် ဆိုးရွာလာစေနိုင်ပါတယ်။
ကျွန်မ လုပ်သည့်အရာမှာ ကိုယ်လုပ်စရာရှိသည့်အရာကို ဆက်လုပ်လိုက်ခြင်း ဖြစ်တယ်။ ကျွန်မရဲ့ အဲ့လိုလုပ်ခြင်းက ကျွန်မအတွက် စိတ်ညစ်မှုကိုဖယ်ရှားစေနိုင်တယ်၊ အဲ့လိုလုပ်ဖို့အတွက် အားတစ်ခု လိုအပ်ပါတယ်။ အဲ့တာက ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တတ်ပြီး ကျေးဇူးတင်တတ်သော စွမ်းအား ဖြစ်တယ်။ ဒီအချက်တွေသည် ကျွန်မအတွက်သာမှန်လျှင် မှန်နိုင်ပြီး တခြားလူများလည်း လိုက်လုပ်၍ အဆင်ပြေနိုင်ကောင်း ပြေနိုင်သည်၊ မပြေနိုင်လျှင် မပြေနိုင်ပါ၊ လူတစ်ယောက်နှင့် တစ်ယောက်သည် မတူသောကြောင့် ဖြစ်သည်၊
(4) ငိုနေရုံဖြင့် ပြဿနာများ မဖြေရှင်းသွားနိုင်ပါ၊ ငိုနေခြင်းသည် ပြဿနာများအတွက် အဖြေမဟုတ်၊ ငိုနေခြင်းဖြင့် မပြီးနိုင်၊ ကိုယ်တိုင် စိတ်အေးအေးထားပြီး အဖြေရှာမှ ဖြေရှင်းနိုင်မည် ဖြစ်သည်၊ ပြဿနာများကို ရှောင်လွဲနေရင်ရော ပြီးသွားမှာလား၊ မပြီးသွားနိုင်ပါ၊ ထပ်ရောက်လာမည်သာဖြစ်သည်၊ ရှောင်ဖယ်ထွက်ပြေးခြင်း သည်လည်း အဖြေမဟုတ်ပါ။
အဖြေများသည် မိမိကိုယ်တိုင်တွင်သာရှိပါတယ်။ All Answer is YOU.
ဒီလိုဆိုရင် စာဖတ်သူလေးတွေ စိတ်အကြောင်းအနည်းငယ် သိသွားပြီဟု ထင်ပါတယ်။
ဤစာကိုဖတ်၍ သေချာ၊ရှင်းလင်းသဘောပေါက် သိနားလည်သွားသော် စာရေးသူ ကျေနပ်ပိီတိဖြစ်အံ့။
April 19 Friday 2024
1:50 PM [@Ag]
#Psychology
Keep Reading