Author's Profile Photo

Kiwi

19/04/2024

စည်း

1 min read
Life Style
Personal Development
General Knowledge

စကားလုံးလေးက တစ်လုံးတည်းပါပဲ။ ဒါပေမဲ့ အဓိပ္ပါယ်ကတော့ အရမ်းနက်ရှိုင်းပါတယ်။ ကျွန်မကတော့ လူတိုင်းမှာ ''စည်း'' လေး တွေထားထားစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ''စည်း'' မရှိတဲ့လူဟာ အကာအကွယ်မရှိတဲ့အိမ်လေးတစ်အိမ်လို့ ကျွန်မ ထင်တာကြောင့်ပါပဲ။

ကိုယ့်ရဲ့ Boundary ကို သေချာမချမှတ်ထားတဲ့သူတွေဟာ ပင်ပန်းရတတ်ပါတယ်။ ကိုယ်နှစ်သက်တဲ့အရာတွေကို သူတစ်ပါးက လှောင်ပြောင်ဝေဖန်တာ၊ ကိုယ့်ကိုဆို အားမနာဘဲ စိတ်ထင်သလို ပြောဆိုဆက်ဆံကြတာဟာ Boundary ဆိုတဲ့ စည်းကို သေချာမချမှတ်ထားလို့ပါ။ လူတွေက ပြောလို့ရတဲ့သူဆို ပြောပြီး၊ နိုင်လို့ရတဲ့သူဆို အနိုင်ယူတတ်ကြတဲ့ စိတ်လေးလည်း ရှိကြတာမလား။

အဲ့ဒါကြောင့် ဒီ Content လေးမှာ စာဖတ်သူတို့ကို ကျွန်မပေးချင်တဲ့ Message လေးကတော့ ရုန်းကန်လှုပ်ရှားရလို့ ပင်ပန်းနေတဲ့ လောကကြီးမှာ အခြားသူတွေကပေးတဲ့ စိတ်ပင်ပန်းမှုတွေကိုမရရှိရလေအောင် ''စည်း'' လေးထားပြီး ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ကြဖို့ရယ်၊ သူတစ်ပါးရဲ့ ချမှတ်ထားတဲ့ ''စည်း'' လေးတွေကိုလည်း ပြက်ရယ်မပြုဘဲ လေးစားတတ်ကြဖို့ အမှာပြုချင်ပါတယ်။

အားလုံးပဲ ဒီနှစ်သစ်မှစပြီး နောင်နှစ်ပေါင်းများစွာအထိ သာယာပျော်ရွှင်တဲ့ ဘဝများပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

Kiwi

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်