Author's Profile Photo

Yours Nu Nu Aung

1/08/2023

အကောင်းဆုံး လူဖြစ်ခဲ့တယ်

1 min read
Life Style
အကောင်းဆုံး လူဖြစ်ခဲ့တယ်'s photo

ဘဝထဲဝင်လာတဲ့လူတိုင်းအတွက် ကိုယ်ဟာ အကောင်းဆုံးလူဖြစ်ခဲ့တာများတယ်။
အဲလိုဖြစ်အောင်လည်း ကြိုးစားနေထိုင်တယ်။
ကိုယ်နဲ့ပတ်သက်ဖူးလို့ နစ်နာသွားတယ်ဆိုတာ
မရှိစေရဘူး။အကောင်းဆုံးအရာတွေပဲ ပေးခဲ့တယ်။
ချစ်ခြင်းမေတ္တာကအစ စစ်မှန်ခဲ့တယ်။
ကိုယ့်ဘဝထဲ ဝင်လာတဲ့လူတွေအတွက် ကိုယ်ဟာ
အလင်းရောင် တစ်ခုပဲ ဖြစ်ချင်တယ်။
I will be a light for them ပေါ့။
အဆင်မပြေတဲ့အခါ၊စိတ်ဓာတ်ကျအားငယ်လာတဲ့အခါ
ကိုယ့်ကို လာရှာပါ၊သတိရပါလို့ပဲ အမြဲပြောတယ်။
ပျော်ရွှင်တဲ့အခါဆို ကိုယ့်ကို မေ့ထားလည်း ဖြစ်တယ်
ဆိုပြီး ပြောတတ်တဲ့လူမျိုးပါ။
ရယူခြင်းတွေလည်း စိတ်မဝင်စားပါဘူး။
ပေးဆပ်ခြင်းတွေသာ များခဲ့တယ်။ပေးဆပ်တာများ
တဲ့အခါ ရံဖန်ရံခါ စိတ်နာကျင်ရတာတို့တော့
ရှိတာပေါ့လေ။ဘဝကို နောင်တနည်းနည်းဖြင့်သာ
ရှင်သန်ခွင့်ပြုပါ။

#နူးနူးအောင်

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း