Nicolette
စာအုပ်က အကောင်းဆုံးအိပ်ဆေး ဆိုပေမယ့် စာလေ့လာနေရင်း အိပ်ချင်တာတော့ တကယ်အဆင်မပြေတာပါ။
လူသားတွေရဲ့ ဦးနှောက်က စာရေးဖို့နဲ့ စာဖတ်ဖို့ ဒီဇိုင်းလုပ်ထားတာမဟုတ်ပါဘူးတဲ့။
ဒါကြောင့် စာရေးစာဖတ်ရင် ဦးနှောက်ခမျာ အရမ်းကို ပင်ပန်းပါတယ်။
စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး ဖတ်လိုက်ပြီဆိုတာနဲ့ သင်ဖတ်လိုက်သမျှ စာလုံးတွေကို သင့်ဦးနှောက်က လိုက်ပြီး ပုံဖော်ရပါတယ်။
ဒါက တီဗီကြည့်တာနဲ့ မတူပါဘူး။
တီဗီနဲ့ ဇာတ်လမ်းတွေကတော့ သူများပုံဖော်ထားပြီးသားကို ကြည့်ရတာ ဖြစ်တဲ့အတွက် စိတ်ထဲပုံဖော်စရာမလိုတာကြောင့် တီဗီကြည့်ရင် သိပ်မပင်ပန်းပါဘူး။
စာအုပ်ဖတ်တာ စာရေးတာက စိတ်ထဲအရမ်းကို တွေးတောပုံဖော်ရပါတယ်။
ဒီလိုကြောင့် တအား အိပ်ချင်လာတာပါ။
အိပ်ပျော်ချင်လို့ စာဖတ်တာဆိုရင်တော့ ကောင်းပါတယ်။
စာဖတ်ရင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာပေါ့။
စာလေ့လာနေတာ စာမေးပွဲတွေ၊ အလုပ်အင်တာဗျူးတွေအတွက် စာဖတ်တာဆိုရင်တော့ အိပ်ပျော်တာ အိပ်ငိုက်တာက အနှောင့်အယှက်အလွန်ဖြစ်ပါတယ်။
စာလေ့လာရင်း မအိပ်ခင်အောင် အောက်ပါ နည်းလမ်းလေးတွေ သုံးကြည့်ပါ။
(1) သရေစာ စားပါ
ရေများများသောက်ပြီးတော့ မုန့်တစ်ခုခု အထူးအဖြင့် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို စားပေးပါ။
ကျန်းမာတဲ့ သရေစာတွေက စာလေ့လာဖို့အတွက် အထောက်အကူဖြစ်ပါတယ်။ ဆီများတာမျိုးကို ရှောင်ပါ။
(2) စာလေ့လာမယ့်နေရာ စာဖတ်မယ့်နေရာကို သီးသန့်ထားပါ
စာဖတ်ရင်းအိပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် အိပ်ရာပေါ်မှာ စာဖတ်တာကိုရှောင်ပါ။
စာဖတ်တဲ့နေရာကို သီးသန့်ထားပေးပါ။ ကော်ဖီဆိုင်တွေနဲ့ စာကြည့်တိုက်တွေမှာ သွားပြီး စာလေ့လာတာမျိုးက အလွန်ကောင်းပါတယ်။
ပတ်ဝန်းကျင်အပြောင်းအလဲက ဦးနှောက်ကို လန်းဆန်းစေပါတယ်။
(3) အလင်းရောင်ကောင်းကောင်းရပါစေ
ညဘက်ဆိုရင်လဲ စာလေ့လာမယ့်နေရာအနီးတဝိုက်ကို မီးဖွင့်ထားပါ။
စာကြည့်မီးအိမ်သုံးတာက အာရုံစူးစိုက်မှုကို ပိုကောင်းစေပါတယ်။
နေ့ခင်းဆိုရင်တော့ နေရောင်များများရတဲ့နေရာမျိုးကို ရွေးချယ်ပါ။
(4) အနားယူပါ
တထိုင်ထဲနဲ့ အများကြီးလေ့လာဖို့ အများကြီးဖတ်ဖို့ စိတ်မကူးပါနဲ့။
အနားယူပြီး လမ်းလျှောက်တာမျိုးလုပ်ပါ။ အနားယူတဲ့အချိန်မှာတော့ ဖုန်းကိုကောက်မကိုင်ပါနဲ့။
အင်တာနက်ဖွင့်လိုက်ပြီဆိုတာနဲ့ စာလုပ်တဲ့ဆီ ပြန်ရောက်တော့မှာ မဟုတ်ပါဘူး။
နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ကိုကိုယ် စည်းကမ်းတင်းကျပ်ထားပါ။
ဒီအချိန်ဒါပြီးအောင်လုပ်မယ်ဆိုရင် ပြီးအောင်လုပ်ပါ။
ကိုယ့်ကိုကိုယ် အရမ်းညှာတာလွန်းတာက နည်းလမ်းကောင်းမဟုတ်ပါဘူး။
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading