SarPhat Author

ဇွဲရှိမှုဟာ အောင်မြင်မှုသော့ချက်ထဲကတစ်ခုပါ။
အောင်မြင်မှုကို ရယူခြင်းဆိုတာ လေဆန်တိုက်ပွဲတစ်ခုနဲ့တူပါတယ်။ ဒါပေမယ့် အောင်မြင်သူတွေလို့ ကွဲပြားသွားစေတဲ့အဓိကသော့ချက်ကတော့ စိန်ခေါ်မှုတွေတွေ့လည်းကြံ့ကြံ့ခံနေနိုင်ခြင်းပါပဲ။ ဇွဲလုံ့လကိုလက်ကိုင်ထားခြင်းဟာ နောက်ဆုံးလက်ရွေးစင်တွေဖြစ်လာဖို့ ဘယ်လို ကူညီပေးလဲဆိုတာကြည့်လိုက်ရအောင်။
စတင်ခြင်းအကြောက်တရား: ကနဦးအကျပ်အတည်းကိုဖြတ်ကျော်ခြင်း
အောင်မြင်မှုခရီးစဉ်ဟာ ပထမဆုံးခြေလှမ်းတစ်ခုနဲ့စတင်ပါတယ်။ ဒါပေမယ့် လူတွေဟာ အဲဒါခြေလှမ်းကိုယူဖို့တုံ့ဆိုင်းကြပါတယ်။ ရှုံးနိမ့်မှုကိုကြောက်ရွံ့ခြင်း၊ မသေချာမရေရာမှုနဲ့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှုတွေဟာ စိန်ခေါ်မှုအသစ်တွေနဲ့ အိပ်မက်တွေနောက်လိုက်ဖို့ နောက်ပြန်ဆွဲထားလေ့ရှိပါတယ်။ အဲဒီအစပိုင်းအခက်အခဲတွေဖြတ်ကျော်နိုင်ဖို့အတွက် ဒီနည်းလမ်းတွေသုံးကြည့်ပါ။
◾တိကျပြီးရယူနိုင်တဲ့ ပန်းတိုင်သတ်မှတ်ပါ။ ပြီးတော့ကိုင်တွယ်ရလွယ်တဲ့တာဝန်သေးလေးတွေအဖြစ်ထပ်ခွဲပါ။
◾အခက်အခဲတွေထက် ရနိုင်ချေရှိတဲ့ ဆုလာဘ်နဲ့ အခွင့်အလမ်းတွေကို အာရုံစိုက်ပါ။
◾လမ်းညွှန်မှုနဲ့ အားပေးမှုတွေအတွက် mentor, သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက် တွေနဲ့ အဆက်အသွယ်တည်ဆောက်ပါ။
စဉ်ဆက်မပြတ်လုပ်နိုင်ရန်စိန်ခေါ်မှုများ
အစဆိုတာပထမဆုံးခြေလှမ်းပဲဖြစ်ပြီးတော့ တကယ့်စိန်ခေါ်မှုက ဒီခရီးထဲမှာရှိနေတာပါ။ လမ်းသစ်ဖောက်တဲ့သူအများစုဟာ အခက်အခဲတွေ ကြောင့် စိတ်ပျက်အားလျှော့ဖြစ်တာတွေ၊ စိတ်အားထက်သန်မှုလျော့တာတွေဖြစ်တတ်ပါတယ်။ လမ်းကြောင်းထဲဆက်ရှိဖို့နဲ့ အရှိန်ကိုဆက်ထိန်းနိုင်ဖို့ ဒီနည်းလမ်းတွေ စမ်းသပ်ကြည့်ပါ။
◾ပန်းတိုင်ဆီရောက်ဖို့တိုးတက်မှုတွေပေးတဲ့ နေ့စဉ်တာဝန်နဲ့အကျင့်တွေချမှတ်ပါ။
◾အောင်မြင်မှုသေးသေးလေးတွေကိုလည်း အသိအမှတ်ပြုပါ။
◾ရလဒ်နဲ့ ဝေဖန်ချက်တွေပေါ်မူတည်ပြီး ကိုယ့်ရဲ့ ချဉ်းကပ်ပုံကို မှန်မှန်သုံးသပ်ပြောင်းလဲပါ။
◾တိုးတက်ဖို့နဲ့သင်ယူဖို့ အခွင့်အလမ်းတွေအဖြစ် အခက်အခဲတွေကို ပွေ့ဖက်လက်ခံပါ။
လက်လျှော့ရန်သွေးဆောင်ဖျားယောင်းခြင်း
ရှေ့ကိုတွန်းတက်တယ်ဆိုရင်တောင်မှ အောင်မြင်မှုဆီသွားရာလမ်းကချောမွေ့တယ်ဆိုတာရှားပါတယ်။ အဲလိုခက်ခဲတဲ့အချိန်တွေမှာ လိုက်လျှော့ချင်စိတ်တွေကြီးစိုးလာပါတယ်။ ကြံ့ကြံ့ခံနိုင်မှုကိုပျိုးထောင်ပြီး ဒီလိုသွေးဆောင်မှုတွေကို ခံနိုင်ရည်ရှိစေဖို့ ကျင့်ကြံစရာနည်းလမ်းတွေရှိပါတယ်။
◾လိုက်လျောညီထွေနေနိုင်စွမ်း၊ သင်ယူမှုနဲ့ တိုးတက်မှုကို အလေးထားတဲ့ growth mindset ကို ထိန်းသိမ်းပါ။◾ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုတဲ့ ကရုဏာတရားနဲ့ဆက်ဆံဖို့လေ့ကျင့်ပါ။
◾ အပြင်းအထန်ဝေဖန်ရှုံ့ချတာတွေ မလုပ်ဘဲ မပြည့်စုံမှုတွေကိုလက်ခံပါ။
◾ဒီလမ်းရွေးဖို့စတင်လှုံ့ဆော်ခဲ့တဲ့ အကြောင်းပြချက်နဲ့စိတ်ထက်သန်ပြင်းပြခဲ့မှုတွေနဲ့ ကိုယ့်ရဲ့ “ဘာကြောင့်”ဆိုတဲ့အချက်နဲ့ ပြန်သတိပေးပါ။
နောက်ဆုံးကျန်နေနိုင်သောလက်ရွေးစင်များ: မဆုတ်မနစ်သောဇွဲကို ကျင့်သုံးခြင်း
“အောင်မြင်သူတွေဟာ နောက်ဆုံးကြံ့ကြံ့ခံတဲ့သူတွေပါ” ဆိုတဲ့စကားဟာ စိန်ခေါ်မှုနဲ့ အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံနိုင်တဲ့ အရည်အသွေးထဲမှာမှ အောင်မြင်မှုရှိနေတယ်ဆိုတာ ပြနေပါတယ်။ဇွဲနပဲ၊ကြံ့ကြံ့ခံမှုနဲ့ တိုးတက်လိုစိတ်တွေကို မြှင့်တင်ခြင်းဟာ ကိုယ့်ရဲ့ပန်းတိုင်ကိုရောက်နိုင်သလို နောက်ဆုံးကြံ့ကြံ့ခံနေနိုင်တဲ့လက်ရွေးစင်လည်းဖြစ်လာနိုင်ပါတယ်။
ခရီးစဉ်ကိုအောင်မြင်ဖို့ဆိုတာစတင်နိုင်တဲ့အရည်အချင်းတစ်ခုတည်းမဟုတ်ပါဘူး။ လက်မြှောက်အရှုံးပေးဖို့ကိုငြင်းဆိုပြီး ဆက်သွားနိုင်တဲ့အစွမ်းလည်းပါပါတယ်။ ဇွဲကို ဖက်တွယ်ခြင်းဟာ ပန်းတိုင်ကို ရောက်စေတဲ့နည်းပါပဲ။
Keep Reading