SarPhat Author
"မီးဖိုနားကပ်မှတော့ ပူမှာပေါ့"
"ပူတာကိုမမှုပါဘူး လောင်ကျွမ်းပြကျသွားပါစေအုံး အဲ့ဒီ့မီးဖိုနားဘဲနေချင်တယ်။ မီးကိုမှ ချစ်မိပြီဘဲ တခြား ဘာတတ်နိုင်အုံးမှာလဲ"
"အကို"
"....."
"ငိုချင်နေတာ"
"ဘာလို့ငိုချင်တာတုန်း"
"လွမ်းတယ်အကို တကယ်သတိရတယ်..ကျွန်တော်ဘယ်လိုစိတ်နဲ့နေထိုင်နေရလဲ အကိုမသိပါဘူး"
"မလွမ်းပါနဲ့ လွမ်းချင်စရာမကောင်းဘူး"
"ဟင့်အင်း...လွမ်းတဲ့စိတ်ကိုတားလို့မရပါဘူး"
"ငါကမကောင်းဘူး ငါ့မှာ အမှားတွေကြီးဘဲ"
ငါဟူသောစကားကိုသာ စိမ်းသက်စွာသုံးလေသည်။ကြင်နာရိပ်သန်းသော "အကို" ဟူသောနာမ်စားသည် စိမ်းရက်လေသူအကို့ ထံ၌မရှိတော့။အပြောင်းအလဲတို့ကား မြန်လှသည်။လွမ်းရသောအသံ မျှော်လင့်ရသောအသံသည် လက်တွေ့တွင်မချိုသာလှပေ။
"အကိုဂရုစိုက်နော်.."
"ကိုယ့်ဘာကိုယ်သာဂရုစိုက်ပါ"
"....."
"....."
ပြောစရာစကားများစွာရှိ၍ စောင့်စားခဲ့ရသည့်တိုင် အဆက်အသွယ်ပြန်ရချိန်တွင် ဘယ်စကားကိုမှသေချာမပြောနိုင်။ချစ်တဲ့စကားများသည် အကို၏စိမ်းသက်မှုထံ၌ သိမ်ငယ်သွားရပြီ။နာကျည်းစွာ ပြောမည့်စကားတို့သည် အကို့ အသံကိုကြားစ၌ပင် ပျောက်ရှပြီးဖြစ်လေသည်။တဖက်သတ်ဖြစ်ပေါ်နေသော စကားတို့အတွက် အရှက်တရားကိုမူ မတွေးမိ။အဆက်အသွယ်ရခိုက်တွင်တော့ လွမ်းကြောင်းကို ပြောချင်သည်။
"ဘာလို့ ကျွန်တော့်ကို အဆက်အသွယ်ဖြတ်တာလဲ"
"ငါ့ခံစားချက်လေးနဲ့ငါနေချင်လို့ ဘယ်သူ့မှမဆက်သွယ်ဖြစ်ဘူး"
"ဒီတခါပြီးရင် လုံးဝမဆက်သွယ်တော့ဘူးမလား ကျွန်တော်သိတယ် အကိုကျွန်တော့်ကို အဆက်အသွယ်ဖြတ်ဖို့ လုပ်နေတာ"
"မဟုတ်ပါဘူး ဒီအတိုင်း သံသရာကြွေးမပါချင်လို့"
"သံသရာကြွေးမပါဖို့က ကျွန်တော်ဆုတောင်းရမှာမလား ကျွန်တော်က အကို့ဆီမှာ သံသရာအဆက်ဆက်ကဝဋ်ကြွေးတွေဆပ်နေရတာ"
"...."
"ကျွန်တော်ဘယ်လိုကျန်နေခဲ့ရလည်း ဘယ်လောက်ခံစားနေရလည်း ဆိုတာ အကိုယုံမှာမဟုတ်ဘူး"
"ယုံပါတယ် ငါပြောစရာရှိတယ် နားထောင်လို့ကောင်းပါ့မလားတော့မသိဘူးပေါ့လေ"
"ပြောပါအကို နားထောင်လို့မကောင်းရင်တောင် အကိုပြောသမျှကို နားထောင်ချင်တယ်"
"ငါ့ဘဝမှာလူနှစ်ယောက်ကိုဘဲချစ်ဖူးတယ် သူတို့က ပထမဆုံးနဲ့နောက်ဆုံးဘဲ"
သွေးအေးအေးနဲ့ အကိုပြောသည်။ရက်ရက်စက်စက်ပြောထွက်လေသည်။ချစ်တဲ့သူတို့နှင့် ဝေးကွာရသော အကို့ကို ကြံဖန်၍ ကိုယ်ချင်းစာမိသေးသည်။ဤသို့ပင် အကို့အပေါ်ထားသော အကြင်နာသည် အကိုပေးသောဝေဒနာ ထက် အဆများစွာပိုလေ၏။ အကို့ဘက်တွင်ကား
"အကိုဟာ ကျွန်တော့်ကိုမချစ်ခဲ့ပါဘူး"တဲ့။ချစ်သည်ဟု ပြောတုန်းကယုံခဲ့သလို မချစ်သည့်အကြောင်းပြောပြန်တော့လည်း ကျွန်တော့်မှာယုံကြည်မိပြန်သည်။ အကိုသည် ကျွန်တော့်နှလုံးသား၏ အကြွင်းမဲ့ယုံကြည်ရာဖြစ်မှန်းမသိဖြစ်ေလသည်။
"ဒီစကားကို ကျွန်တော်နဲ့စတွေ့ကတည်းက အကိုပြောရမှာ"
"....."
"ကျွန်တော်သိပါတယ် အကိုချစ်တဲ့နှစ်ယောက်နဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မယှဉ်ဖူးဘူး..ဒါပေမယ့်လေ အကိုနောက်ထပ်တွေ့တဲ့သူတွေကိုတော့ကျွန်တော်ယှဉ်တယ်။အကိုဘာလို့ ဒီလောက်ခံစားလွယ်ရတာလည်း..အဲ့ဒီ့စိတ်တခုတည်းနဲ့ ကျွန်တော့်စိတ်ကိုကျွန်တော်ထိန်းချုပ်ထားတယ် အကိုက တကယ် လွယ်လိုက်တဲ့လူ"
"လွယ်လိုက်တဲ့လူ"ဟု အကို့ကို ဝေဖန်ရသည်မှာကိုယ့်ဓါးနှင့် ကိုယ့်ကိုယ်အား ထိုးရသကဲ့သို့ပင်။စကားပြောရင်းပင် နာကျင်မှုသည် တစစတိုးလာသည် ။မိမိ၏ အသံတို့သည်ပင် တုန်ခါချင်လျှက်။မျက်ရည်တို့အားရှိုက်သံမထွက်မိအောင် ထိန်းရသည်။ကျွန်တော့်၏ ပုံပျက်ပန်းပျက်စိတ်အေခြအေနကို အကို့အားမသိစေချင်။အကို့အတွက် ကျွန်တော့်ခံစားချက်တို့သည် လှောင်ရယ်စရာမျိုး မဖြစ်လို။
သက်ပြင်းချသံကြောင့်လား ရှိုက်သံသဲ့သဲ့တို့ကြောင့်လားမသိ ။ အနီးအနားရှိ လူများသည် ကျွန်တော့်အားသနားသလိုကြည့်နေသည် ဟုထင်ရသည်။ကျွန်တော်တို့၏စကားများကို ကြားသယောင်ယောင် ဝိုင်းဝန်း စူးစမ်းနေကြသည်။အချစ်မခံရခြင်းသည် ပတ်ဝန်းကျင်အထိပင်သိမ်ငယ်ရလေသည်။
"စိတ်ဖြေလက်စနဲ့ဆက်ပြီးဖြေပေါ့ ငါ့ဆီနေရင် စိတ်သောကတွေဘဲရလိမ့်မယ် မေ့လက်စနဲ့ မေ့ထားလိုက်ပါ"
"အကို့ဆီလာချင်နေတာ"
"ဘာလို့ကပ်တွယ်နေမှာလည်း ဘာမှမရနိုင်တာ"
အကို့တွင် ရက်စက်သော စကားလုံးများသာကျန်ရှိတော့သည်ထင်သည်။ တလုံးတပါဒမျှမချန် ဘာကိုမှ ကွယ်ဝှက်မနေဘဲ ဝေးကွာဖို့သာ ရည်ရွယ်နေသည်။ကျန်နေခဲ့ရသည်ကိုသိပြီးသည့်တိုင် ကြာ
Unlock to read this premium article with 10 points.