Author's Profile Photo

SarPhat Author

16/04/2024

" ဟထိုးသံမပါတဲ့ ရှမ်းပန်းကတူး"

6 mins read
Life Style
General Knowledge
18 Again

" ဟထိုးသံ မပါတဲ့ ရှမ်းပန်းကတူး "

.

.
စစ်ကိုင်းတိုင်းအထက်ပိုင်းက
တောတောင်တွေရဲ့ကြား၊
ပင်လယ်ရေမျက်နှာပြင်အထက်
ပေပေါင်းကိုးရာကျော်အမြင့်မှာ
မြို့ငယ်လေးတစ်မြို့ရှိပါတယ်။
ကတူးကနန်းဒေသလို့ သိကြတဲ့
ပင်လည်ဘူးမြို့ပါ။

ပင်လည်ဘူးရဲ့ မူလအမည်က
"ပင်ကိုင်ဖရူး" ပါ။ ရှမ်း​စော်ဘွားတွေ
မြို့တည်တော့ ကြက်ပျံမကျ
စည်ကားမယ် ဆိုတဲ့ အတိတ်နိမိတ်ကို
ယူပြီး "ပင်ကိုင်ဖရူး " လို့ ရှမ်းဘာသာ
စကားနဲ့ မှည့်ခဲ့ရာက ကာလရွေ့လျော
လာတော့ ပင်ကိုင်ဖရူးကနေ
ပင်လည်ဘူး ဖြစ်လာတာပါ။

' ပင်လည်ဘူး " ဆိုတဲ့အမည်ကို
လ ညသတ်နဲ့ ရေးပေမဲ့ ဖတ်တဲ့အခါ
" ပင်လီဘူး" လို့ အသံမထွက်ပါဘူး၊ ' ပင်လယ်ဘူး ' လို့ပဲ အသံထွက်ပါတယ်။

ဒီအမည်ကို အခုမှ စတွေ့ဖူး၊မြင်ဖူးတဲ့သူ
တစ်ချို့ကတော့ 'ပင်လီဘူး' လို့
အသံထွက်ဖတ်ကြတာပါ။
ဒေသခံပင်လည်ဘူးသားတွေ မြို့နံမည်
ရေးရင် " ပင်လည်ဘူး " လို့ရေးကြပေမဲ့
ဒေသခံမဟုတ်တဲ့သူတွေကတော့
အသံထွက်အတိုင်း " ပင်လယ်ဘူး" လို့ ရေးနေကြတာပါ။

ယပက်လက်နဲ့ လယ်တဲ့ "ပင်လယ်ဘူး" ကြောင့်......
"ပင်လယ်ဘူးက ပင်လယ်နားမှာရှိတာလား၊ သ​ေင်္ဘာနဲ့ လာရတာလား၊
ကူးတို့ခ ဘယ်လောက်ပေးရလဲ" ဆိုပြီး အမေးခံရသလို၊ နာမည်မှာ ပင်လယ်
ပါတာမို့ ရခိုင်ပြည်နယ်တို့ တနသင်္ာရီတိုင်းတို့မှာရှိတယ်လို့ ထင်တဲ့သူတွေလည်း ရှိပါတယ်။

လူသုံးကုန်ပစ္စည်းတွေကို ရန်ကုန်(ဗဟို)
ကနေ တစ်နိုင်ငံလုံးကို ခွဲတမ်းနဲ့ ခွဲပေးပြီး
ကုန်သွယ်ရေးဆိုင်တွေမှာဘဝယ်ယူရတဲ့
ဟိုး အရင် နလကခေတ်တုန်းကဆိုရင်
စာရွက်ပေါ်မှာရေးထားတဲ့ မြို့နာမည်ကိုကြည့်ပြီး ခွဲတမ်းချလိုက်တယ်ထင်ပါရဲ့၊
ပင်လယ်ဘူး အတွက်ရောက်လာတဲ့
ခွဲတမ်းက ပင်လယ်ပြင်မှာသုံးတဲ့
ငါးဖမ်းပိုက်ကြီးတွေ၊ကြိုးခွေတွေနဲ့
ဘော့သီးတွေပါ။ အဲဒီပစ္စည်းတွေက
ပင်လယ်ဘူးနဲ့ အသုံးမတည့်တော့
နှစ်အတော်ကြာတဲ့အထိ ဂိုဒေါင်ထဲမှာ
ဒီအတိုင်းပါ။

" ဆရာ------၊အထက၊ပင်လယ်ဘူးမြို့" လိပ်စာနဲ့ ရန်ကုန်စာတိုက်ကြီးကနေ
ရုံးစာတစ်စောင်ပို့လိုက်တာ၊မြို့နာမည်ကို
ကြည့်ပြီး ပို့တယ်ထင်ပါရဲ့၊အဲဒီစာဟာ
စစ်တွေကို ရောက်သွားပါရောလား၊
ပင်လယ်ဘူးမြို့ဆိုတာ ရခိုင်မှာ မရှိမှန်းစစ်တွေစာတိုက်က သိတော့ ပြန်ပို့ပါတယ်
ဒါပေမဲ့ မူလ လိပ်စာရဲ့အောက် မှာ..
"ရခိုင်ပြည်နယ်မဟုတ်ပါ တနင်္သာရီတိုင်း "
လို့ ထပ်ရေးပြီး ပို့တော့ အဲဒီစာဟာ
တနင်္သာရီတိုင်းကိုရောက်သွားပြန်ပါရော။
တနင်္သာရီတိုင်းရောက်တော့ အဲဒီ
စာကြောင်းကို မှင်နဲ့ ပြန်ကြောင်၊
" စစ်ကိုင်းတိုင်း "လို့ ထပ်ရေးပြီး ပြန်ပို့မှ ပင်လည်ဘူးကို ရောက်လာပါတယ်။
တနသင်္ာရီတိုင်းကနေ ဧရာဝတီတိုင်းကို မပို့လိုက်တာတောင် ကျေးဇူးတင်ရသေးတာ၊ လမ်းပန်းဆက် သွယ်ရေး
မကောင်းတဲ့အချိန်ကဆိုတော့ ရန်ကုန်နဲ့ပင်လည်ဘူး တစ်လကျော်တောင်
ကြာသွားပါတယ်။

ပင်လည်ဘူးမြိုနယ်မှာ ဗမာ၊ ကတူး၊
ကနန်း နဲ့ ရှမ်းနီ လူမျိုးတွေ ရောနှော
နေထိုင်ကြပါတယ်။ ဗမာကအများဆုံး
ဖြစ်ပြီး ကတူး၊ကနန်း နဲ့ ရှမ်းနီက
လူနည်းစုပါ။ ဗမာတွေက ဗမာစကား
တစ်မျိုးထဲ ပြောတတ်ကြပေမယ့်
ကတူး၊ကနန်းနဲ့ ရှမ်းနီတွေကတော့
ဗမာစကားအပြင် သူတို့ရဲ့ တိုင်းရင်း
ဘာသာစကားကိုလည်း ပြောကြပါတယ်။

ကတူး၊ကနန်း နဲ့ ရှမ်းနီ တိုင်းရင်းသားတွေ
စကားဝဲသလိုပဲ ပင်လည်ဘူးသားဒေသခံ
ဗမာတွေကလည်း စကားဝဲပါတယ်။
ဒါ့အပြင် စကားရဲ့အဆုံးမှာ.....
"ညယ် ၊ ကဲ့၊ မောင် " ဆိုတဲ့ ဝေါဟာရတွေ
ကိုလည်း ထည့်ပြောတတ်ကြပါသေးတယ်။
လေသံက ဝဲဝဲ၊ စကားရဲ့အဆုံးမှာ
ညယ်တို့၊ မောင်တို့ ပါတဲ့အပြင် စကား
ပြောတဲ့အခါ အနောက်က ကျားလိုက်
သလို ခပ်မြန်မြန် ပြောကြတာမို့
ပင်လည်ဘူးသား စကားသံကို အခုမှ
စ ကြားဖူးတဲ့သူဆိုရင် ရုတ်တရက်
နားမလည်လို့...
" ဘာ စကားတွေ ပြောတာလဲ "
" ဗမာ မဟုတ်ဘူးလား " လို့ မေးတတ်
ကြပါတယ်။

ကတူးလည်း မဟုတ်၊ ကနန်းလည်း မဟုတ်၊ ရှမ်းနီလည်းမဟုတ်လို့
ဗမာ လို့ပြောပေမယ့်၊ တစ်ချို့က
မယုံကြပါဘူး။ ဒါကြောင့်လည်း
ပင်လည်ဘူးသားလူကြီးသူမတွေရဲ့လက်သုံးစကားဖြစ်တဲ့
" ရှမ်းပန်း ကတူးလူမျိုး " လို့
လွယ်လွယ်ဖြေလိုက်ရာကနေ
ရှမ်းပန်းကတူးလူမျိုး ဖြစ်မှန်းမသိ
ဖြစ်သွားကြပါတော့တယ်။

ပင်လည်ဘူးသား ရှမ်းပန်းကတူးတွေရဲ့
စကားသံ​ကြားကာစမှာ နားမလည်ရတဲ့
အကြောင်းရင်းက စကားဝဲတာအပြင်
စကားပြောရင် ဟထိုး( ှ)သံ မထည့်ပဲ
ပြော​ကြတာကြောင့်လည်း ပါပါတယ်။

ရှမ်းပန်းကတူးတွေ စကားပြောတဲ့အခါ ရကောက်(ရ )ဗျည်းအက္ခရာတစ်ခုမှာပဲ ဟထိုးသံထည့်ပြီး၊ ကျန်တဲ့ဗျည်းအက္ခရာတွေမှာ ဟထိုးသံ မထည့်ပဲ ပြောကြတာပါ။

ဥပမာအားဖြင့်..
အရှေ့ကို.................အရှေ့ ၊
အရှိကို.....................အရှိ ၊
ရှမ်းကို .....................ရှမ်း လို့
အသံထွက်ပေမယ့်.....
ငှက်ကို....................ငက်၊
နှစ်ကို......................နစ်၊
နှမ်းဆီကို................ နန်းဇီ၊
လှေကို.....................လေ၊
မွှေးတယ် ဆိုရင်......မွေးဒယ် ၊
မှားတယ် ဆိုရင်...... မားဒယ် လို့ပဲ အသံထွက်ကြတာပါ။
ဟထိုးသံမပါပဲပြောဆိုနေကြပေမယ့်လည်း
ရှမ်းပန်းကတူး အချင်းချင်းကတော့
ဘာပြောတယ်ဆိုတာ အလိုလို
သဘောပေါက်နားလည်ပြီးသားပါ။

အဲဒီ ဟထိုးမပါတဲ့အသံ​​ကြောင့်
တစ်ဖက်လူ နားမလည်လို့ ပြန်ရှင်းပြ
ရတာ၊ ရှင်းပြလိုက် မှ ရယ်စရာဖြစ်သွား
တာတွေလည်း ကြုံရပါတယ်။

ကျနော်ခပ်ငယ်ငယ်တုန်းက၊
ရန်ကုန်ကဆွေမျိုးတွေ ပင်လည်ဘူးကို
အလည်ရောက်လာကြပါတယ်။
ကျနော်နဲ့ရွယ်တူ လူငယ်လေး
သုံးယောက်ကို ကျနော်က မူးချောင်း
(မူးမြစ်) လိုက်ပြပါတယ်။
မိုးရာသီကာလမို့ မူးချောင်းထဲမှာ
ရေ​တွေက ကမ်းပြည့်ကမ်းလျှံပါ။
ချောင်းတစ်ဖက်ကမ်းက ရွာလေးကို
ကြည့်ပြီး သူတို့က မေးပါတယ်။
" ဟိုဘက်ကမ်းကလူတွေ ဒီဘက်ကမ်းကို
လာချင်ရင်ဘယ်လိုလာကြသလဲ "
အဲဒီတုန်းက အခုခေတ်လို မူးကူးတံတား
မရှိသေးတဲ့အပြင် ကျနော်တို့သွားကြည့်
တဲ့နေရာက လှေဆိပ်မဟုတ်တော့
လှေလည်း တစ်စီးမှမမြင်လို့ မေးတာပါ။
" လေနဲ့ လာတာပါ့ ညယ်....."
ရှမ်းပန်းကတူးလေသံနဲ့ ဖြေလိုက်တဲ့
ကျနော့စကားကိုကြားတော့ သူတို့
အားလုံး အံ့ဩသွားကြပါတယ်။
လူငယ်လေးတစ်ယောက်က မိုးပေါ်ကို
မော့ကြည့်ပြီး....
" ဟယ်.........လေနဲ့ ဘယ်လို လာတာလဲ...."
ကျနော်ပြောတဲ့ လေ ကို နားမလည်မှန်း
သိလို့ ကျနော့လက်နှစ်ဖက်ကို လှေလှော်
တဲ့ပုံ လုပ်ပြီး၊
" တိုက်တဲ့ လေ မဟုတ်....ဘူး.....
လော်တဲ့ လေ......လော်တဲ့ လေ...."
ကျနော်ရှင်းပြလိုက်တော့မှ သဘော
ပေါက်ပြီး တဟားဟားရယ်ကြပါတော့တယ်။

ဟထိုးမပါတဲ့လေသံကြောင့်
ဟာသလုပ်ခံရတာလည်း ရှိပါတယ်။

ဆောင်းရာသီမှာ နှင်းတွေအရမ်းကျလို့ ကားလမ်းကိုကောင်းကောင်းမမြင်ရတဲ့
အခါ ကားရှေ့မှာတပ်ပြီးထွန်းတဲ့
အဝါရောင်ဟေလိုဂျင်မီးသီးကို ​
ကားသမားတွေက "နှင်းခွဲမီးသီး "လို့
ခေါ်ကြပါတယ်။
အဲဒီနှင်းခွဲမီးသီးတွေ ပေါ်ကာစအချိန်က။
ကျ​နော့မိတ်ဆွေ ကားပိုင်ရှမ်းပန်းကတူး
တစ်ယောက် မန္တလေးရောက်တော့
အဲဒီမီးသီးသွာ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 10 points.