Author's Profile Photo

SarPhat Author

16/04/2024

အောင်မြင်သူတို့၏ ရာဇဝင် | သစ်ခုတ်သမားကနေ သမ္မတဖြစ်ခဲ့သူ Abraham Lincoln

2 mins read
Life Style
Personal Development
အောင်မြင်သူတို့၏ ရာဇဝင် | သစ်ခုတ်သမားကနေ သမ္မတဖြစ်ခဲ့သူ Abraham Lincoln's photo

?အမေရိကန်သမ္မတလို့ ပြောလိုက်ရင် Lincoln အကြောင်းက ပယ်ထားလို့မရပါဘူး။ သမိုင်းရဲ့ အရေးအကြီးဆုံး လူစာရင်းထဲမှာ Lincoln က ရှေ့ပြေးစဲပါ။ အထူးသဖြင့် သူ့ကို အကျည်းတန်လှတဲ့ ကျွန်စနစ်ကို ပျက်သုန်းစေခဲ့လို့ လူအများရဲ့ လေးစားမှုကို ခံယူရတဲ့ သမ္မတကြီး ဖြစ်လာတာပါ။ ဒါဆိုရင် သူ့ဘဝကရော အရင်ထဲက ချောချောမွေ့မွေ့ပဲလား၊ ရွှေဇွန်းကိုက်ပြီး မွေးလာတာလား၊ ဘယ်လိုကနေ အခုလို အမျှော်အမြင်ရှိတဲ့ သမ္မတကြီး ဖြစ်လာတာလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဆက်ဖတ်နိုင်ပါတယ်။

?Abraham Lincoln ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ၁၈၀၉ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ Lincoln ဟာ ထူးချွန်သလောက် ခပ်ကြာကြာတော့ သမ္မတအနေနဲ့ မထမ်းဆောင်နိုင်ခဲ့ပါဘူး။ သူဟာ ဧပြီ ၁၅ ရက်နေ့၊ ၁၈၆၅ ခုနှစ်မှာ လုပ်ကြံခြင်း ခံခဲ့ရပါတယ်။ သူ့အနေနဲ့ သမ္မတရာထူးကို ၄ နှစ်ခန့်သာ ထမ်းဆောင်ခဲ့ရပါတယ်။ Lincoln ရဲ့ ငယ်ဘဝကလည်း မချမ်းသာခဲ့ပါဘူး။ အဖေကတော့ သာမန် လယ်သမားဖြစ်ပြီးတော့၊ အမေကတော့ ဆင်းရဲတဲ့ မိသားစုကနေ လာပါတယ်။

?Lincoln ရဲ့ မွေးဇာတိကတော့ နယ်မြို့ကလေးဖြစ်တဲ့ Kentucky ပါပဲ။ သူ့ရဲ့ အစ်မနဲ့ ညီငယ်နဲ့အတူ ဖခင်ကို လယ်ယာကူပေးလိုက်၊ ငါးမြှားလိုက်နဲ့ ကူညီ အသက်မွေးခဲ့ရပါတယ်။ ကံဆိုးချင်တဲ့ သူ့ညီလေးက ရောဂါတစ်ခုကြောင့် သေဆုံးခဲ့ရပါတယ်။ နောက်တော့ တစ်မိသားစုလုံး Indiana ပြည်နယ်ကို ပြောင်းခဲ့ကြပါတယ်။ ပြောင်းပြီး နှစ်အနည်းငယ်မှာ သူ့မိခင်ကလည်း ရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့အဖေနဲ့အတူ သစ်ခုတ်လိုက်၊ လယ်စိုက်လိုက်နဲ့ အသက်မွေးခဲ့ရပါတယ်။

?မိဘကလည်း မပြည့်စုံ၊ ခေတ်ကလည်း ကြာပြီဆိုတော့ Lincoln ခင်မျာ အတန်းပညာတောင် မစုံလင်ခဲ့ပါဘူး။ သို့ပေမယ့် စာအုပ်တွေ တအားဖတ်တတ်တဲ့သူမလို့ အတွေးအခေါ် သိပ်ကောင်းပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ အရပ်တအားရှည်တာပါ။ အသက် ၁၉ နှစ်မှာတောင် အရပ် ၆ ပေ ၄ ခန့်ရှိခဲ့လို့ သူဌေးတစ်ဦးက သူ့ကို ကုန်ထမ်းပေးတဲ့ လှေလုပ်သားအနေနဲ့ အလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအခါမှာ New Orleans ဒေသကို ရောက်ရှိတဲ့အခါ တောင်ပိုင်းက ကျွန်စနစ်နဲ့ ကျွန်တွေရဲ့ဘဝအကြောင်းကို Lincoln သိလာရပါတယ်။ နောက်ပိုင်းမှာ New Salem ဆိုတဲ့ဒေသမှာ စာရေးအဖြစ်နဲ့ အလုပ်ဝင်ခဲ့ပါတယ်။ စာရေးအလုပ်လုပ်နေတုန်းမှာပဲ သာမန်စွမ်းလှတဲ့ Lincoln က နပန်းသမားအနေနဲ့လည်း ငွေရှာပါတယ်။ ကာယရော ဥာဏ်နပါ ထူးချွန်တဲ့ သူတစ်ယောက်ဖြစ်ကြောင်း ပေါ်လွင်စေပါတယ်။ ဒါ့ကြောင့်လည်း အဲ့ဒီဒေသက လူတွေက Lincoln ကိုဆို ချစ်ခင်လေးစားလာကြပါတယ်။

?နိုင်ငံရေးလောကထဲကို ၁၈၃၂ ခုနှစ်မှာ Whig ပါတီဝင်အနေနဲ့ စတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၈၃၄ မှာ Lincoln က ပြည်နယ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး ပြည်နယ်အမတ် ဖြစ်လာပါတယ်။ အဲ့ဒီနောက် Springfield ကိုပြောင်းလာပါတယ်။ အဲ့ဒီအချိန်မှာပဲ Lincoln က သူငယ်စဉ်က မရခဲ့တဲ့ အခွင့်အရေးကို အခုချိန်မှာ သေချာအသုံးချတဲ့အနေနဲ့ ရှေ့နေဘာသာရပ်ကို လေ့လာဆည်းပူးခဲ့ပါတယ်။ ၁၈၃၆ မှာ လိုင်စင်ရရှေ့နေ ဖြစ်လာပြီးနောက် ၁၈၆၀ မှာ ကျွန်စနစ်ဖျက်သိမ်းရေးကို အဓိက လှုံဆော်ကာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။

?ဒါတင်မကပဲ Lincoln က ပြည်တွင်းစစ်ကိုပါ ရပ်စေခဲ့တဲ့သူဖြစ်ပါတယ်။ ပြည်တွင်းစစ် ပြီးဆုံးပြီး ၅ ရက်အကြာ ၁၈၆၅ ဧပြီ ၁၄ ရက်နေ့မှာ Washington DC မှာရှိတဲ့ Ford ပြဇာတ်ရုံမှာ ဇနီးဖြစ်သူနဲ့ Our American Cousin ဆိုတဲ့ ဇာတ်ကို သွားကြည့်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ အမေရိကန်ဇာတ်ဆောင် John Wikes Booth ဆိုသူရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် လူသာသေပေမယ့် နာမည်မသေဘူးဆိုတဲ့ အဆိုလိုပဲ သူသေဆုံးပြီးတာတောင် သူ့ရဲ့ အဆိုအမိန့်တွေ၊ လုပ်ကိုင်ခဲ့တာတွေကြောင့် ယနေ့အထိ လေးစားခံရတဲ့ ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
"အနာဂတ်ကို အကောင်းဆုံး ခန့်မှန်းနိုင်တဲ့နည်းကတော့ ကိုယ်တိုင် ဖန်တီးယူခြင်းပဲ ဖြစ်ပါတယ်။"
"ကျွန်ုပ်က လမ်းလျှောက်နှေးတဲ့သူပါ။ ဒါပေမယ့် ဘယ်တော့မှ နောက်ပြန် မလှည့်တတ်ဘူး။"

?ဒါကတော့ အများလေးစားရတဲ့ အမေရိကန်သမ္မတဟောင်း Lincoln အကြောင်းဖြစ်ပါတယ်။ ဖတ်ပြီးတော့ ဗဟုသုတတွေရမယ်လို့ ထင်ပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လူအများချစ်ချင်ရတဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Keep Reading

ကျောင်းနှစ်ကျောင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုး