သင်္ကေတ

ဒီစာလေးကတော့ ကျွန်မ Sar Phat App ကို ဘယ်လိုသိပြီး၊ ဘယ်လိုစပြီးသုံးဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
< ကျွန်မ Sar Phat App ကို ပထမစစချင်းသိတာကတော့ Telegram Channel တစ်ခုကနေ သိခဲ့တာပါ၊ စသိပြီး App ကို ကျွန်မဖုန်းထဲ ချက်ချင်း Download လုပ်ပြီး Account ချက်ချင်းပဲ ဖွင့်ထားခဲ့ပါတယ်၊ ပြီးတော့ Telegram Channel က ညွှန်းပေးတဲ့ Owner ရဲ့ Account ကိုပါ Follow လုပ်ထားခဲ့လိုက်ပါတယ်၊ ဒီလိုနဲ့နေရင်း နောက်ရက်ကျတော့ ကျွန်မတို့ ကျောင်းက အစ်မကြီးတစ်ယောက်က ကျောင်း Group ကနေ စာရေးချင်တဲ့ လူငယ်များအတွက်ဆိုပြီး App တစ်ခုအကြောင်း လာပြောပြပါတယ်၊ ကျွန်မလဲ သွားကြည့်ခဲ့ပါတယ် အဲ့မှာတွေ့ရတာက Sar Phat App ပဲဖြစ်နေပါတယ်၊ ဒီလိုနဲ့နေပြန်ရင်း နောက်ရက်ကျ ကျွန်မဖုန်းထဲ Notification တစ်ခု ဝင်လာခဲ့ပါတယ်၊ အဲ့တာကတော့ Telegram Channel ကနေပဲ ဖြစ်ပြီး Sar Phat App ကနေ Sar Phat Top 10 Chart of the Month ဆိုပြီး အကြောင်းကို Channel Owner ကနေ သေချာရှင်းပြထားပဲဖြစ်ပါတယ်၊ Channel ရဲ့ Owner ကတော့ Sar Phat App မှာ စာအမြဲရေးနေတာပါ၊ ရေးပြီးသားတွေကိုလဲ သူ့ရဲ့ Telegram Channel မှာ ပြန်ပြီးတင်ပေးလေ့ရှိပါတယ်၊ ကျွန်မကတော့ ဒီတိုင်းပဲ ဝင်ဖတ်ပြီးပဲ နေလေ့ရှိတယ်၊
ဒီလိုနဲ့နေပြန်ရင်း နောက်ရက်ကျ Telegram Channel ကနေပဲ Owner Top 10 စာရင်းထဲဝင်လို့ ဆုရတဲ့အတွက် Sar Phat App ကနေ ဆုချီးမြှင့်ပေးတာကို ပုံလေးတွေနဲ့တင်ပေးတာကို တွေ့ရပြန်ပါတယ်၊ အဲ့ချိန်မှာ ကျွန်မစိတ်ထဲ သဘောကျလာခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ စာရေးချင်စိတ်ကိုတော့ ဒီတိုင်းပဲ ထားလိုက်ဆဲပါ၊ အဲ့ရက်အတောအတွင်းပဲ ခုနက Channel Owner ကနေ ကျွန်မဆီ သူစာရေးထားတာတွေကို နေ့တိုင်းနီးပါး လာလာပို့ခဲ့ပေးပါတယ်၊ ကျွန်မလဲ လာပို့ပေးတိုင်း ဝင်ဝင်ဖတ်ဖြစ်ခဲ့ပါတယ်၊ ဒီလိုနဲ့ တစ်ရက် Owner ကို ကျွန်မလဲစာရေးချင်ပြီဗျို့ လို့ စာပို့လိုက်ပါတယ်၊ အဲ့ Owner ကလဲ ရေးလေကွယ် လို့ဆိုပြီး ပြန်ရေးပို့ပါတယ်၊ Owner ပြန်ပို့ပေးလိုက်တဲ့ စကားလေးက ကျွန်မအတွက် ခွန်အားဖြစ်ခဲ့ပါတယ်၊ နောက်တစ်နေ့ကျ နေ့လယ်ဘက် ချက်ချင်းပဲ ကျွန်မ Sar Phat App ကို အဆင်မြှင့်ပြီး ကျွန်မရေးထားပြီးသားရှိသောစာတွေနဲ့ ခေါင်းထဲက ရေးချင်တဲ့ အကြောင်းအရာလေးတွေကိုလဲ ချက်ချင်းချရေးပြီး Sar Phat App မှာ တင်လိုက်ပါတော့တယ်၊ ကျွန်မရေးထားတဲ့ စာတွေကို App ကနေ Link တစ်ဆင့်ယူပြီး သူငယ်ချင်းတွေဆီ ပို့ပေးလိုက်ပါတယ် သူတို့ကိုဖတ်ခိုင်းပြီး Feedback ပြန်ယူခဲ့ပါတယ်၊ မှတ်မှတ်ရရ ကျွန်မရဲ့ Facebook Account မှာလဲ သွားတင်လိုက်ပါသေးတယ်၊ သူငယ်ချင်းတွေကိုလည်း Sar Phat App သုံးဖို့ ညွှန်းပေးခဲ့လိုက်ပါတယ်၊
အဲ့ချိန်ကစပြီး ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု ပိုရှိလာခဲ့သည်။ ယုံကြည်မှုနှင့်အတူ ပျော်ရွှင်မှုပါ တစ်ပါတည်း ခံစားလိုက်ရသည်။ ကျွန်မလုပ်ချင်တာကို လုပ်လိုက်ရတဲ့အတွက်ပါ ကျေနပ်မှုရှိလာခဲ့သည်။ အဓိက ကိုယ်လုပ်ချင်သည့်အရာကို စလုပ်လိုက်ဖို့သာ ဖြစ်သည်ကို ပို၍လက်ခံလာခဲ့သည်။
ဒါကြောင့်..... .ကျွန်မလိုမျိုး စာရေးချင်သူများနှင့် စာဖတ်ရသည်ကို ကြိုက်နှစ်သက်သည်များအတွက် Sar Phat App နှင့်အတူ စလုပ်လိုက်ကြဖို့ ဝမ်းသာစွာတိုက်တွန်းရင် ရေးသားလိုက်တော့သည်။
(စာကြွင်း: Telegram Channel Owner စာရေးသူ Haruki ဖြစ်ပါသည်။)
April 15 Monday 2024 (Ag)
20:50 PM
#Sar Phat App
Keep Reading