Author's Profile Photo

SarPhat Author

15/04/2024

သူတို့ခံယူတဲ့ အာဇာနည်သူရဲကောင်းဝါဒ

2 mins read
Culture
History
သူတို့ခံယူတဲ့ အာဇာနည်သူရဲကောင်းဝါဒ's photo


(ကြာချိန်- 5မိနစ်)

ပါလက်စတိုင်း တွေရဲ့ အာဇာနည်
သူရဲကောင်းဝါဒက ဘာလဲသိလား။

မသိရင်မှတ်ထားလိုက်ပါ။အဲ့တာဟာ
အ​-​​ေ-သခံ ဗုံးခွဲ တာပဲ ဖြစ်ပါတယ်။

အဓိက ပစ်မှတ်ထားတာကတော့ ထာဝရ ရန်သူတွေဖြစ်တဲ့ အစ္စရေး တွေကိုပါပဲ။

သူတို့ မျက်လုံးထဲမှာ အကြမ်းဖက် အစ္စရေး၊
ပြည်သူပြည်သား အပြစ်မဲ့ အစ္စရေးဆိုတာမရှိဘူး။ ဒီတိုင်း ရန်ဖက် အစ္စရေးပဲ။

ရက်ကွက်တွေ၊စျေးတွေ ၊ လမ်းမ​တွေ
အစ္စရေး တွေရှိမဲ့ နေရာတိုင်းမှာ သူတို့ စတေးကြတာပဲ။ စစကြားတုန်း ကတော့ သူတို့ ဘာသောက်ရူးထတာလည်းလို့ တွေးတာပဲ။

ဒါမဲ့ သူတို့ရည်ရွယ်ချက်က မပြီးဆုံးနိုင်တဲ့ ဘာသာရေး၊လူမျိုး​ရေး၊ နယ်မြေလုယက်စစ်ပဲွဲကြီးမှာ သူတို့ကိုယ် သူတို့ စတေးပြီး ဒီမြေ၊ သူတို့ပိုင်ခဲ့တဲ့
ဒီမြေပေါ်ကနေ အစ္စရေး အ​ေရအတွက် ပါနိုင်သလောက် ပါအောင်ခေါ်သွားမယ် ဆိုတဲ့ စိတ်ပဲ။ တော်ရုံအမုန်းပွားတဲ့ စိတ်မျိုး နဲ့တောင် အဲ့လိုမျိုးမတွေးရဲဘူး။

သူတို့ကို ဘာတွေကများ တွန်းပို့လိုက်တာလဲ။
ရည်မှန်းချက်တွေ၊ ဖြစ်ချင်တာတွေ ၊ ချစ်ခြင်းမေတ္တာတွေကို လွှတ်ချခဲ့ ပြီး သူတို့ ဘယ့်ကြောင့်မို့ ဒီလို အာဇာနည် သူရဲကောင်း ဝါဒ ကို ခံယူ ကြတာလဲ။

ပြောရရင်တော့ ဒီကိစ္စဟာ တကယ့်အရှည်ကြီး
ဖြစ်ပြီး အလွန်ရှုပ်ထွေးပါတယ်။ ဒါကြောင့်
အစအဆုံး မဟုတ်ပေမဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ၊ အိန္ဒိယ နဲ့ အလားတူ အခြေအနေလေးက စပြီးပြောပါမယ်။ ကမ္ဘာ့သမိုင်းကို စိတ်ဝင်စားတဲ့ သူတွေဆိုရင်တော့ ရိပ်မိကောင်းရိပ်မိပါလိမ့်မယ်။ နေမဝင် အင်ပါယာ ( ဗြိတိသျှအင်ပါယာ)လို့ လူသိများတဲ့ ကိုလိုနီ အဂ်လိပ် တွေဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရမှာ အများသိခဲ့ကြတဲ့အတိုင်း ပြည်မ နဲ့ တောင်တန်း ဒေသကို ခွဲခြားပေးခဲ့ပါတယ်။ သွေးခွဲအုပ်ချုပ်ရေး ပုံစံမျိုး ဖန်တီးယူတဲ့သဘောလို့ ဆိုကောင်းသော် ရနိုင်ပါတယ်။ မြန်မာဟာ ဒီနေရာမှာတော့ "ပင်လုံ" ကိုချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကံအနည်းငယ်ကောင်းခဲ့ပါတယ်။

နောက်တစ်ခုက တော့ အိန္ဒိယ ပါပဲ။ ကိုလိုနီ လက်အောက်ခံ ဖြစ်တဲ့ အိန္ဒိယ ကလည်း 1947 ခုနှစ် ၊ ဩဂုတ် 15 ရက်နေ့မှာ ဗြိတိသျှ အင်ပါယာ ကနေ မြန်မာနိုင်ငံ ထက် တစ်နှစ် စောပြီး လွတ်လပ်ရေးကို ရရှိခဲ့ပါတယ်။ သို့သော်လည်း လွတ်လပ်ရေးဟာ အိန္ဒိယ ကို နှစ်ခြမ်းကွဲစေတဲ့ အကြောင်းအရင်း ​ဖြစ်စေကာ အိန္ဒိယ နှင့် အရှေ့ပါကစ္စတန်ဆိုပြီး သွေးကွဲသွားစေပါတယ်။ ကျူး ကျော်စစ်တွေဖြစ်ပြီး 1970 နောက်ပိုင်းမှာတော့ အရှေ့ပါကစ္စတန် ဟာ ယခု ကျွန်တော်တို့ ခေါ်နေတဲ့ ဘဂ်လားဒေရှ့် နိုင်ငံ အဖြစ် တည်ရှိလာခဲ့ပါတယ်။ဒီနေရာမှာ အိန္ဒိယ ကို ထားခဲ့ပြီးတော့ အစ္စရေးအကြောင်းပြောပါမယ်။

20 ရာစု အစောပိုင်းထိ အစ္စရေး ဟာ နိုင်ငံ အဖြစ်မရှိခဲ့ပါဘူး။ အဲ့အချိန်မှာလည်း ပါလက်စတိုင်းဟာလည်း နိုင်ငံမဟုတ်သလို အော်တိုမန် အင်ပါယာ ထဲ ပါဝင်နေတဲ့ နယ်မြေတစ်ခုပဲ ဖြစ်ပါတယ်။ ဂျူး၊အာရပ် ၊မွတ်ဆလင် လူမျိုးတွေ နေထိုင်ရာအရပ်ဒေသတစ်ခုထက်မပိုခဲ့ပါဘူး။ ဘာသာရေးအရတော့ အထွတ်အမြတ်နေရာအဖြစ် ဘုံသဘောထားခဲ့ကြပါတယ်။ ထိုကာလအတွင်း ဥရောပမှာတော့ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာခဲ့ပြီး ဖိနှိပ်မှုတွေရှိလာတဲ့အခါ ဂျူးတွေဟာ ဂျူးနိုင်ငံတော်တည်ထောင်ဖို့ ဇီယွန်ဝါဒီ လှုပ်ရှားမှုတွေကို စတင်ခဲ့ပြီး ဂျူးတို့ ရဲ့ ကတိတော် ထားရာမြေ ပါလက်စတိုင်း ဒေသကို တဖြည်းဖြည်း ဝင်ရောက်နေထိုင်မှု များပြားလာရာကနေ အာရပ် တွေဟာ တစ်ဖြည်းဖြည်း နေရာပျောက်ဆုံး လာနေခဲ့ပြီး
မသင့်မတင့်တွေ ဖြစ်လာခဲ့ပါတယ်။
(ယခင်ကတည်းက မတည့်အတူနေသဘောမျိုးရှိခဲ့ပေမဲ့လည်း ဂျူးလူဦးရေဟာ ကနဦးထက်အရေအတွက်များပြားလာတဲ့အတွက် အရေးအခင်းတွေ ပိုဖြစ်လာတဲ့ သဘောပါ)

ပထမ ကမ္ဘာစစ်အပြီးမှာတော့ အော်တိုမန်အင်ပါယာ ဟာ ပြိုကွဲခဲ့ပြီး ကုလသမဂ္ဂ (ယခင် နိုင်ငံပေါင်းချုပ်အသင်းကြီး) ဟာ ပါလက်စတိုင်းဒေသကို ဗြိတိသျှ တွေ လက်ထဲ အာဏာ အပ်နှင်းလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ် အပြီးမှာတော့ ပါလက်စတိုင်း နဲ့ ဂျူးဘက်ခြမ်း ဆိုပြီးနယ်မြေ ပိုင်းခြား ပေးလိုက်တဲ့ အခါ 1948 ခုနှစ် မေ 14 ရက်မှာ အစ္စရေး နိုင်ငံဖြစ်တည်လာခဲ့ပါတယ်။

အချိန်တိုတွင်း ပါလက်စတိုင်း နယ်မြေတွေဟာ
အစ္စ​​ေရးရဲ့ တတိတိတိုက်စားခံရပြီး နိုင်ငံရယ်လို့ပြောဖို့ရာ ခက်ခဲတဲ့ အထိဖြစ်လာခဲ့ပါတယ်။
"နာ့ကဘာ" လို့ ပါလက်စတိုင်းတွေ ခေါ်ကြတဲ့
တစ်မျိုးသားလုံးဆိုင်တဲ့ ကပ်ဘေးကြီး ဟာ
ပါလက်စတိုင်း လူမျိုးခုနှစ်သိန်းခွဲရဲ့ နေစရာ မြေတွေကို ပျောက်ဆုံးစေ ခဲ့ပြီး ၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတာတွေ ၊ အစ္စရေး ထဲပါသွားသော မြေပေါ်ကနေ နှင်ထုတ်ခံရတာမျိုးတွေ ဖြစ်ခဲ့တဲ့အထိ ဆိုးရွားခဲ့ပါတယ်။ တိုက်စားခံရတဲ့ နိုင်ငံ နဲ့ နယ်မြေ အတွက် ပါလက်စတိုင်း တွေ ဘယ်လိုရှေ့ဆက်သွားခဲ့ရပါသလဲ။ စစ်ရေး၊ ငွေကြေး၊လက်နက်အင်အား၊ အင်အားကြီးနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းမွန်တဲ့ အစ္စရေး ကို သူတို့ ဘယ်လိုရင်ဆိုင်ကြလဲ။အဆုံးတစ်ခု မှာ ဘာ
ကြောင့် အာဇာနည် သူရဲကောင်းဝါဒ ဟာ အခုထက်တိုင်ရှိနေရပါသလဲ ဆိုတာ ပြောဖို့ ၊ကဲ့ရဲ့ဖို့၊ ရှုံ့ချ ဖို့ထက် သူတို့ရဲ့ အာဇာနည်သူရဲကောင်းဝါဒ
( ဝါ )လွတ်မြောက်ရာလမ်းကို သိစေခဲ့ပါတယ်။

Note: ပါလက်စတိုင်း ဟာ နိုင်ငံအဖြစ် 1988 ခုနှစ် ၊ နိုဝင်ဘာ 15 ရက်နေ့မှာ ကြော်ငြာ ခဲ့သော်လည်း ၎င်းရဲ့ ပိုင်နက်အဖြစ်သတ်မှတ်ထားတဲ့ နယ်မြေတွေဟာလည်း အစ္စရေး နိုင်ငံအတွင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။
ပထမတစ်ခုက နိုင်ငံအဖြစ် အသိမှတ်ပြုခံရမှာသာ နိုင်ငံအဖြစ် ရပ်တည်ဖို့အရာအဆင်ပြေနိုင်မှာပါ။(အသိမှတ်ပြု ခံရတယ်ဆိုတာ ကမ္ဘာပေါ်ရှိနိုင်ငံတော်တော်များများက ထိုနိုင်ငံကို လက်ခံပြီး အသိအမှတ်ပြုမှုအပေါ်မှုတည်နေပါတယ်)

ဒုတိယ စိတ်ဝင်စားဖို့ကောင်းတာကတော့ ကိုလိုနီ ပြုတဲ့ အဂ်လိပ် တွေရဲ့ နယ်မြေပိုင်းခြားပြီး လွတ်လပ်ရေးပေးတဲ့ ပုံစံဖြစ်ပါတယ်။ နယ်နမိတ်
သတ်မှတ်ပေးရတာမှန်သော်လည်း လူမျိုးရေး အရသော်လည်းကောင်း ၊ ဘာသာရေးအရသော်လည်းကောင်း အထိအရှဖြစ်စေတဲ့ ခွဲဝေပေးမှုတွေ ရောနှောပါဝင်နေတာကိုတွေ့ရတာပဲ ဖြစ်ပါတယ်။

စာဖတ်သူတစ်ယောက်ချင်းစီိ အား ကျေးဇူးတင်လျှက်
....



Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ