Author's Profile Photo

SarPhat Author

15/04/2024

ဒုတိယမိခင်

1 min read
Life Style
Art
History
ဒုတိယမိခင်'s photo

ကျွန်မ၏ ဒုတိယမိခင်မှာ အစ်မဖြစ်သည်။ သူသည်
မိန်းကလေးဖြစ်သော်လည်း သိမ်မွေ့နူးညံ့မှုမရှိ ။ယောကျာ်းဆန်သော မိန်းကလေးတစ်ယောက်ဖြစ်သည်။ အကြီးဆုံးပီပီ ဆယ်တန်းအောင်ကတည်းကပင် ကိုယ့်တာဝန်ကိုယ်ယူကာ တက်ကသိုလ်ဆက်တက်ကာ ဘွဲ့ယူခဲ့သူဖြစ်သည်။
ပညာရေးမှာထူးချွန်သူမဟုတ်သော်လည်း အလုပ်ကိစ်စတွင် စေ့စပ်သေချာသူဖြစ်သည်။ သူမသည် အိမ်ကိစ်စကို တာဝန်ယူထားသူဖြစ်သည်။ သူမသည် အလှူအတန်းရက်ရောသူ ဖြစ်သည်။ သဒ်ဒါပေါက်ပါက
အကုန်လှူတတ်သေးသည်။ သူမနှင့် ကျွန်မသည် အသက် ဆယ်နှစ်ကွာပါသည်။ သူမသည် ကျွန်မနှင့်သိပ်မရောပေ။ ငယ်ငယ်ကတော့ ကြည့်မရသော်လည်း ကြီးလာမှနားလည်လာသည်။ ‌အကြီးဆုံးပီပီ ဒေါသထွက်လျှင် ကျွန်မကိုတွေ့ရာပစ်စည်းနှင့် ပေါက်တတ်သေးသည်။
သူနှင့်ကျမအမှတ်တရ များစွာရှိပါသည်။ သူမသည် ဆိုင်ကယ်စီးကြမ်းသူပီပီ ခနခနဆိုင်ကယ်လဲရာတွင်နာမည်ကြီးသည်။ ကျွန်မကိုကျောင်းပို့လျှင် ကျွန်မပါ ဆိုင်ကယ်လဲရသည်။ တခါက မိုးတွင်းြကီး
ချိုင့်ကို‌ခြေထောက်မိသည်နှင့် သူရောကျမပါ ဆိုင်ကယ်လဲသည်။ ‌အဖြူအစိမ်း ရေစိုကြီးနှင့်ပင်ကျောင်းတက်ရသည်။ သူမကျူရှင် လိုက်ပို့လျှင်လမ်းမကူးပေးချေ။
သူမသည် မိမိဘာသာကူးခိုင်းပါသည်။ ကျမလည်းရင်တထိတ်ထိတ်နှင့်ပင် ကူးရပါသည်။
ထို့ကြောင့်ပင်ငယ်ငယ်က သူ့ကိုချဉ်မိပါသည်။ တခါက ထိုင်နေသောသူမကို ခြင်းလုံးကလာမှန်ပါသည်။ြခင်းလုံးကို သူမတစစီဓါးနဲ့ခုတ်ပါသည်။သူမ၏ ပါးစပ်မှ ငါ့ကိုတခါလုပ်ရင်ဆယ်ခါလုပ်ရမှကျေနပ်သည်ဟု ကြိမ်းဝါးတတ်ပါသေးသည်။ သူမ လူမှား၍ပါးရိုက်ခံရသောအခါတွင်လည်း ပုလင်းနဲ့ပြန်ချပါသည်။သို့သော်လည်းကျွန်မအမသည် မိန်းကလေးြဖစ်ပါသည်။ သူမနှင့်ကျမ စကားများြပီး ကျူရှင်သွားသည့်နေ့က သူမဆိုင်ကယ်စီးရင်း နားကြပ်တပ်ထားပါသည်။ လမ်းတွင် ဗွက်ထ၍ ဆင်းနေခဲ့ရာ ကျွန်မကျန်နေခဲ့ပါသည်။ သူမ ပြန်လာခေါ်ပါသည်။
မည်သိုပင်ဆိုစေ သူမသည် ကျွန်မအဖို့ဒုတိယမိခင် ဖြစ်မှန်းမသိဖြစ်နေပါသည်။ သူမသည် စပ်စပ်ထိမခံသော်လည်း စိတ်ရင်းကောင်းပါသည်။ သူမနှင့်နေလျှင်
မျက်နှာမငယ်ရပါ။ အမျိုးြကားထဲရောက်လျှင်လည်း
သူမသည် အကြီးပီသစွာနေပါသည်။ ကျွန်မနေမကောင်းဖြစ်စဉ် အခါက အိမ်သာသို့ကျောပိုး၍ပို့ပါသည်။ ယခုကျွန်မဝတ်သောအကျီအများစုမှာလည်း
သူမအကျီများပင် ဖြစ်ပါသည်။သူမခက်ခဲစွာရလာသောပစ်စည်းများကို ကျွန်မအားအလွယ်သာကူပင်ပေးတတ်ပါသည်။ သူမသည် အိမ်၏ စားဝတ်နေရေးကိုလည်း တာဝန်ယူထားပါသည်။ ကျွန်မသည်အငယ်ဖြစ်၍ သူမခင်းသောလမ်းကိုလွယ်လွယ်
ကူကူလျှောက်ခွင့်ရပါသည်။ ထို့ကြောင့် အမရှိခြင်းသည် ကျွန်မအဖို့ ဆုလာဘ် တစ်ခုဖြစ်ပါသည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်