"ကျေအေးပေးခြင်းက ကလဲ့စားချေခြင်းထက် ပို၍ကောင်းပါသည်"
- အမှန်တိုင်းပြောရရင် လူတစ်ယောက်က ကိုယ့်အပေါ် အမှားလုပ်ထားရင် ကျေအေးပေဖို့ဆိုတာ တကယ်မလွယ်တဲ့ ကိစ္စပါ။
- အများစုကတော့ ဂရုဏာတရားရှေ့ထားပြီး ကျေအေးကြတယ်
- တစ်ချို့ကတော့ မျက်ကွယ်ပြုထားကြတယ်(မေ့ထားလိုက်တယ်ပေါ့)
- တစ်ချို့ကလည်း အားနာတတ်တဲ့ သူတွေမို့ ကျေအေးပေးကြတယ်ပေါ့နော်(ဥပမာ ကျွန်မလို့ပေါ့)
- ကလဲ့စားမချေသင့်ဘူးလို့ ကျွန်မကတော့ထင်တယ် ဘာလို့လဲဆိုတော့
- အဲ့လူအကြောင်းတွေးနေရင် စိတ်ရှုပ်တယ်
- ဘာလို့တွေးနေမှာလဲ အချိန်ကုန်တယ်
- သူရိုင်းလည်း ကိုယ်ပြန်မရိုင်း
- ကိုယ်ဒေါသမထွက်ပဲနေရင် ကုသိုလ်တောင် ရတယ်
သိသလောက် ပြောပြပေးကြည့်တာပါ
အမှားပါရင် ခွင့်လွှတ်ပါ
ပထမဆုံး စရေးတာ မို့လို့ပါ
ခင်မင်စွာဖြင့်#