Author's Profile Photo

အက္ခရာ - Haruki

15/04/2024

သင်ယူတတ်မြောက်ခြင်း လ-သုံးလုံး

1 min read
Life Style
Personal Development
18 Again
သင်ယူတတ်မြောက်ခြင်း လ-သုံးလုံး's photo

သင်ယူတတ်မြောက်ခြင်းနဲ့ ပတ်သက်လို့ မရှိမဖြစ် လုပ်ကိုလုပ်ရမယ့် အဆင့်သုံးဆင့်ရှိကြောင်းကို ကျွန်တော်ဆရာဖူးကျော်ဇင်ရဲ့ စာအုပ်လေးတစ်အုပ်မှာ ဖတ်လိုက်ရပါတယ်။ ဒါကို ဆရာက "လ-သုံးလုံး" လို့အမည်ပေးထားပါတယ်။

ဒီ “လ-သုံးလုံး" ဟာ ပညာရပ်တစ်ခုခုကို ကျွမ်းကျင်စွာတတ်မြောက်စေဖို့အတွက် ရေ သောက်မြစ်သဖွယ် အရေးပါတဲ့ကိစ္စပါလို့ ဆရာကဆိုထားပါတယ်။ ကဲ...ဒါဆို အဲ့ လ-သုံးလုံးကဘာများလဲ။

သင်ယူတတ်မြောက်ခြင်း "လ- သုံးလုံး” ဆိုတာကတော့ -

၁။ လေ့လာခြင်း၊

၂။ လေ့ကျင့်ခြင်း နဲ့

၃။ လက်တွေ့လုပ်ဆောင်ခြင်း တို့ပဲဖြစ်ပါတယ်။

၁။ လေ့လာခြင်း

လေ့လာသင်ယူခြင်းဟာ ကျွမ်းကျင်တတ်မြောက်ဖို့အတွက် ပထမ ခြေလှမ်းပါ။ မလေ့လာ၊ မသင်ယူဘဲနဲ့ ဘာမှသိမှာ တတ်မှာ မဟုတ်ပါဘူး။ "လေ့လာခြင်း" ဟာ အသိပညာဗဟုသုတ (Knowledge) တွေကို ပေးပါတယ်။ ဒါပေမယ့် "လေ့လာခြင်း"အဆင့်နဲ့ပဲ ရပ်တန့်နေလို့ မရပါဘူး။ ဒုတိယခြေလှမ်းအနေနဲ့ "လေ့ကျင့်မှု" တွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။

၂။ လေ့ကျင့်ခြင်း

“ထပ်တလဲလဲလေ့ကျင့်ခြင်းဟာ ဘုရင်ပဲ” ဆိုတဲ့ စကားရှိပါတယ်။ အားကစားပဲဖြစ်စေ၊ စီးပွားရေးလုပ်တာပဲဖြစ်စေ၊ ဘာသာစကားပြော ဆိုတာပဲဖြစ်စေ၊ ဟောပြောတာပဲဖြစ်စေ ထပ်တလဲလဲ လေ့ကျင့်မှုကိုလုပ်ကြရပါတယ်။

လေ့လာသင်ယူရုံသက်သက်နဲ့တော့ ကျွမ်းကျင်မှုဆိုတာ ဖြစ်မလာနိုင်ပါဘူး။ လေ့ကျင့်မှု (Practice) ကသာလျှင် ကျွမ်းကျင်မှု (Skills) တွေကို ဖြစ်စေမှာပါ။ လေ့ကျင့်မှုတွေများများလုပ်ထားမှ ကျွမ်းကျင်မှုနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုတွေရရှိလာပြီး တကယ့် ဘဝရဲ့ကစားပွဲထဲမှာ ဝင်ပြိုင်အနိုင်ရမှာဖြစ်ပါတယ်။

၃။ လက်တွေ့ လုပ်ခြင်း

နောက်ဆုံး လ-တစ်လုံးကတော့ “လက်တွေ့လုပ်ခြင်း” ပဲဖြစ်ပါတယ်။ လေ့လာထားတယ်၊ ပြီးတော့ လေ့ကျင့်မှုတွေပြုလုပ်ထားတယ်ဆိုရင် လက်တွေ့ လုပ်ဆောင်ဖို့ (Action) ပဲ ရှိပါတော့တယ်။

"သင်ပြီးမလုပ်ရင် မသင်ထားတာနဲ့ အတူတူပဲ" ဆိုတဲ့ စကားလေးတောင် ရှိပါသေးတယ်။ ဟုတ်ပါတယ်... ဘဝမှာ အမှန်တကယ် ပေါက်မြောက် အောင်မြင်ချင်ရင် ကိုယ်အောင်မြင်လိုတဲ့ နယ်ပယ်မှာ လက်တွေ့ လုပ်ဆောင်ပြီး အတွေ့ အကြုံ (Experinece) တွေယူဖို့လိုပါတယ်။

ဒါကြောင့် တိုးတက်အောင်မြင်ဖို့ဆိုရင် ?

စာဖတ်သူလေးအနေနဲ့ ဒီ "လ-သုံးလုံး“ ကို အမြဲလုပ်ဆောင်နေဖို့လိုအပ်ပါတယ်။ လေ့လာပြီးရင် လေ့ကျင့်ရမယ်။ လေ့ကျင့်ပြီးရင် လက်တွေ့ လုပ်ရမယ်။ လက်တွေ့လုပ်ရင်းနဲ့လည်း လေ့ကျင့်နေမယ်။ လေ့ကျင့်နေရင်းနဲ့ လေ့လာသင်ယူမှုတွေ ပြုလုပ်နေမယ်။

ဒီလို "လ-သုံးလုံး" ကို အပြန်အလှန် အဆက်မပြတ် ကျင့်သုံးလုပ်ဆောင်နေခြင်းဟာ ကိုယ်လေ့လာသင်ယူနေတဲ့ ပညာရပ်နယ်ပယ်မှာ ထူးချွန်အောင်မြင်မှုတွေဖြစ်လာမှာ မလွဲမသွေပါပဲ။

သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်ပွဲခံတဲ့ လူတွေဟာ "လေ့လာ၊ လေ့ကျင့်၊ လက်တွေ့ လုပ်" လမ်းစဉ်ကို ကောင်းကောင်းနား လည်ကြသူတွေဖြစ်ပါတယ်။ “လ-သုံးလုံး" ကိုပြုလုပ်ခြင်းဟာ ကျွန်တော်တို့ရဲ့ အားနည်းချက်၊ ပျော့ညံ့ချက် (Weaknesses) တွေကို အားသက်ချက် (Strengths) တွေအဖြစ် ကောင်းသထက်ကောင်းအောင် လုပ်ပေးနိုင်တဲ့ အရာပါပဲခင်ဗျာ။

ᏂᏗᏒᏬᏦᎥ ( April 15, 2024 . 11:35 AM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)