SarPhat Author

✔️အခုအခန်းမှာတော့ ပစ္စုန်ကို သတိကပ်ခြင်းရဲ့ အကျိုးတရားနဲ့ ထိန်းချုပ်လို့ရတဲ့အရာတွေပေါ်မှာပဲ အာရုံစိုက်ခြင်းရဲ့ အရေးကြီးပုံတွေကိုလေ့လာကြရအောင်ပါ။ လူအများစုက သူတို့ မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ်မှာစိုးရိမ်ကြတယ်။ နောက်ဆုံးတော့ အကျိုးမရှိတာနဲ့ စိတ်ပျက်စရာပဲကျန်ပါတယ်။ဒါပေမယ့် ထိန်းချုပ်လို့ရတဲ့ အရာတွေပေါ်ပဲအာရုံစိုက်ရင်အလုံးစုံ ပျော်ရွှင်မှုနဲ့ စိတ်ပိုင်းရာ အဆင်ပြေဖို့အတွက် အဓိကအလှည့်အပြောင်းကြီးဖြစ်စေမှာပါ။
✔️သတိကပ်မှုဟာ နေ့စဉ်ပစ္စုပ္ပန် ဘဝရဲ့ အရေးပါမှုကို သင်ကြားပေးပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဧရာမအကူအညီကြီးတစ်ခုလည်းဖြစ်ပါတယ်။
စည်းဘောင်သတ်မှတ်ခြင်းဟာလည်း ထိန်းချုပ်နိုင်တဲ့အရာတွေအပေါ် အာရုံထားနိုင်ဖို့အတွက် အရေးကြီးတဲ့အပိုင်းပါ။ လိုအပ်တဲ့အခါ ငြင်းဆိုခြင်းနဲ့ အချိန်နဲ့စွမ်းအင်တွေကို ပိုပြီးထိထိရောက်ရောက်အသုံးချခြင်းဟာ အလုပ်နဲ့ဘဝအချိုး ညီမျှစေသလို လုပ်ဖော်ကိုင်ဖက်၊သူငယ်ချင်း၊မိသားစုဝင်တွေနဲ့ ဆက်ဆံရေးကိုလည်းပိုကောင်းမွန်စေပါတယ်။
✔️“အချိန်လို နေတာမဟုတ်ပါဘူး။ အာရုံစူးစိုက်မှုလိုနေတာပါ။” ဆိုတဲ့စကားဟာယနေ့ခေတ်ကိုထင်ဟပ်နေပါတယ်။ လူတွေက အချိန်မလောက်ဘူးလို့ပြောကြတာကို မကြာခဏကြားဖူးပါလိမ့်မယ်။ တကယ်တော့ အချိန်ကဒီတိုင်းပါပဲ။ (၂၄)နာရီတူတူရတဲ့အထဲမှာ ဘယ်လိုအကျိုးရှိရှိအသုံးမလဲပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။
ထိန်းချုပ်မှုနဲ့အာရုံစူးစိုက်မှုကြားကဆက်သွယ်မှုဟာတကယ်အရေးကြီးပါတယ်။
✔️ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတဲ့ အရာတွေကိုပဲ အာရုံစိုက်တဲ့အခါအချိန်နဲ့ အရင်းအမြစ်တွေကို ပိုပြီး လုံလုံလောက်လောက်စီမံခန့်ခွဲနိုင်လာပါတယ်။ အာရုံစိုက်မယ့်အရာတွေကို ချုံ့လိုက်တာဟာ အဖိုးတန်မိနစ်တိုင်း၊နာရီတိုင်းကို ဝါးမျိုနေတဲ့ အနှောင့်အယှက်နဲ့ဆူညံမှုတွေကို ရှောင်ရှားဖို့ကူညီပေးပါတယ်။
✔️အာရုံစူးစိုက်မှုကိုတိုးစေပြီး အချိန်အများစုကို အသုံးချနိုင်စေဖို့ လက်တွေ့ကျတဲ့ နည်းလမ်းတွေကတော့
1.လုပ်ငန်းဆောင်တာတွေကို သေးငယ်တဲ့အဆင့်လေးတွေအဖြစ်ခွဲလိုက်ပါ။
တာဝန်တစ်ခုဟာ ပိုပြီးသေးငယ်ပြီးစီမံရလွယ်တဲ့ အပိုင်းသေးသေးလေးတွေဖြစ်သွားတဲ့အခါ အာရုံစူးစိုက်ဖို့ပိုလွယ်ကူပါတယ်။ ရေတိုပန်းတိုင်တွေချပြီး အဆင့်တစ်ဆင့်ချင်းစီကိုအောင်မြင်ဖို့အတွက် အာရုံစိုက်ပါ။
2. သပ်ရပ်တဲ့အလုပ်နေရာတစ်ခုဖန်တီးပါ။
ရှုပ်ပွေတဲ့ ပတ်ဝန်းကျင်ဟာ ရှုပ်ပွေတဲ့စိတ်ကိုပဲဖြစ် စေပါလိမ့်မယ်။ အနှောင့်အယှက်တွေကို အနည်းဆုံးဖြစ်စေဖို့ အလုပ်လုပ်ရာနေရာကို စနစ်တကျရှိနေပါစေ။ အာရုံစိုက်ဖို့ပိုလွယ်လာတာကိုတွေ့ရပါလိမ့်မယ်။
3.(2)မိနစ်နည်းကိုကျင့်သုံးပါ။
အလုပ်တစ်ခုက (2)မိနစ်ဒါမှမဟုတ်အဲဒီထက်စောပြီးနိုင်တယ်ဆိုရင် ချက်ချင်းထလုပ်ပါ။ အလုပ်ပိစိလေးတွေပလုံစီနေပြီး အချိန်ကို ဝါးမျိုခြင်းကနေကာကွယ်ပေးပါလိမ့်မယ်။
4.စနစ်တကျဖြစ်စေဖို့toolsတွေအသုံးပြုပါ။
ပြက္ခဒိန်၊ to-do lists နဲ့ အချိန်စီမံခန့်ခွဲနိုင်တဲ့ ဆော့ဝဲတွေအသုံးပြုပြီး ကိုယ့်လမ်းကြောင်းပေါ်မှာနေပါ။ ဘာလုပ်ပြီးရမယ်ဆိုတာသိပြီး လုပ်ရမယ့်အရာတွေလည်း သိတယ်ဆိုရင် အာရုံစိုက်ဖို့ ပိုလွယ်ပါတယ်။
5.အချိန်သီးသန့်ခွဲဖို့ ဇယားဆွဲထားပါ။
ပြီးရမယ့်အလုပ်အတွက် အချိန်အတိအကျသီးသန့်ဖယ်ထားပါ။ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ချိန်းထားသလိုအဲဒီအချိန်ကို ကာကွယ်ပြီး အနှောင့်အယှက်တွေကို နည်းနိုင်သမျှနည်းအောင်လုပ်ပါ။
နောက်ဆုံးနဲ့ အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ်ကြင်ကြင်နာနာပြောဖို့ပါပဲ။
လူတွေက သူတို့ကိုယ်တိုင်ပဲ အပြင်းထန်ဆုံးဝေဖန်သူတွေဖြစ်တတ်ကြပါတယ်။အဲဒါက ကိုယ့်ကိုယ်ကိုယ် လေးစားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုကြီးမားတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အကြင်နာတရားနဲ့ ဆက်ဆံမယ်၊ပြောဆိုမယ်ဆိုရင် အလုံးစုံကောင်းဖို့နဲ့ အလုပ်ဖြစ်ဖို့မှာ သိသိသာသာတိုးတက်မှုတွေ့ရပါလိမ့်မယ်။
✔️ဒီအခန်းမှာတော့ ကိုယ်ထိန်းချုပ်နိုင်တာတွေကိုပဲ အာရုံထားဖို့ နှိုးဆော်ထားပါတယ်။ သတိတရားကိုအမြဲကပ်ထားဖို့၊ ချသင့်တဲ့ စည်းမျဉ်းတွေချဖို့၊ အာရုံစူးစိုက်မှုကိုတိုးစေဖို့၊ အကြင်နာတရားနဲ့ကိုယ့်ကိုယ့်ကိုယ်ဆက်ဆံဖို့တွေသတိရပါ။ လူတိုင်းအတွက်အပြုသဘောဆောင်ပြီး တိုးတက်မှုရှိအောင်လုပ်တဲ့သူတစ်ယောက်ဖြစ်ကြပါစို့။
Keep Reading