Author's Profile Photo

SarPhat Author

14/04/2024

ရသအက်ဆေး ကဲပြားဘဝများ

1 min read
Book Review
Art
18 Again
ရသအက်ဆေး
ကဲပြားဘဝများ's photo


နေညိုနေပြီ။ အလင်းရဲ့ တစ်ခန်းရပ် ဇာတ်ကွက်
ဇာတ်သိမ်းတော့မယ်။ငှက်တွေ ပျားပန်းခတ်လို့ အုပ်လိုက်သင်းလိုက်
ပျံသန်းနေကြပြီ။ သင်းကွဲငှက် တစ်ကောင် ၊နှစ်ကောင်လည်း
အဖော်ကိုရှာရင်းပေါ့။ရဲရဲနီပြီး ခပျမှိနျမှိနျလငျးနတေ့ဲနကေို
နောက်ခံထားပြီး ပျံသန်းနေတဲ့ ငှက်တွေရဲ့မြင်ကွင်းက ပနံသင့်လို့
လွမ်းစရာအတိပါပဲ။ ဘာဏုရာဇာဒေါင်းဖန်ဝါ နေမင်းကြီး
အနောက်မင်းဝံတောင်တန်းပေါ်မှာ ဝပ်ဆင်းအနားယူဖို့
မေးတင်နေပြီ။အလင်းရောင်တွေ အားပျော့လာနေပြီ။ဒီအချိန်ဆို လောကဓာတ်
တစ္ခုလုံးက သတ္တဝါတွေ အိမ်ပြန်ချိန်ရောက်ပြီလို့ သတိထားမိနေကြပြီ။ မကြာခင်
အလင်းရဲ့တစ်ခန်းရပ်ဇာတ်ကွက် ချုပ်ငြိမ်းတော့မယ်။မကြာဘူး။နေမင်းကြီးရဲ့
အလင်းရောင် တဖြည်းဖြည်း ပျောက်ကွယ်သွားပါပြီ။နေမင်းရဲ့အလင်းနဲ့ အပူဓာတ်
ပျောက်ကွယ်သွားတော့ လောကဓာတ်တစ်ခုလုံး အေးချမ်းသွားတာပေါ့။
အအေးဓာတ်နဲ့အတူ မှောင်ရီပျိုးပြီ။ပတ်ဝန်းကျင်က ကျေးငှက်တွေရဲ့ အသံတွေ
ပျောက်ကွယ်သွားတော့ လေသံနဲ့ လူသံသူသံတွေကို အောအောထအောင်
ကြားရပြီဆိုတော့ ညီအစ်ကို မသိတသိအချိန်ပေါ့။၀န်းကျင်တစ်ခုလုံး
၀ိုးတဝါးဖွဈသှားပမေဲ့ ကျွန်တော် အိမ်မပြန်နိုင်သေးပါဘူး။အိမ်ပြန်ဖို့
ပြင်ရင်း ကျွန်တော် လမ်းဘေးတစ်လျှောက်မှာ ဘူးစုတ်၊ခွက်စုတ်တွေကို
ဆာလာအိတ်နဲ့ လိုက်ကောက်နေတုန်းပါ။ပြောရင်းဆိုရင်း ဘူးစုတ်လေးတွေ
တွေ့ပြန်ပြီ။ငှက်တွေတောင် အိပ်တန်းရောက်လောက်ပြီ။ကျွန်တော်
အိမ်မပြန်နိုင်သေးဘူူး။လမ်းဘေးတစ်လျှောက် တစ်နေကုန်ကောက်တာတောင် ဆာလာအိတ်
မပြည့်ချင်သေးပါဘူး။ပြည့်အောင် ဆက်ကောက်ရအုံးမယ်။
ဘူးစုတ်၊ခွက်စုတ်ကလည်း ရှားလာပါပြီ။နေရာတိုင်းမှာ မရှိတော့လို့
ကားလမ်းဘေး လိုက်ကောက်နေရတဲ့ အဖြစ်ပါ။သက်ပြင်းတစ်ချက်
မှုတ်ထုတ်လိုက်မိတယ်။ပြီးတော့ ကျွန်တော့်ဂေဟာလေးက အမေ့မျက်နှာ
ပြန်မြင်မိတယ်။ သားတစ်အိတ်ပြည့်မှ အမေတို့သားအမိ နှစ်ယောက် ထမင်း
စားရမှာနော်တဲ့။ ညေနစာ ချက်ဖို့ အေမ မျှော်ရှာရောမယ်။ဒါပေမဲ့
အိတ်မပြည့်သေးလို့ ဒိုင်သွင်းရင် ငွေနည်းမှာ စိုးရသေးတယ်။တစ်အိတ်ပြည့်မှ
တစ်ထောင်ငါးရာ နှစ်ထောင် ရမှာဆိုတော့ ပြည့်မှကို ဖြစ်မယ်။အမေ ထမင်းလည်း
ဆာရောပေါ့။ခါတိုင်းဆို အမေလည်းပါတော့ တစ်အိတ်တော့
အသာလေးပြည့်တာ။ကျွန်တော်တစ်ယောက်ထဲဆိုတော့ မပြည့်နိုင်သေးဘူး။တမြန်နေ့ထဲက
အေမ ကျွန်တော့်နဲ့ ဘူးစုတ်၊ခွက်စုတ် လိုက်မကောက်နိုင်တော့တာ။အမေ
ခေါင်းတွေ မူးလို့တဲ့။အမေ ခေါင်းမူးလည်း မူးတော့မှာပါ။ကျွန်တော်
ငါးနှစ်သားလောက်ထဲက အဖေဆုံးသွားတာတဲ့။ အဖေမဆုံးခင်ကလည်း အဖေနဲ့အမေ
ဘူးစုတ်၊ခွက်စုတ်ကောက်ရတာတဲ့။ အဖေဆုံးပြီးတော့လည်း
အမေကောက်ရတုန်းလေ။နေပူတွေထဲ သွားရပါများတော့ အမေလည်း
ဒဏ်တွေပေါ်ပြီပေါ့။အခုတော့ ကျွန်တော့်အလှည့်ရောက်လာပြီ။ နွေခေါင်ခေါင်
မိုးကာတဲလေးထဲမှာ အေမ နေမှကောင်းရဲ့လား။မဖြစ်သေးဘူး။ ဒါလေးတွေ ဒိုင်ဆီ
အမြန်သွင်းပြီး လစ်မှ။တဲထဲ၀င်လိုက်တော့ အမေလဲနေလို့
ထိတ်ခနဲဖြစ်မိတယ်။မကြာဘူး။အမေ့ဆီက အသံကြားရလို့ စိတ်အေးသွားရတယ်။ သား
အိမ်ပြန်ချိန်နောက်ကျမယ်ဆိုတာ အမေသိတယ်တဲ့။အမေနေကောင်း လားမေးတော့
အမေနေကောင်းတယ်တဲ့။ကျွန်တော် အမေမပါရင် နောက်နေ့လည်း
အိမ်ပြန်နောက်ကျနေအုံးမှာပါ။ကျွန်တော်လို အိမ်ဘေးနားက ဘ၀တူလေးတွေလည်း
အိမ်ပြန်ချိန် နောက်ကျတာ မဆန်းပါဘူး။အဖော်ကွဲငှက်တွေတောင် အိပ်တန်းပြန်
နောက်ကျသေးတာပဲ။သားတို့ကလည်း တခြားလူတွေနဲ့ ဘ၀အခြေအနေတွေ မတူတော့
အိမ်ပြန်ချိန်နောက်ကျတာပေါ့။သားတို့ကလည်း အဖော်ကွဲငှက်တွေလိုပဲ ဘ၀ကွဲတဲ့
လူတွေလေ။သားတို့တွေ ကျောင်းတက်ဖို့မပြောနဲ့ စား၀တ်နေရေးတောင်
အနိုင်နိုင်ပါ။ဘယ်လိုပဲဖြစ်ဖြစ် သားတို့က ဘ၀ကွဲတဲ့ လူတွေကိုး။

နန္ဒမန်းကြယ်(တွင်းငယ်)

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအင်တာနက်နဲ့ လူနေမှုဘဝ ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်