Author's Profile Photo

Nicolette

13/04/2024

အားလပ်ရက်မှာ ကောင်းကောင်းအနားယူနိုင်ဖို့

1 min read
Life Style
Health
18 Again
အားလပ်ရက်မှာ ကောင်းကောင်းအနားယူနိုင်ဖို့'s photo

မှန်ကန်တဲ့နည်းလမ်းနဲ့ အနားယူဖို့က အရမ်းအရေးကြီးပါတယ်။


အနားယူရမယ့် အချိန်မှာ အပြည့်အဝ အနားယူနိုင်မှ စိတ်ပင်ပန်းတာတွေ ပြေပျောက်မှာပါ။

အခုလို အားလပ်ရက်ရတဲ့အချိန်မှာ ကောင်းကောင်းအနားယူပြီးတော့


အလုပ်တွေပြန်ဖွင့်တဲ့အချိန် ကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာ


အာရုံစိုက်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။



အဆက်အသွယ်ခဏဖြတ်ပါ


အားလပ်ရက်မှာ ကိုယ့်ကို အာရုံနောက်စေမယ့် လူတွေ၊ အလုပ်တွေ ကို ခဏအဆက်အသွယ်ဖြတ်ပါ။


အလုပ်ထဲက mail တွေ ၊ စာတွေကို ဝင်မဖတ်ပါနဲ့ နားရမယ့်အချိန်မှာ ကောင်းကောင်းနားပါ။


နားပူစေမယ့်သူတွေနဲ့လဲ ခဏဝေးဝေးနေလိုက်ပါ။


Facebook ထဲက စိတ်ညစ်စရာတွေကိုလဲ မဖတ်ပါနဲ့တော့။



တကယ်အပန်းပြေမယ့် အလုပ်တွေကိုလုပ်ပါ


အပင်လေးတွေစိုက်တာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ၊ စာအုပ်ဖတ်တာ စတဲ့ ကိုယ်တကယ်စိတ်ဝင်စားတဲ့ ပေါ့ပေါ့ပါးပါးလုပ်လို့ရတဲ့ အလုပ်တွေကို လုပ်ပါ။


အားကစားလုပ်ရတာကြိုက်ရင်လဲ အရမ်းမပင်ပန်းတာမျိုးကို ရွေးချယ်ပြီး လုပ်ပေးပါ။



စိတ်တည်ငြိမ်အောင်လေ့ကျင့်ပါ


အနားရတဲ့အချိန်လေးမှာ နာရီဝက်လောက်တော့ ယောဂကျင့်တာ၊ တရားထိုင်တာမျိုးလုပ်ကြည့်ပါ။


အသက်ကို ခပ်ပြင်းပြင်း ရှုသွင်း ရှုထုတ်တာမျိုးလေး လုပ်ကြည့်ပါ။



လမ်းလျှောက်ပါ


ညနေခင်း အပြင်ခဏလောက်ထွက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ကာ ခပ်ဖြည်းဖြည်းလေး လမ်းလျှောက်ကြည့်ပါ။ (ခါးပိုက်နှိုက်တွေကိုလဲ သတိထားပါ။)



ကိုယ့်ကိုကိုယ် အချိန်ပေးပါ


Skincare သေချာလုပ်ပေးတာမျိုး ၊ Spa သွားတာမျိုလုပ်ပါ။ Spa သွားဖို့ အဆင်မပြေရင်လဲ ကိုယ့်ကိုကိုယ် နှိပ်ပေးတာမျိုး လုပ်ပါ။


ကောင်းကောင်းအိပ်စက်ပါ။ အားလပ်ရက်ဖြစ်တဲ့အတွက် အိပ်ရေးဝအောင် အိပ်ပါ။



တစ်ယောက်နဲ့တစ်ယောက် အပန်းဖြေတဲ့ ပုံစံခြင်းတော့ တူကြမှာမဟုတ်ပါဘူး။


ဒါပေမယ့်လဲ အားလပ်ရက်ရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် မပင်ပန်းစေဘဲ အားလပ်ရက် ကုန်သွားတဲ့အချိန်မှာ အားပြည့်နေဖို့ ဂရုစိုက်ပါ။


ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမိုလို အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်