Author's Profile Photo

ဧဝရ

13/04/2024

ကျောင်းသားတွေအတွက် အရေးကြီးတဲ့စာတွေ ဦးနှောက်ထဲကို စွဲနေစေဖို့

1 min read
ကျောင်းသားတွေအတွက် အရေးကြီးတဲ့စာတွေ ဦးနှောက်ထဲကို စွဲနေစေဖို့'s photo

အရေးကြီးတဲ့စာတွေ ဦးနှောက်ထဲကို စွဲနေစေမယ့် Neuroscience Hack လေးချက်


(1) ဦးနှောက်ကို ရုတ်တရက်လှုံ့ဆော်
ခြင်း

အလယ်ခေတ်တုန်းက ကလေးတွေဟာ အရေးပါတဲ့ စာတွေကို ကျက်ပြီးတဲ့နောက်မှာ ရေခဲမတတ် အေးနေတဲ့ မြစ်ထဲကို ပစ်ချခံရပါတယ်။ သူတို့ရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးလိုက်တာပါ။ အံ့ဩစရာ ကောင်းလောက်အောင်ပဲ ဒီနည်းက အလုပ်ဖြစ်ခဲ့ပါတယ်။ ဦးနှောက်ထဲက Adrenaline ရုတ်ချည်းမြင့်တက်မှုက ကိုယ်လေ့လာခဲ့တဲ့ အချက်အလက်တွေကို ဦးနှောက်ထဲ နစ်ဝင်အောင် ရိုက်သွင်းလိုက်တာကြောင့်ပါ။ အဲ့နည်းနဲ့ ကလေးတွေဟာ အရေးကြီးတဲ့ စာတွေကို မမေ့တော့ပါဘူး။

ဒီနည်းကို ကျင့်သုံးချင်ရင်တော့ ခေါင်းပေါ်ကနေ ရေခဲရေသွားလောင်းမချပါနဲ့။ဒီရာသီဥတုကြီးနဲ့ အပူရှပ်ပြီး ခရစ်တော်၌ အိပ်ပျော်နေပါအုန်းမယ်။ ရေအေးအေးလေးနဲ့ ခေါင်းပေါ်က လောင်းချိုးတာမျိုးပဲ လုပ်ပါ။ ခံနိုင်ရင်တော့ ရေခဲရေနဲ့ စပ်ချိုးပါ။ နေ့ခင်းဘက်တွေ မလုပ်ပါနဲ့။



(2) စာလုပ်ချိန် အတိုအထွာလေးတွေနဲ့ စာကျက်ပါ

အကြာဆုံး ထားသင့်တဲ့ စာဆက်တိုက်လုပ်ချိန်က 45 မိနစ်ပါ။အဲ့ထက်ကျော်ရင် Burn out ဖြစ်တတ်ပါတယ်။ အဲ့တာကြောင့် စာဆက်တိုက်လုပ်ချိန်တွေ ကြားမှာ break time တွေ ထားထားပေးသင့်ပါတယ်။ဒီ Hack အတွက် အသင့်တော်ဆုံးကတော့ Pomodoro Technique ပါပဲ။ Pomodoro အကြောင်း ရေးပြီးသား content ရှိတာမို့ ကျွန်တော့်ရဲ့ Telehram Channel မှာ လာဖတ်ကြည့်လို့ရပါတယ်။



(3) တရေးတမော အိပ်ချိန်လေးတွေ ထားပေးပါ

လေ့လာသမျှ အချက်အလက်တွေဟာ ကျွန်တော်တို့ အိပ်စက်တဲ့အချိန်အတွင်းမှာသာ Coding ပုံစံမျိုးနဲ့ ရေရှည်မှတ်ဥာဏ်ထဲ သွင်းပေးတာပါ။ စာလုပ်ပြီးချိန်တိုင်း သိပ်မကြာတဲ့ တရေးတမောအိပ်ချိန်လေးတွေ ထည့်ပေးမယ်ဆိုရင် ကိုယ်ကျက်ထားတဲ့ လေ့လာထားတဲ့ စာတွေ မှတ်မိမှာ သေချာပါတယ်။



(4) Feynman's Technique ကို ကျင့်သုံးပါ

ကိုယ်လေ့လာလို့ သိလိုက်ရသမျှ အားလုံးကို နားမလည်တဲ့သူငယ်ချင်းကို နားလည်အောင် ပြန်ရှင်းပြပါ။ဒါမှမဟုတ် စိတ်ကူးယဉ် သူငယ်ချင်းကို ရှင်းပြပါ။ကိုယ်သိသမျှကို ပြန်ရှင်းပြတာဟာ ကျွန်တော်တို့ရဲ့ Concept တစ်ခုအပေါ် နားလည်နိုင်စွမ်းကို ပိုပြီး upgrade လုပ်ပေးနိုင်ပါလိမ့်မယ်။
-------


ကျွန်တော့်ရဲ့ Telegram Channel တွေမှာ ဒါတွေနဲ့ ပတ်သတ်ပြီး Sharing လုပ်ပေးနေတာဖြစ်ပါတယ်။ဒါတွေကို စိတ်ဝင်စားလို့ ပိုဖတ်ချင်ရင်တော့ အောက်က ဒုတိယမြောက် Link ကို နှိပ်ပြီး ကျွန်တောိ့ Channel ထဲမှာ လေ့လာလို့ရပါတယ်

Join my channels....

My Personal Growth Channel
https://t.me/+vLM6uvASnWsyYWNh

Helping the students with their studies
https://t.me/+pxzriodSwFthNTdl

My Personal Blog
https://www.sarphat.com/authors/6566

Keep Reading