Monologue By Mon
စိတ်နဲ့ရုပ် နှစ်မျိုးလုံး ပေါင်းပြီး မှ တစ်နေ့တာကို အကောင်းဆုံးရှင်သန်ကြရတဲ့ လူတွေဟာ
စိတ်ပိုင်းဆိုင်ရာ ပဲဖြစ်ဖြစ်
ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်
အရမ်းကို မောပန်းမှန်းမသိ မောပန်းသွားတက်ကြပါတယ်။
အဲ့လိုတွေ ဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ စိတ်နဲ့ ရုပ်ဟာ Balance မဖြစ်တော့ဘူး
အဲ့လိုအချိန်မှာ ပြသာနာ လို့ တွေးထားတဲ့ အရာတစ်ခုခုကို ပဲ စိတ်က Focus သွားသွားလုပ်နေတက်တယ်။
တကယ်လို့ အဲ့လိုအချိန်မှာ ကိုယ်က Self-confidence , Self-esteem အားနည်းလေ့ရှိတဲ့သူဆိုရင်
အခက်အခဲထဲကနေ ရုန်းဖို့ သူ့အတွက် ခက်ခဲတက်တယ်။
အဲ့အချိန်မှာ Rebound Effect သဘောတရားလိုပဲ အတင်းကိုယ့်စိတ်ကို ဖိအားပေးပြီး ငါ ဒါကို လုပ်ကိုလုပ်ရမယ် ၊ ဒါကို မလုပ်ရဘူး လို့ ဖိချလိုက်တဲ့အခါ အဆင်မပြေသွားပဲ ပိုပြီး နောက်ထပ် Pressure တစ်ခုပါ ထပ်ပိသလို ဖြစ်ပြီး လူက နလံမထူတော့တာမျိုး ဖြစ်တက်ပါတယ်။
ဒါကြောင့် ဒီလို အခြေအနေမှာ အလုပ်သင့်ဆုံးက စိတ်ကို ဘာမှ မတွေးပဲ ခဏလျော့ထားလိုက်တာပါပဲ။ ပြီးတော့ စိတ်သက်သာစေမယ့် အရာတွေကို လုပ်ကြည့်သင့်တယ်။
ကိုယ်ကြုံနေရတဲ့ ပြသာနာရဲ့ မှားတာ ၊ မှန်တာ ကို ခဏဘေးချိတ်ထားလိုက်ပါ။ ( လူဖြစ်နေတဲ့အတွက် ပြသာဆိုတာ ရှိလာရင် တစ်ချိန်( သို့ ) တစ်ချိန်တော့ ကိုယ်ကဖြေရှင်းဖို့ကြိုးစားရမှာပဲလေ။ ဒါပေမယ့် ပင်းပန်းနွမ်းနည်နေတဲ့ စိတ်မှာ ပြသာနာကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် ခွန်အား ရှိမနေမှာ အသေအချာပါပဲ ။ အဲ့တော့ စိတ်ကို အရင် အားပြန်မွေးရပါမယ်။ )
ပြီးသွားပြီ စိတ်က အေးသင့်သလောက်အေးသွားပြီဆိုမှ ပြသာနာကို ရှုထောင့်တစ်ခုချင်းစီကနေ ပြန်စဥ်းစားပါ။
(၁) ကိုယ်ပြသာနာလို့ထင်နေတဲ့ ပြသာနာ တစ်ကယ်တည်ရှိနေတာလား ? ကိုယ်ထင်နေတာလား ?
(၂) တကယ်ရှိနေတာဆိုရင် ကိုယ်က အဲ့ပြသာနာပေါ်မူတည်ပြီး ဘယ်လို Result ကိုရချင်တာလဲ ? ဆိုတာနဲ့ တကယ့်ရသင့်တဲ့ ရလဒ်အမှန်က ဘာလဲ ? ဆိုတာ ပြန်တွေးပါ။
(၃) နောက်တစ်ချက်က ကိုယ်က ဖြစ်ချင်တာကိုရွေးချင်တာလား ? ဖြစ်သင့်တာကိုရွေးချင်တာလား ? ဆိုတာကို ပြန်မေးပါ။
(၄) ဒါတွေကို တွေးပြီးရင် ကိုယ်တန်ဖိုးထားတဲ့ အရာက ဘာလဲ ? ပြီးတော့ မဖြစ်မနေ ကိုယ်တန်ဖိုးထားပေးသင့်တာက ဘာတွေလဲ ? ဆိုတာ ကို သေချာ စဥ်းစားဆုံးဖြတ်ပါ။
(၅) ပြီးရင် ပြသာနာအတွက် အဖြေကို မရှာခင်မှာ ပြသာနာကိုဖြေရှင်းရာမှာ ပါဝင်တဲ့ အရာတွေအတွက် - မျှတတဲ့ အတွေး ၊ စာနာထောက်ထားမှု ၊ လေးစားမှု ၊ တန်ဖိုးထားမှု ၊ အကောင်းမြင်မှု ၊ ချစ်မြတ်နိုးမှုတွေကို ကို ထည့်စဥ်းစားပေးပါ။ ဒါဆိုရင် ကိုယ့်ရဲ့ Final Decision က အရာအားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် အဖြေကို ဦးတည်သွားပါလိမ့်မယ်။
အဲ့ကျမှ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချသင့်ပါတယ်။
(၆) ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်ပါ။ အဲ့လိုလုပ်တဲ့ အခါမှာ
-ကိုယ့်ကိုယ်ကို ချစ်ဖို့မမေ့ပါနဲ့။
-ကိုယ့်ကိုယ်ကိုယုံဖို့မမေ့ပါနဲ့။
-ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ မမေ့ပါနဲ့။
-ကိုယ့်ရဲ့ အကောင်းမြင်စိတ်ကို မမေ့ပါနဲ့။
-ကိုယ့်ရဲ့ မှန်ကန်တဲ့ ပျော်ရွှင်မှုကို ပါအောင်သယ်သွားပါ။
*ဘဝမှာ ရှင်သန်ရတာ လွယ်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေကြုံတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ ကျော်ဖြတ်တက်အောင် ကြိုးစားရတာပဲ ခက်တာပါ။
*မှန်ကန်တဲ့ပျော်ရွှင်မှုကပဲ မှန်ကန်တဲ့ ဘဝရဲ့ အေးချမ်းမှုကိုပေးတာပါ။
Keep Reading