Author's Profile Photo

Noble

13/04/2024

‘သင့်ကလေး ရင်ထဲ….ဆူး မရှိစေဖို့ရာ…....’

1 min read
Life Style
Personal Development
General Knowledge
‘သင့်ကလေး ရင်ထဲ….ဆူး မရှိစေဖို့ရာ…....’'s photo


မိဘ ဖြစ်ဖို့ ဆိုတာ….. သိပ်ကို ခက်ခဲတဲ့ အရာတစ်ခုပါ…. လွယ်လွယ်စဉ်းစားကြတဲ့ သူတွေလည်း ရှိကောင်းရှိကြမယ် ဆိုပေမယ့် တကယ်တော့… သိပ်ကို တာဝန်ကြီးတာပါပဲ… လူသားတစ်ယောက်က်ို လောကကြီးထဲ ခေါ်ဆောင်လာခဲ့ပြီး… သုည ဆိုတဲ့ ဘဝကနေ တစ်စုံတစ်ခုသော ဘဝဖြစ်ဖို့ မိဘတွေက ဖန်တီးပေးရတာကိုး……

ဒါ့ကြောင့် ကလေးတစ်ယောက်အတွက် ငွေအားရော လူအားပါ အားစိုက်ပေးနိုင်ဖို့ မိဘတွေအနေနဲ့ ကြိုးစားရပါတယ်။ ဒီအချိန်မှာ အဖက်ဖက်ကနေ ကြုံလာနိုင်တာကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါပဲ။ အထူးသဖြင့် အလုပ်တစ်ဖက်နဲ့ ကလေးထိန်းရတဲ့ မိဘတွေ၊ နှစ်ယောက် တာဝန်ကို တစ်ယောက်ထဲ ထမ်းနေရသူတွေနဲ့ ချို့တဲ့သူတွေဆိုရင် ပိုလို့တောင် စိတ်ဖိစီးရပါတယ်။

ဒီစိတ်ဖိစီးမှုတွေကနေ ဖြစ်တည်လာတဲ့ စိတ်ရောလူပါ ပင်ပန်းမှုတွေဟာ ကလေးနဲ့ အတူ ရှိချိန်မှာပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ကလေးအနားမှာ ရှိနေပေမယ့် ကလေးနဲ့ စကားမပြောဖြစ်တာ၊ ကလေးကို ပျော်ရွင်မှုတွေ မဖန်တီးပေးဖြစ်တာ၊ ရယ်စရာ ဟာသတွေ ပြောပြီး အတူတူ မရယ်ဖြစ်ကြတော့တာ အပြင် အဆိုးဆုံးကတော့ ကလေးအပေါ် စိတ်မရှည်ဖြစ်လာတာ အော်ငေါက်တာတွေ အဆုံးပါပဲ…..

ကလေးကို ဆူငေါက်၊ အော်ဟစ်ပြီးမှ ပြန်သနားတတ်ကြတာ မိဘ နေရာ ရောက်ဖူးတဲ့သူတိုင်း ခံစားဖူးကြမှာပါ။ အခုလို အစစအရာရာ ခက်ခဲနေတဲ့ ကာလမှာဆို မကြာခဏ ဆိုသလို ကလေးတွေကို အော်ငေါက်မိနေကြရင်း မိဘတွေကို အပြစ်ရှိသလို ခံစားလာရစေပါတယ်။ အမှတ်မထင် ကိုယ်ပြောလိုက်တဲ့ စကား၊ လုပ်မိလိုက်တဲ့ အပြုအမူ အသံနေအသံထားကအစ ကလေးအတွက် စိတ်ဒဏ်ရာ မဖြစ်သွားစေဖို့ သိပ်ကိုအရေးကြီးပါတယ်….. .

တခါတလေ မိဘတွေအနေနဲ့ လွှတ်ခနဲ ထွက်သွားတဲ့ ဘယ်လို စကားတွေက ကလေးတွေကို နာကျင်စေတာလဲ?

? နင့်ကြောင့်ပဲ ငါအခုလို ပင်ပန်းဆင်းရဲနေရတာ…..

? အလုပ်သိပ်ရှုပ်တာပဲ …..

? ကလေးယူမိလို့ တကယ်နောင်တရတယ်…..

? ကလေးအမေ ဖြစ်နေလို့ မလုပ်နိုင်တာ… မသွားနိုင်တာ….

? ကလေးတွေဟာ တကယ် စိတ်ဒုက္ခပေးတာပဲ….

? နင့်အတွက် ပိုက်ဆံရှာနေရတာ…. အတူတူ အချိန်ဖြုန်းဖို့ မဖြစ်နိုင်ဘူး……

?အလုပ်က ပင်ပန်းတာက တမျိုး… နင်တို့က တစ်မျိုး….

မိဘတွေဟာ ဒီလို စကားလုံးတွေကို တစ်နေ့တာရဲ့ ပင်ပန်းမှုနဲ့ စိတ်ခံစားချက်တွေအရ ပြောမိတတ်ကြပါတယ်။ ကလေးတွေ အတွက်ကတော့ ဒါတွေဟာ စကားလုံးအနေနဲ့တောင် သိပ်ကို နာကျင်ရတာဆိုတော့… အပြုအမူအရ ရိုက်နှက် ပြောဆိုတာဆိုရင်တော့ ကလေးရင်ထဲမှာ ဆိုဖွယ်ရာ မရှိ ထိခိုက်နိုင်ပါတယ်…..

ဒီနာကျင်မှု ထိခိုက်မှုတွေဟာ… ကလေးရဲ့ ငယ်ဘဝ ကစလို့ အသက်အရွယ်ရတဲ့အထိ သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ကျွန်မတို့ ကိုယ်တိုင်လဲ ငယ်ရာကကြီးလာကြသူတွေဖြစ်လို့ ကိုယ့်ကြောင့် မိဘတွေ ရုန်းကန်ခဲ့ရတာ၊ ပင်ပန်းခဲ့ရတာ မြင်ရရင် ဝမ်းနည်းမိတာပါပဲ…. ကလေးတွေမှာလည်း ဒီလို ခံစားချက်တွေ ရှိနေနိုင်မယ်ဆိုတာ မိဘတွေရင်ထဲမှာ ခံစားနိုင်စေဖို့ မျှဝေလိုက်ရပါတယ်

ကလေးငယ်တိုင်းဘဝ ပျော်ရွှင်နိုင်ပါစေ….


Pharmacist Noble

#PharmacistNoble
#sharingmypassion
#Parenting

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)