Author's Profile Photo

SarPhat Author

11/04/2024

အတွေ့အကြုံကဉာဏ်ပညာကိုဖန်တီးတယ်။ ဉာဏ်ပညာကယုံကြည်မှုကိုဖန်တီးတယ်။ ယုံကြည်မှုက အောင်မြင်မှုကိုဖန်တီးတယ်။

1 min read
Life Style
Personal Development
Entrepreneurship
အတွေ့အကြုံကဉာဏ်ပညာကိုဖန်တီးတယ်။ ဉာဏ်ပညာကယုံကြည်မှုကိုဖန်တီးတယ်။ ယုံကြည်မှုက အောင်မြင်မှုကိုဖန်တီးတယ်။'s photo

Personal development နဲ့ အောင်မြင်မှုမှာ အဓိကအခြေခံကုန်ကြမ်းနှစ်ခုရှိပါတယ်။ အသိပညာနဲ့ အတွေ့အကြုံပါပဲ။ အဲဒီနှစ်ခုဟာရုပ်ပုံတစ်ခုပုံပေါ်လာဖို့အတွက် ချိတ်ဆက်ဖို့ အစက်အပြောက်လေးတွေလိုကိုယ်စားပြုပါတယ်။

အစက်များကိုချိတ်ဆက်ခြင်း: အသိပညာ၏ကဏ္ဍ
အသိပညာဆိုတာ အချက်အလက်တွေရယူခြင်းနဲ့ကမ္ဘာကြီးကဘယ်လိုဆိုတာသိစေခြင်းတွေပါဝင်ပါတယ်။ အသိပညာကို စာဖတ်ခြင်း၊နားထောင်ခြင်း၊ လေ့လာဆည်းပူးခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းတွေကနေရနိုင်ပါတယ်။
အဲဒီ အစက်လေးတွေကို ရဖို့ကတော်တော်ရေးကြီးပါတယ်။ဥပမာ- ဆရာဝန်တစ်ယောက်ဟာ လူ့ခန္ဓာတည်ဆောက်ပုံသိဖို့လိုတယ်။ အဲဒီအခြေခံအချက်အလက်တွေမရှိဘဲနဲ့တော့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းပညာကို ထိထိရောက်ရောက်လေ့ကျင့်ဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခုခုကိုတည်ဆောက်ဖို့ ကိရိယာတွေတော့ရှိပြီ၊အဲဒီမှာ ‌အတွေ့အကြုံကလိုလာပါပြီ။

အစက်များကိုချိတ်ဆက်ခြင်း: အ‌တွေ့အကြုံ၏စွမ်းအား
အတွေ့အကြုံဆိုတာ အသိပညာအစက်လေးတွေကို တန်ဖိုးရှိတဲ့ ထိုးထွင်းမှုနဲ့ စွမ်းရည်တွေအဖြစ်ပြောင်းပေးနိုင်တဲ့ လှို့ဝှက်ဆန်းကြယ်တဲ့အရာတစ်ခုပါ။ အသိပညာကို တကယ့်လက်တွေ့ဘဝမှာအသုံးချပြီး ရလဒ်တွေကနေတဆင့်လေ့လာတာပဲဖြစ်ပါတယ်။
အတွေ့အကြုံယူတဲ့ဖြစ်စဉ်မှာ အမှားတွေက တင်းကျမ်းပြည့်နေတတ်ပါတယ်။ အဲဒီအမှားတွေကပဲ နက်နဲသိမ်မွေ့ပြီးထိုးထွင်းတဲ့အသိဉာဏ်ကို အနုစိတ်ပုံဖော်ပေးတဲ့ ပန်းပုပညာရှင်တွေပါပဲ။

အသိပညာကို မွမ်းမံပေးတဲ့ အတွေ့အကြုံ
အတွေ့အကြုံအမျိုးမျိုးကတဆင့် အသိပညာအစက်လေးတွေဟာ သူတို့ကိုယ်သူတို့ ပြန်ပြီး စီစဉ်ပါတော့တယ်။တချို့ အချိတ်အဆက်လေးတွေက အားကောင်းလာတယ်။ တချို့တွေကတော့ အားပျော့လာတာပေါ့။အဲဒီသိမြင်မှုဖြစ်စဉ်ဟာနေသားတကျဖြစ်အောင်ညှိနှိုင်းရင်းနဲ့တိုးတက်လာပါတယ်။ ဥပမာ-မန်နေဂျာတစ်ယောက်ဟာ ခေါင်းဆောင်မှုသီအိုရီတွေကို သိကောင်းသိလိမ့်မယ်။ ဒါပေမယ့် တကယ့်အဖွဲ့အစည်းနဲ့အလုပ်လုပ်ပြီး ဘေးကျပ်နံကျပ်ကြုံလာရတဲ့အခါသူ့အတွက်စိန်ခေါ်မှု တစ်ရပ်လိုဖြစ်ပြီး သီအိုရီတစ်ချို့ကိုလည်း လိုတိုးပိုလျှော့ မှန်မှန်ကန်ကန် ဆင်ခြင်နိုင်လိမ့်မယ်။ အတွေ့အကြုံဟာ မူလအသိပညာအပေါ် ပြည့်စုံတဲ့အလွှာတွေပေါင်းထည့်တာပါပဲ။

အတွေ့အကြုံ VS. ကျွမ်းကျင်မှု‌
အခြေအနေတစ်ရပ်ကို ရင်ဆိုင်လိုက်ရုံနဲ့ ကျွမ်းကျင်သွားပြီလို့မဆိုနိုင်ပါဘူး။ ကျွမ်းကျင်မှုဆိုတာ အတွေ့အကြုံအပေါ် ဆင်ခြင်သုံးသပ်ခြင်းနဲ့တစိုက်မတ်မတ်တိုးတက်မှုအပေါ် အခြေခံထားတဲ့ ရည်ရွယ်ချက်ရှိရှိလေ့ကျင့်မှုရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။
ကိုယ်ရည်ကိုယ်သွေးနဲ့လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုခရီးမှာ အသိပညာ အစက်တွေကောက်ယူပြီး အတွေ့အကြုံမျဉ်းနဲ့ ဆက်စပ်ဖို့အရေးကြီးပါတယ်။ အဲဒီ အသိပညာ၊အတွေ့အကြုံနဲ့ စွမ်းရည်တွေကို သိလိုစိတ်၊သန္နိဌာန်နဲ့‌လောင်စာဖြည့်လိုက်မယ်ဆိုရင်အဆုံးစွန်ကျွမ်းကျင်တတ်မြောက်မှုအဆင့်ကို
ရောက်မှာပါ။ အမြဲတမ်း စုဆောင်းပြီး ချိတ်ဆက်ကြရပါမယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်