Author's Profile Photo

Monologue By Mon

11/04/2024

စိတ်တွေ ပင်ပန်းလာတဲ့အခါ

1 min read
Life Style
စိတ်တွေ ပင်ပန်းလာတဲ့အခါ's photo

နေ့စဥ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေရတဲ့ သူတွေဖြစ်တဲ့အလျောက် လူပင်ပန်းမှုသာမက စိတ်ပင်ပန်းတာတွေလည်း ခံစားရတက်ပါတယ်။
ကျမ လည်း လူတွေထဲကလူတွေပဲဆိုတော့ စိတ်ပင်ပန်းတဲ့အချိန်တွေရှိတက်ပါတယ်။ စိတ်ပင်ပန်းလာတဲ့အခါ အာရုံစူးစိုက်ပြီး လုပ်ရတဲ့အလုပ်တွေကို သေချာ မလုပ်နိုင်တော့သလို ကိုယ့်ရဲ့ အလုပ်လုပ်နိုင်တဲ့စွမ်းရည် လည်း ကျဆင်းသွားတက်ပါတယ်။ နောက်ပြီး ဆုံးဖြတ်ချက်တွေ ချရတာမျိုးလို ဦးနှောက်သုံးပြီး လုပ်ရမယ့် အရာတွေကိုလည်း ထိရောက်အောင် မလုပ်နိုင်တော့ပါဘူး။
အဲ့တော့ စိတ်ပင်ပန်းလာပြီဆိုရင် ကျမ လုပ်လေ့ရှိတာတစ်ခုရှိပါတယ်။

အဲ့ဒါက ~
လုပ်လက်စ အလုပ်တွေကို ခဏရပ်လိုက်ပါတယ်။
ပြီးရင် (၃) မိနစ်လောက် မျက်လုံးကိုမှိတ်ပြီး အသက်ရှုတာကိုပဲ အာရုံစိုက်ပါတယ်။ (ဝင်လေထွက်လေမှတ်သလို ၊ တရားထိုင်သလိုပါပဲ )
တကယ်လို့ ကိုယ်က အလုပ်လိုနေရာမျိုးမှာဆိုရင်လည်း ကိုယ့်ထိုင်ခုံလေးမှာပဲ မျက်လုံးမှိတ်ပြီး စိတ်ကို အရင်ငြိမ်အောင်ထားပါတယ်။
ပြီးမှ အလုပ်ပြန်လုပ်ပါတယ်။
တကယ်လို့ ကိုယ်က အိမ်မှာ ၊ ဒါမှမဟုတ် သက်သောင့်သက်သာ အချိန်ပေးနိုင်တဲ့နေရာမှာဆိုရင်တော့ Relaxing Sound လို့ခေါ်တဲ့ စိတ်ကိုကြည်လင်စေတဲ့ အသံလှိုင်းပါတဲ့ အသံတွေကို YouTube မှာရှာပြီး ဖွင့်/နားကျပ်တပ်ပြီး နာရီဝက်လောက် ဝင်လေထွက်လေ ကိုပဲအာရုံစိုက်နေလိုက်ပါတယ်။ တစ်ခါတစ်လေဆိုရင်တော့ အသံကုထုံးမပါပဲ ဒီတိုင်း တစ်နာရီလောက် တရားထိုင်လေ့လည်းရှိပါတယ်။
နောက်တစ်ခုက မနက်စောစော လမ်းလျောက်တာပါ။ ဒါကစိတ်ကိုကြည်လင်စေသလို လူကိုလည်း အားပြည့်စေတယ်လို့ ခံစားရလို့ပါပဲ။
ဒါက ကျမ လုပ်လေ့ရှိတဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။ တကယ်တော့ စိတ်ပင်ပန်းလာတဲ့အခါမှာ စိတ်ကို လက်ရှိရှိနေတဲ့ ရပ်ဝန်းကနေ ပြီး နေရာလေးခဏပြောင်းပေးခြင်းအားဖြင့် အနားပေးတာမျိုးပါပဲ။ အဲ့မှာမှ တစ်ချို့က တရားထိုင်တယ်။ တစ်ချို့က ယောဂလုပ်တယ်။ တစ်ချို့က စာအုပ်ဖတ်မယ်။ တစ်ချို့ကသီချင်းနားထောင်မယ်။ တစ်ချို့က ရုပ်ရှင်ကြည့်တယ်ပေါ့နော်။
အဓိကက ဘယ်လိုလေးဆိုရင် ငါ့စိတ်သက်သောင့်သက်သာ အနားရမလဲဆိုပြီး ကိုယ်နဲ့ အဆင်ပြေမယ့် နည်းကိုသုံးပြီး စိတ်အပန်းဖြေကြတာပါပဲ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး